Thursday, June 6, 2013

ဓမ္မပဒ ၂၁-၂၃ [ခုဒ္ဒကနိကာယ်]


၂ - အပ္ပမာဒဝဂ်၊ မမေ့လျော့ခြင်း တရားတော်များ
၁ - သာမာဝတီဝတ္ထု

အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။   

ဧဝံ ဝိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။

တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။ 
၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏ အကြောင်းတည်း။ မေ့လျော့ခြင်း သည် သေခြင်း၏ အကြောင်း တည်း။ မမေ့မလျော့သော သူတို့သည်
သေသည် မမည်ကုန်။ မေ့လျော့သူတို့ သည် သေသည် မည်ကုန်၏။
 

၂၂။ မမေ့မလျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကို သိ ၍ မမေ့မလျော့သော သတိတရား ၌ ရွှင်လန်းဝမ်းမြောက်ကုန်လျက် အရိယာတို့၏ ကျက်စားရာ လောကုတ္တရာတရား ကိုးပါး၌ မွေ့လျော်ကြ ကုန်၏။
 

၂၃။ ထိုပညာရှိတို့သည် (သမထ၊ ဝိဿ      နာဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်ကုန်ပြီးလျှင် အမြဲမပြတ် လုံ့လပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ် ကုန်လျက် ယောဂလေးပါး၏ ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်သို့ရောက် ကြကုန်၏။
 

Posted by ဉာဏ်ဦး

No comments:

Post a Comment