Sunday, February 24, 2013

ထေရဝါဒ ဟောဓမ္မ (၅)


ကုဏ္ဍလာဘိဝံသ၊ ရှင် (သဒ္ဓမ္မရံသီ ဆရာတော်)။ ပဒါနိယင်္ဂသုတ္တန် (ကျန်းမာခြင်း)။ ၁၃၅၂။
ကမ္မဋ္ဌာန်းတရားပွါးများ အားထုတ်ရာတွင် ကျန်းမာခြင်းသည် အရေးပါပုံနှင့် ဝေဒနာနုပဿ     နာတရားတို့ကိုရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။
ကုဏ္ဍလာဘိဝံသ၊ ရှင် (သဒ္ဓမ္မရံသီ ဆရာတော်)။ ပဒါနိယင်္ဂသုတ္တန် (ယုံကြည်ခြင်း)။ ၁၃၅၂။
ပဒါနိယင်္ဂသုတ္တန်ကို ကိုးကားလျက် အဆုံးအမမှန်ကို သိမြင်ရန်
အတွက်လိုအပ်သောအင်္ဂါရပ်များ၊သဒ္ဓါအကြောင်းထင်ရှားပေါ်
လွင်အောင် တင်ပြခြင်းနှင့် ထိုင်ခြင်း၊ စင်္ကြံလျှောက်ခြင်းနှင့်
အထွေထွေ အသေး စိတ် ရှုမှတ်ခြင်း စသော တရားရှုမှတ်
နည်း သုံးမျိုး စသည်တို့ကို ဖေါ်ပြထားသည်။ တရားနာပါ။
ဆေကိန္ဒ၊ ဒေါက်တာအရှင် (ဓမ္မဒူတ၊ မှော်ဘီ)။ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာဝေဒနာ [ခုနှစ်မပါ]
သုခခုနစ်မျိုး၊တဏှာနှစ်မျိုး၊တဏှာသည် ဝေဒနာဖြစ်ကြောင်းနှင့်
ဝေဒနာသည် တဏှာဖြစ်ကြောင်း ဖြစ်ပုံ၊ လောဘ ဒေါသ နှင့်
မောဟတို့ကို ပယ်ရှားနိုင်ရန် သတိနှင့် ဝီရိယတရားများ ထားရှိ
ရမည့် အကြောင်း တို့ကို ဖေါ်ပြဟောကြားထားသည်။
တရားနာပါ။
ဆေကိန္ဒ၊ ဒေါက်တာအရှင် (ဓမ္မဒူတ၊ မှော်ဘီ)။ သေမထူး နေမထူး။ မန္တလေး။ ၁၃ အောက်တိုဘာ ၂ဝဝ၁။
"အဇိတမထေရ်" ၏ ဇာတ်ကြောင်းကို အကိုးအကားပြု ပြီး
မရဏဿ     တိ၊ ကိလေသာနှင့် နေ၊ ကိလေသာနှင့် သေခြင်း၊
သတိနှင့် ဉာဏ်တို့ ဖြင့် အသက်ရှင်သန်ခြင်း၊ သေဆုံးခြင်း စသည်တို့ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ဓမ္မသာရ၊ ဦး (ဆင်ဖြူ ကျွန်းဆရာတော်)။ မသိဘေး၊ အမှားဘေးမှ လွတ်အောင် ကြိုးစားရန် တရားတော်။ ဆင်ဖြူ ကျွန်း၊ ၂၅ ဇူလိုင် ၁၉၉ဝ။
ဒိဋ္ဌိသည် ကံထက်ပို၍ ကြောက်စရာကောင်းပုံ၊ အဘယ်
ကြောင့် အပါယ်သို့ ကျ ကြရကြောင်း နှင့် နိဗ္ဗာန်ကို မျ က်
မှောက်ပြုနိုင်ရေး
အတွက် ခန္ဓာကို ဉာဏ်ဖြင့် ရှုကြရန် တိုက် တွန်းမှုများ ပါရှိသည်။  တရားနာပါ။
ဓမ္မသာရ၊ ဦး (ဆင်ဖြူ ကျွန်းဆရာတော်)။ သက္ကပဥှသုတ် (အဆုံး သတ်) တရားတော်။ ဆင်ဖြူ ကျွန်း၊ ၂၄ ဇူလိုင် ၁၉၉ဝ။
ဣဿာ နှင့် မစ္ဆရိယ၊ ချစ်ခြင်းနှင့် မုန်းခြင်း၊ ဆန္ဒနှင့် ဝိတက်၊ ပပဉ္စတရား (တဏှာ၊ မာန၊ ဒိဋ္ဌိ၊)၊ ဝေဒနာ၊ ဆန္ဒ၊ ဝိတက်နှင့်
ဝေဒနာ အမျိုးအစားများ၊ ဝေဒနာရှုပွါးခြင်းအစရှိသော တရား
များကို ဖေါ်ပြဟောကြားထားသည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment