Wednesday, March 19, 2014

ဓမ္မပဒ ၅၁-၅၂ [ခုဒ္ဒကနိကာယ်]


၎ - ပုပ္ဖဝဂ်၊ ပန်း တရားတော်များ
၇ - ဆတ္တပါဏိဥပါသကဝတ္ထု

ယထာပိ ရုစိရံ ပုပ္ဖံ္ဖ၊ ဝဏ္ဏဝန္တံ အဂန္ဓကံ။
ဧဝံ သုဘာသိတာ ဝါစာ၊ အဖလာ ဟောတိ အကုဗ္ဗတော။
ယထာပိ ရုစိရံ ပုပ္ဖံ္ဖ၊ ဝဏ္ဏဝန္တံ သဂန္ဓကံ။
ဧဝံ သုဘာသိတာ ဝါစာ၊ သဖလာ ဟောတိ ကုဗ္ဗတော။
၅၁။ အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော (ပေါက်ပွင့် စသော) ပန်းသည် ပန်ဆင်သူ အား အနံ့တည်းဟူသော အကျိုးကို မဆောင်နိုင်သကဲ့ သို့ ကောင်းစွာ ဟောကြားတော်မူအပ်သော (ပိဋကတ်) စကားတော်သည်
မလိုက်နာ မကျင်ြ့ကံသူအား အကျိုးကို မဆောင်နိုင်။
၅၂။ အဆင်း အနံ့ ပြည့်စုံ၍ တင့်တယ်လှပသော စပယ် စကား စသော ပန်းသည် ပန်ဆင်သူအား အနံ့တည်းဟူသော အကျိုးကို ဆောင်နိုင် သကဲ့ သို့ ကောင်းစွာ ဟောကြားတော်မူအပ်သော (ပိဋကတ်) စကားတော်သည် လိုက်နာ ကျင့်ကြံသူအား အကျိုးကို ဆောင်နိုင်၏။
 

Posted by ဉာဏ်ဦး

No comments:

Post a Comment