Thursday, July 18, 2013

ထေရဝါဒဟောဓမ္မ (၁၈)


ဉာဏောဘာသ၊ အရှင် (သဇင်ရေကျော် ဆရာတော်)။ ဇာနတော ပသတော။ [ခုနှစ်မပါ]
"ဝါသီဇတ သုတ္တန်" ကို ကိုးကားလျက်၊ အာသဝေါတရားတို့ကို အဆင့်ဆင့်ပယ်ပုံကို ရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။
ဉာဏောဘာသ၊ အရှင် (သဇင်ရေကျော် ဆရာတော်)။ ပင့်ကူနေ နည်း ပမာမှီး။ [ခုနှစ်မပါ]
ကမ္မဋ္ဌာန်းနှစ်မျိုး၊ တရားအားထုတ်ရာတွင် ပင့်ကူ၏ အပြုအမူကို မည်သို့ အတုယူရမည့် အကြောင်းကို ဖေါ်ပြဟောကြားထား သည်။  တရားနာပါ။
နာဂိန္ဒာလင်္ကာရ၊ အရှင် (မင်းကွန်းဓမ္မစေတီ ဆရာတော်)။ တရားနာ ရသော အကျိုး။ ရေး၊ ၁၃၇၁။
ဗုဒ္ဓ၏ ဂုဏ်တော်တစ်ဆယ့်သုံးခု ပါရှိသည့် ဘုရားရှိခိုးနှင့် တရားနာ ရသော အကျိုးငါးမျိုးတို့ကို ဖေါ်ပြဟောကြားထား သည်။  တရားနာပါ။
နာဂိန္ဒာလင်္ကာရ၊ အရှင် (မင်းကွန်းဓမ္မစေတီ ဆရာတော်)။ သာသနာ့
ရေသောက်မြစ်။ မော်လမြိုင်၊ ၁၃၇၁။

စနေနေ့ ဖွားဗုဒ္ဓ လေးဆူ၊ သာသနာသုံးရပ်၊ ဘုန်းကြီးကျောင်း ပညာ သင်ရေး၊ သာသနာကွယ်ခြင်း အကြောင်းငါးပါး၊ ဒါနနှင့် ဓါရဏပရိတ် ရွတ်ဆိုခြင်းနှင့် သက်ဆိုင်သောမေးခွန်းများအား
ဖြေကြားချက်စသည်တို့ ပါဝင်၏။  တရားနာပါ။
ဝိဇယ၊ အရှင် (မူလဓမ္မ ဆရာတော်)။ အမှားဆုံးနှင့် အမှန်ဆုံးတရား။ [ခုနှစ်မပါ]
တရားသဘောကို ရှုကြည့်နည်းကို ရှင်းပြထားသည်။ တစ်ဖန်
ကျေးဇူးရှင် ဆယ်ဦး၊ ကျေးဇူးဆပ်ခြင်း၊ အမြင်မှန်၊ အမှားဆုံးနှင့် အမှန်ဆုံးတရားတို့ကို လယ်သမားညီနောင်ဇာတ်ကြောင်း ဥပမာပြဖြင့် ဟောကြားထားသည်။  တရားနာပါ။
ဝိဇယ၊ အရှင် (မူလဓမ္မ ဆရာတော်)။ အဝိဇ္ဇာနှင့် ဝိဇ္ဇာ။ အမရပူရ၊ ၁၃၆၈။
ဝိဇ္ဇာနှင့် အဝိဇ္ဇာတို့ကို ထင်ရှားပေါ်လွင်အောင်ဖေါ်ပြထားပြီး၊ သစ္စာလေးပါးကိုလည်း ဟောကြား ထားသည်။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment