Friday, February 15, 2013

ထေရဝါဒ ဟောဓမ္မ (၄)


ခေမိန္ဒ၊ ဘဒ္ဒန္တ (ခင်မကန်ဆရာတော်)။ တရားတစ်ပုဒ်၏ တန်ဖိုး။ ရန်ကုန်၊ ၁၉ နိုဝင်ဘာ ၂ဝဝ၈။
ပရိယတ္တိ၊ ပဋိပတ္တိနှင့် ပဋိဝေဓ သာသနာသုံးရပ် ဆက်စပ်နေ ပုံ၊ ပရိယတ္တိသာသနာနှင့် ဒကာ၊ ဒကာမများ၏ သံဃာအား ပံ့ပိုးမှု အရေးပါကြောင်း၊ "သောပါကသာမဏေ"ဇာတ်ကြောင်း ကိုးကား ချက်ဖြင့် တရားတစ်ပုဒ် နာကြားခြင်း၏ အကျိုးကျေး ဇူးနှင့် သောပါကသာမဏေအား မြတ်ဗုဒ္ဓမေးမြန်းသည့် ပုစ္ဆာ ဆယ်ခု စသည် တို့ကို ဖေါ်ပြထားသည်။  တရားနာပါ(၁)။ (၂)။
ခေမိန္ဒ၊ ဘဒ္ဒန္တ (ခင်မကန်ဆရာတော်)။ တရားနာမှ နိဗ္ဗာန်ရ။ ရန်ကုန်၊ ၁၈ စက်တင်ဘာ ၂ဝဝ၉။
စိတ်ဟူသည်မှာနှင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဖြင့် မိမိ၏ စိတ်ကို
ပြုပြင်နည်းတို့ကို ရှင်းပြထားပြီး "သုစိလောမသုတ္တန်" ကို ကိုးကားလျက် ကိလေသာများတည်ရာနှင့် နိဗ္ဗာန်ကို မျက်
မှောက်ပြုသည့်တိုင် ယင်းတို့ကို မည်သို့ပယ်သတ်ရမည်ကို
ဟောကြားထားသည်။  တရားနာပါ။
ဃောသိတ၊ ဦး။ ပဋိစ္စသမုပ္ပါဒ် အခြေခံ။  ရန်ကုန်၊ ၁၃ ဧပြီ ၁၉၉၄။
ဒါန၊ သီလ၊ ဘဝနာ_အလုပ်သုံးခု၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ တစ် ဆယ့်နှစ်ပါးနှင့် အသွယ်ရှစ်သွယ်တို့ကို ရှင်းလင်းဟောကြား ထားသည်။   တရားနာပါ။
ဃောသိတ၊ ဦး။ ရှည်လျားတဲ့ ဘဝသံသရာ။  ရန်ကုန်၊ ၁၃ ဧပြီ ၁၉၉၄။
ပဋိစ္စသမုပ္ပါဒ်၏ မူလအရင်းခံများ၊ ဒိဋ္ဌိပယ်သတ်ရန်၊ ဥပမာပြ အမျိုးမျိုးဖြင့် ဘဝ အကြိမ်ကြိမ်ထပ်ခါခါ လည်ပတ်နေပုံ အကြောင်း စသည်တို့ကို ဖေါ်ပြ ဟောကြားထားသည်။  တရားနာပါ။
နရပတိ၊ ဦး (ဖြူးဆရာတော်)။ ခရီးသွား ခရီးနား တရား။ ရန်ကုန်၊ ၂၈ ဒီဇင်ဘာ ၁၉၉၆။
လောကီနှင့် လောကုတ္တရာ ခရီးသွားများအတွက် လိုအပ်ချက် သုံးရပ်၊ သံသရာခရီးတွင် ကြုံတွေ့ရမည့် ဒုက္ခလေးခု၊ ခရီးသွား တစ်ဆယ့်နှစ်ဦးနှင့် သွားရမည့်ယာဉ် (မဂ္ဂင်ရှစ်ပါး)၊ ခရီးလမ်း ဆုံး (နိဗ္ဗာန်)၊ သုံးဆယ့်တစ်ဘုံ၊ အပါယ်လေးပါးအကြောင်း၊ ဇာတိ၊ ဇရာနှင့် မရဏတို့၏ ဒုက္ခများနှင့်ပြည့်စုံသည့် ဝိပဿ နာ အားထုတ်မှုကို ပြုလုပ်ကြရန် အကြံပေးချက်စသည့် တရား များပါဝင်သည်။   တရားနာပါ။
နရပတိ၊ ဦး (ဖြူးဆရာတော်)။ မဟာသတိပဋ္ဌာန် တရားတော်။ ရန်ကုန်၊ ၂၃ ဒီဇင်ဘာ ၁၉၉၄။
တရားရရှိရန် သတိပဋ္ဌာန်၏ အရေးပါမှု၊ သတိပဋ္ဌာန်ကို ဖွင့်ဆို
ချက်နှင့် ဘာဝနာအကျိုးများကို ဖေါ်ပြဟောကြားထားသည်။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment