Saturday, July 6, 2013

ဓမ္မပဒ ၂၆-၂၇ [ခုဒ္ဒကနိကာယ်]


၂ - အပ္ပမာဒဝဂ်၊ မမေ့လျော့ခြင်း တရားတော်များ
၎ - ဗာလနက္ခတ္တဝတ္ထု
ပမာဒမနုယုဉ္ဇန္တိ၊ ဗာလာ ဒုမ္မေဓိနော ဇနာ။ 
အပ္ပမာဒဉ္စ မေဓာဝီ၊ ဓနံ သေဋ္ဌံဝ ရက္ခတိ။
မာ ပမာဒမနုယုဉ္ဇေထ၊ မာ ကာမရတိသန္ထဝံ။
အပ္ပမတ္တော ဟိ ဈာယန္တော၊ ပပ္ပေါတိ ဝိပုလံ သုခံ။
၂၆။ ပညာမဲ့၍ မိုက်သော သူတို့သည် မေ့လျော့မှုကို အားထုတ်ကြ
ကုန်၏။ ပညာရှိသည်ကား မမေ့လျော့ခြင်းကို အမြတ်ဆုံး ဥစ္စာကဲ့သို့
စောင့်ရှောက်၏။
၂၇။ ထို့ကြောင့် သင်တို့သည် မေ့လျော့မှုကို အားမထုတ်ကြကုန်လင့်။ ကာမတို့၌ မွေ့လျော်မှုဟု ဆိုအပ်သော တဏှာနှင့် အကျွမ်းဝင်မှုကို အားမထုတ် ကြကုန်လင့်။ အဘယ့်ကြောင့်ဆိုသော် မမေ့မလျော့ (သမထ၊ ဝိပဿ နာဈာန် နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်တတ်သော
သူသည် မြတ်သော (နိဗ္ဗာန်) ချမ်းသာသို့ ရောက်နိုင်သောကြောင့် တည်း။
 
Posted by ဉာဏ်ဦး

No comments:

Post a Comment