Saturday, September 15, 2012

ဓမ္မသုတ (၁၁)


ကံ

ကံကိုစုကာ၊ သတ္တဝါ၊ သံသရာလည်ကြသည်၊
ကံရှိသမျှ၊ အကျိုးက၊ ခံရစံရမည်၊
ကံမကုန်က၊ နိဗ္ဗာန၊ မရဝေးလေပြီ။
ဒုက္ခသစ္စာ၊ မသိပါ၊ လွန်စွာကံကြိုက်သည်၊
ဒုက္ခသစ္စာ၊ သိသူဟာ၊ ဘယ်ခါကံကိုမကြိုက်ပြီ။ 
ဒုက္ခသစ္စာ၊ မသိပါ၊ အဝိဇ္ဇာဖုံးထားသည်၊
မသိအဝိဇ္ဇာ၊ ဖုံးလေပါ၊ တဏှာလာတော့သည်၊
တဏှာသည်ကား၊ ကံတရား၊ လိုလားနှစ်သက်သည်။
ကံကိုပြုက၊ ဇာတိရ၊ အိုနာသေရသည်၊
ဝိပဿနာ၊ မဂ်ဉာဏ်ဟာ၊ ဦးစွာကံဖြတ်သည်၊
လောကုတ္တရာ၊ မဂ်ဉာဏ်ဟာ၊ အပြီးတိုင်ကံဖြတ်သည်၊
ကံရှင်းပြတ်မှ၊ နိဗ္ဗာန်ရ၊ အေးမြချမ်းသာသည်။
< ဒေါက်တာအရှင် ပညိဿရ၏ "ကံရှင်းပြတ်မှနိဗ္ဗာန်ရ" တရားတော် >

ကံ၏ အကျိုး

ရှေ့ကကောင်းလို့ ၊ အခုကောင်းနေ၊
အခုကောင်းမှ၊ နောင်ကောင်းမလေ။
ရှေ့ကမကောင်းလို့ ၊ အခုမကောင်းပေ၊
အခုကောင်းမှ၊ နောင်ကောင်းမလေ။
< ဦး ပညာဇောတ၏ "သခင်တစ်လှည့်ကျွန်တစ်လှည့်" တရားတော် >

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment