Sunday, June 9, 2013

ထေရဝါဒ ဟောဓမ္မ (၁၅)


ရေဝတ၊ အရှင် (ဖားအောက်တောရ)။ လူတွေ ဘာလုပ်နေကြသလဲ။ ၂၅ ဧပြီ ၂ဝဝ၅။ 
စူဠကမ္မဝိဘင်္ဂသုတ်နှင့် သြဃသရဏသုတ် တို့ကို ကိုးကား
လျက် ကံသည် ကိုယ်ပိုင်ဥစ္စာ၊ အမွေခံဥစ္စာ၊ အကြောင်းရင်း၊ မိတ်ဆွေ
ကောင်းနှင့် လဲလျောင်းရာတို့ နှင့် တူကြောင်းကို ရှင်းပြထားပြီး၊ သြဃလေးပါးနှင့် ယင်းတို့ကို ဗုဒ္ဓကျော်လွှား
နိုင်ခဲ့ပုံများကို ဟောကြားထားသည်။  တရားနာပါ။
ရေဝတ၊ အရှင် (ဖားအောက်တောရ)။ အသက်ကြီးလာတဲ့အခါ။ ၁၈ မေ ၂ဝဝ၆။
လူကြီးနှင့် လူငယ် အဆင့်အတန်းကို ဓမ္မသဘောအရ
သတ်မှတ်ခြင်း၊ ကြီးရင့်ခြင်း နှစ်မျိုးနှင့် ဓမ္မသဘောနှင့်အညီ
လူကြီးဖြစ်အောင်နေနည်း တို့ကို ဟောကြားထားသည်။ 
တရားနာပါ။
ဝိစိတ္တသာရာဘိဝံသ၊ ဦး (မင်းကွန်းဆရာတော်)။ မေတ္တာဘာဝနာ။ ၁၃၅ဝ။
သတ္တ၀ါတို့ သည်အဘယ်ကြောင့် လောဘ၊ ဒေါသ၊
မောဟ၊ အပါယ်နှင့် ဒုက္ခမီးများဖြင့် လောင်ကျွမ်းနေ

ကြကြောင်း၊ မေတ္တာဘာဝနာပွားများခြင်း၏ ရည်ရွယ် ချက်၊ မေတ္တာပွားနည်း နှစ်မျိုး_၁။ အရပ်ဆယ် မျက်နှာ သို့ မေတ္တာပွါးနည်းနှင့် ၂။ မေတ္တသုတ် လာ မေတ္တာပွား
နည်း တစ်ဆယ့်တစ်နည်းတို့ကို ရှင်းလင်းဖေါ်ပြ ဟော
ကြားထားသည်။  တရားနာပါ။
ဝိစိတ္တသာရာဘိဝံသ၊ ဦး (မင်းကွန်းဆရာတော်)။ သစ္စာလေးပါး တရားတော်။ ရန်ကုန်။ ၁၃၃၉။
သစ္စာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ သမုဒယသစ္စာ အကျဉ်းနှင့်
အကျယ်၊ အစွန်းနှစ်ပါး_အတ္တကိလမထ နုယောဂနှင့် ကာ မသုခလ္လိက နုယောဂ၊ အလယ်လမ်းစဉ်(မဇ္ဈိမပဋိပဋာ)
နှင့် အကျိုး၊ စတုသစ္စကမ္မဋ္ဌာန်း၊ ဗုဒ္ဓ၏ ဒေသနာဟောစဉ်
စသည့် တရားများကို ဟောကြားထားသည်။  တရားနာပါ။
သူရိယ၊ အရှင် (အောင်စကြာ)။ ရွေး၍ လှူပါ စိစစ်ပါ။ ရန်ကုန် [ခုနှစ်မပါ]
အဘယ်ကြောင့်အလှူ ဒါနပြုကြကြောင်း၊ သိပြီး (ဝိဇ္ဇာဖြင့်)
လှူ ခြင်းနှင့် မသိဘဲ (အဝိဇ္ဇာဖြင့်) လှူ ခြင်းတို့၏ ကွာခြားချက်၊
ဒါန၊ သီလ၊ ဘာဝနာအကျိုး၊ နှလုံးသွင်းမှန်ခြင်းနှင့် ရလဒ်၊
ကံအမြင်နှင့် ဓမ္မအမြင်၊ ရွေးပြီးစိစစ်လှူ နည်းတို့နှင့် အတူ၊ နိဗ္ဗာန်ကို မျှော်မှန်းကာ ဒါနပြုကြရန် တိုက်တွန်းချက်တို့
ပါရှိ၏။  တရားနာပါ။
သူရိယ၊ အရှင် (အောင်စကြာ)။ လာရာသွားရာအသိဉာဏ်ရှာ။ ရန်ကုန်၊ ၆ မတ် ၂ဝ၁၂။
အို နာ သေခြင်းတို့ကို ရင်မဆိုင်ရမီ တရားအားထုတ်ရန်
အရေးကြီးပုံ၊ သင်္ခါရသုံးမျိုး၊ ကုသိုလ် နှစ်မျိုးနှင့် သစ္စာသိမြင်
ခြင်း အကျိုးတို့ကို ရှင်းလင်းဖေါ်ပြထားသည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment