Sunday, September 9, 2012

ထေရဝါဒ ဓမ္မ အသံစု (၇၅)



ကံ၊ စေတနာ ကမ္မဝါဒီ သဿတ ဒိဋ္ဌိပယ်ပုံ / ဦး ဝိမလ (မိုးကုတ် ဆရာတော်) မိုးကုတ်၊ နိုဝင်ဘာ ၂၅၊ ၁၉၅၉။
"ပုဏ္ဏသုတ္တန်" ကို ကိုးကားလျက် တရားနာ တရားဟော လွဲမှားခြင်းကြောင့် ဖြစ်ပေါ်လာသော ဒိဋ္ဌိကို  မည်ကဲ့သို့ 
ပယ်ဖြုတ်ရမည့် အကြောင်းရှင်းလင်း
ဟောကြားထားသည်။ တရားနာပါ။
စိတ္တာနုပဿနာ သတိပဌာန် / ဦး ဃောသိတ။ ရန်ကုန်၊ [ခုနှစ်မပါ]
ခန္ဓာငါးပါး၊ ပုဂ္ဂိုလ်အမျိုးအစားအလိုက် သင့်လျော်သော ကမ္မဋ္ဌာန်း၊ စိတ်၏ အခြင်းအရာ၊ စိတ်တစ်ဆယ့် သုံးမျိုး၊ သဿတ၊ ဥစ္ဆေဒ၊ သက္ကာယ ဒိဋ္ဌိများဖြုတ်ခြင်းနှင့် စိတ္တာ
နုပဿနာကျင့်စဉ်တို့ကို ဖေါ်ပြ ဟော ကြားထားသည်။
တရားနာပါ။
ဒုက္ခသစ္စာတရားတော် () () / ဦး သောဘန (မဟာစည်ဆရာတော်) ရန်ကုန်၊ [ခုနှစ်မပါ]
ဒုက္ခသစ္စာနှင့် စပ်လျဉ်းပြီး ထင်ရှားပေါ်လွင်အောင် ဖေါ်ပြဟော ကြားရာတွင် ဘုံသုံးပါး (ကာမ၊ ရူပ၊ အရူပ) ၌ရှိသော တရားများ၊ ဒုက္ခ ဒုက္ခ၊ ဝိပရိနာမဒုက္ခနှင့် သင်္ခါရဒုက္ခစသည့် ဒုက္ခသုံးမျိုး၊ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်းနှင့် သေရခြင်း  ဆင်းရဲများနှင့် အိုခြင်း၏ လက္ခဏာများပါဝင်သည်။  တရားနာပါ။() ()
ဒုက္ခသစ္စာတရားတော် () / ဦး သောဘန (မဟာစည်ဆရာတော်) ရန်ကုန်၊ [ခုနှစ်မပါ]
ဒုက္ခသစ္စာ၏ အကျဉ်းချုပ်ဖြစ်သော ရူပုပါဒါန်၊ ဝေဒနုပါဒါန်၊ သညုပါဒါန်၊ သင်္ခါရုပါဒါန်နှင့် ဝိညာဏုပါဒါန် အစရှိသည့် ပဉ္စုပါဒါနက္ခန္ဓာ (ဥပါဒါန်ခန္ဒာငါးပါး)ကို ပြည့်စုံစွာ ရှင်းလင်း
ဟောကြားထားသည်။ 
တရားနာပါ။
မာလုကျပုတ္တ ဥပမာပြ စုတိပဋိသန္ဓေ တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) မိုးကုတ်၊ နိုဝင်ဘာ ၂၆၊ ၁၉၅၉။
အဘိဓမ္မာနှစ်မျိုးဖြစ်သည့် () သေခြင်းနှင့်မွေးဖွါးခြင်းကို ရရှိစေသော အကြောင်းနှင့် () နိဗ္ဗာန်ကို ရရှိစေသော အကြောင်းတို့ကို ဖေါ်ပြထားပြီး မာလုကျပုဏ္ဏားကို ဥပမာ ထားကာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ဟောကြားထား
သည်။ 
တရားနာပါ။
ရင်ဝယ်ဆွဲရမည့် ပုလဲရတနာ / ဦး နရပတိ (ဖြူးဆရာတော်) ရန်ကုန်၊ ဒီဇင်ဘာ ၉၊ ၁၉၉၅။
ဆီလျော်သော ဥပမာများပေးကာ ပုညကြိယာဝတ္တု ဆယ်ပါး ကို ပေါ်လွင်ထင်ရှားအောင် ဟောကြားထား သည်။ တရားနာပါ။
ဝေဒနာနုပဿနာ သတိပဌာန် / ဦး ဃောသိတ။ ရန်ကုန်၊ [ခုနှစ်မပါ]
ဝေဒနာ၏ အဓိပ္ပါယ်၊ ဝေဒနာနှင့် အာရုံတို့ကို ခွဲခြားပြခြင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် ရှုမှတ်ရမည့် ဒုက္ခနှင့် မရှုမှတ် ရမည့် ဒုက္ခ၊ ဝေဒနာနုပဿနာ ကျင့်စဉ်စသော တရားများကို
ဟောကြားထားသည်။ 
တရားနာပါ။
သုဘဒ္ဒသုတ္တန်တရားတော် / ဒေါက်တာအရှင် ဉာဏိဿရ (သီတဂူ ဆရာတော်)  ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅၊ ၂ဝဝ၃။
ဗြဟ္မဏနှင့် သမဏ တို့၏ အဓိပ္ပါယ်၊ ပုဏ္ဏားတို့၏ အယူအဆ အရ ခွဲခြားထားသော မျိုးနွယ်များ၊ ဗုဒ္ဓနှင့် သုဘဒ္ဒပရိဗိုဇ်တို့ ၏ ဆွေးနွေးစကား စသည်တို့ပါရှိသည်။  တရားနာပါ။
သွေးနဲ့ရေးတဲ့ သာသနာ / ဦး နရပတိ (ဖြူးဆရာတော်)  ရန်ကုန်၊ ဒီဇင်ဘာ ၂၂၊ ၁၉၉၄။
နည်းလမ်းမှန်ကန်သော သာသနာပြုခြင်းကို ဖေါ်ပြထားပြီး ဘုရားအလောင်းတော်သည် ဘုရားအဖြစ် ရရှိကာ သာသ နာတော်ကို တည်ဆောက်ရေးအတွက် ပုထုဇဉ်ဘ၀ဖြင့်
မည်မျှကြိုးကုတ် အားထုတ်ခဲ့ရကြောင်းကို
"ဓမ္မပါလဇာတ်
တော်
" ကို အကိုးအကားပြုလျက်ဟောကြားထားသည်။  တရားနာပါ။
အဘိုးအဘွားများအတွက် သံဝေဂတရား / ဒေါက်တာအရှင် ဉာဏိဿရ (သီတဂူဆရာတော်) [ခုနှစ်မပါ]
သီရိဓမ္မာသောကမင်းကြီးကို ဥပမာပေးကာ ဖျက်ဆီးတတ်
သော ခန္ဒ္ဓာ၊ ဘဝ၏ အကောင်းဆုံးသော အနှစ်သာရ
_သီလ၊ သမာဓိနှင့် ပညာ၊ ဝိပ္ပလ္လာသ တစ်ဆယ့်နှစ်ပါးစသော တရား များကို ရှင်းလင်းဟော ကြားထားသည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment