Sunday, June 16, 2013

ဓမ္မသုတ (၂၅)

ကာမဂုဏ်
 

ကိလေသာအာရုံ၌ ကပ်ငြိသော တရားသည် ကာမဂုဏ်ဖြစ်သည်။ ကာမဂုဏ်သည် သားတစ်နှင့် တူ၏။ သားတစ်ကို ကိုက်ချီလာသော ကျီးသည် အခြားကျီးများ၏ လုယူခြင်းအလို့ငှါ ဝိုင်းဝန်းထိုးဆိတ်ခြင်းကို
ခံရတတ်သည်။ သားတစ်ကို ကိုက်ချီထားရသောကြောင့်လည်း ပြန်
လည်မတိုက်ခိုက်နိုင်။ မခံနိုင်သည့် အဆုံး သားတစ်ကို လွှတ်ချလိုက်
မှ သက်သာရာ ရတော့သည်။ ယင်းသားတစ်ကို ရသွားသော နောက်
ကျီးသည်လည်း ဤနည်းတူ ဒုက္ခတွေ့ ရလေသည်။ သားတစ်ကိုက်ချီ
ထားသမျှ ဒုက္ခခံရမည်။ သားတစ်ကို စွန့်ပါမှ ချမ်းသာ ရပေမည်။
 

အလားတူပင်၊ စီးပွါးရှာသူများသည်လည်း စီးပွါးဥစ္စာကို မက်မော တွယ်တာနေသရွေ့ ဒုက္ခတွေ့ နေမည် သာဖြစ်သည်။
 

ကာမဂုဏ်သည် အသားမရှိသော အရိုးနှင့် တူသည်။ ထိုအရိုးကို ရထားသော ခွေးသည် မလွှတ်နိုင်ဘဲ ဝါးနေတတ်သည်။ အမှန်မှာ သူ့သွားရည် သူပြန်စုပ်နေရုံသာဖြစ်သည်။ တဏှာအစေးက ကောင်း သည်ဟု ထင်နေခြင်းဖြစ်ပြီး စင်စစ်မည်သည့် အရသာမျှ မရှိပါချေ။
 

ကာမဂုဏ်သည် မြက်မီးကြိုးနှင့် တူသည်။ ယင်းကို ကိုင်ထားလျှင် လက်ပူမည်ဖြစ်သည်။ လွှတ်မချမခြင်း ပူနေလိမ့်မည်။ အပူ မ
လောင်လိုသော် ကာမဂုဏ်ကို စွန့်ရမည်။
 

ကာမဂုဏ်သည် စင်းတီတုံးနှင့် တူသည်၊ တစ်စုံတစ်ရာတင်ကာ ခုတ်ထစ်ပြီးသည့်နောက်တွင် စုတ်ပြတ် ပြီးသာ ကျန်ခဲ့ရသည်။ မည် သည့်ကောင်းသော အရသာကိုမျှ မခံစားရတတ်ပေ။ ကာမ ဂုဏ် သည်လည်း ခံစားပြီးနောက် ပျက်စီးသွားမြဲဖြစ်သည်။ အနှစ် သာရမရှိ။
 

ထို့ ကြောင့်၊ ရာဂစိတ်ပေါ်လျှင် ပေါ်မှန်းသိပေးလိုက်ပါက တရားဖြစ်
သွားပါလိမ့်မည်။ ကာမဂုဏ်မှလွတ်လျှင် လွတ်သလောက်ချမ်းသာ သည်။ လုံးဝလွတ်ငြားက အပြည့်အဝချမ်းသာမည် ပင်တည်း။
 

ဇဝန၊ အရှင် (မေတ္တာရှင်)။ ပထမနိဗ္ဗာန် တရားတော်။ 

Posted by အေးဆက်

No comments:

Post a Comment