Saturday, September 22, 2012

ထေရဝါဒ ဓမ္မ အသံစု (၇၆)


ဂိလာန ရဟန်းအား ဝေဒနာပြ၍ ဟောကြားပုံ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ် ၊နိုဝင်ဘာ ၂၈၊ ၁၉၅၉။
ဂိလာနသုတ္တန်ကို ကိုးကားလျက် လောဘ၊ ဒေါသ၊ မောဟ၊ ဝိစိကိစ္ဆာနှင့် ဒိဋ္ဌိစသည့် ကိလေသာငါးပါးတို့ ဖြစ်ပေါ်ခြင်းမှ တားဆီးရန် ဝေဒနာကို ပညာ(သမ္ပဇဉ်) ဖြင့် ရှုကြည့်နည်း ကို ဖေါ်ပြဟောကြားထားသည်   တရားနာပါ။

ဉာဏ်နှင့် ဆပ်မှ ကြွေးကျေရ / အရှင် ပညာဝရ (ဓမ္မဒူတ၊ သိမ်ဇရပ်) ရန်ကုန်၊ အောက်တိုဘာ ၃၊ ၂ဝ၁ဝ။
ကံကြွေးကို ဉာဏ်ဖြင့်ပေးဆပ်ခြင်း၊ ဘဝ၏ အသက်အပိုင်း အခြားတိုင်းတွင် ဝိပဿနာတရား အားထုတ်ကြရန် အကြံ
ပြုချက်၊ ဝဋ္ဋသီလ ကမ္မဋ္ဌာန်း၊ ဝိပဿနာ ကျင့်စဉ်မှ ဉာဏ်
_ အရှုဉာဏ်နှင့် အပေါ်ဉာဏ် စသော တရားများပါဝင်သည်။   တရားနာပါ။
တစ်မှတ်တန်ဖိုး / အရှင် ပညာဝရ (ဓမ္မဒူတ၊ သိမ်ဇရပ်) ရန်ကုန်၊
အောက်တိုဘာ ၄၊ ၂ဝ၁ဝ။

ကိစ္စဉာဏ်ဖြင့် သစ္စာလေးပါးကို ပိုင်းခြားသိမြင်ခြင်း၊ လက်တွေ့ 
ဝိပဿနာကျင့်စဉ်၊ မဂ္ဂသစ္စာကို ရှုပွါးခြင်း၊ ရုပ်နှင့် နာမ်ကို ရှုမှတ် သည့် တစ်မှတ်၏ တန်ဖိုး စသည်တို့ကိုဖေါ်ပြဟော ကြားထားသည်။
  တရားနာပါ။

ဗဟုဥပကာရသုတ္တန် / အရှင် ဥတ္တမ (သစ္စာရွှေစည် ဆရာတော်) ရန်ကုန်၊ မတ် ၂၁၊ ၂ဝ၁ဝ။
ဗုဒ္ဓမြတ်စွာ လေးဆယ့်ငါးဝါကာလပတ်လုံး နေ့စဉ် ပြော
ကြား
တ်ာမူခဲ့သော စကားများ၊ ဗုဒ္ဓစကားတော် များ၏ အရည်အသွေး၊ ဗဟုကာရသုတ္တန်ကို ကိုးကားလျက် မရှိ မဖြစ်သည့် တရားလေးပါးတို့ကို ရှင်း လင်းဖော်ပြချက်များ ပါဝင်သည်။   တရားနာပါ။

ရတနာကိန်းမှ ချမ်းသာရ / အရှင် စန္ဒသီရိ ( အောင်စကြာဆရာတော်) ရန်ကုန်၊ ၁၃၆၈။
ပဋိစ္စသမုပ္ပါဒ်နည်းနှင့် အဘိဓမ္မာနည်းများဖြင့် ခန္ဓာငါးပါးကို
ဖေါ်ပြခြင်း၊ ခန္ဓာ၏ အမည်ရင်း၊ စက်ဆုပ်ဖွယ်ရာ အသုံးမကျ
သော ခန္ဓာဖြစ်ပုံ၊ သူတော်ကောင်း၏ အရည်အချင်းများ
(သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပ)နှင့် ယင်းတို့ကို ရယူ နည်းတို့ကို  ဟောကြားထားသည်။   တရားနာပါ။
သာသနာကွယ်ခြင်း အကြောင်းငါးပါး / အရှင် စန္ဒသီရိ (အောင်စကြာ ဆရာတော်) ရန်ကုန်၊ ဇန္နဝါရီ ၁၈၊ ၂ဝဝ၉။
သာသနာ၏ အဓိပ္ပါယ်နှင့် သာသနာအပြားငါးပါး၊ သာသနာ ကွယ်ခြင်း၊ ဗုဒ္ဓသာသနာတွင်းတွင် လူဖြစ်ရခိုက် ဉာဏ်ရှေ့ 
သွားဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ်ကြရန် အကြံပေးချက် စသော တရားများပါ ဝင်သည်။
  တရားနာပါ။

သာသနာပြုမှာလား ဖျက်မှာလား / ဘဒ္ဒန္တ ခေမိန္ဒ (ခင်မကန်ဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၃၊ ၂ဝဝ၈။
ဗုဒ္ဓဘာသာသာသနာပြုခြင်း၊ ပဉ္စကာလီ အမည်ရှိ ယက္ကန်းသည် မလေး၏ ဇာတ်ကြောင်း ကိုးကားချက်ဖြင့် မရဏဿတိ၏ တန်ဖိုး တို့ကို ရှင်းလင်းဟောကြားထားသည်။   တရားနာပါ။

သဒ္ဓါ၏ တန်ဖိုး / ဘဒ္ဒန္တ ခေမိန္ဒ (ခင်မကန်ဆရာတော်) ကမာကလူ၊ မတ် ၂၈၊ ၂ဝဝ၈။
သတ္တဝါဖြစ်ရခြင်း အကြောင်းရင်း (တဏှာ)၊ ခန္ဓာတွင် ထိန်းချုပ်
ရ အခက်ခဲဆုံးအရာ
(စိတ်)၊ အားကြီးသော တရားလေးပါး (ရာဂ၊ ဒေါသ၊ မောဟ၊ မာန)၊ အားကိုးရာအစစ်အမှန် (ကံ)၊ သဒ္ဓါတရား စသည်တို့ပါရှိသည်။   တရားနာပါ။
အလွယ်မက်ရင် အခက်ကြုံမယ် / အရှင် ဥတ္တမ (သစ္စာရွှေစည် ဆရာတော်) ရန်ကုန်၊ ဩဂုတ် ၁ဝ၊ ၂ဝ၁ဝ။
ဓမ္မ၏ အရည်အသွေး၊ (က) ပေးခြင်းနှင့် ရယူခြင်း၊ () စောင့်
ထိန်း
ခြင်းနှင့် လွန်ကျူးခြင်း၊()သတိရှိခြင်းနှင့် သတိလွတ်
ခြင်းတို့၏ ကွာခြားချက်များ၊ သတိနှင့် သညာတို့ ခြားနားပုံ၊ မိမိကိုယ်မိမိ ထိန်းချုပ်ခြင်း မရှိသူအတွက် ရလဒ်များစသည့် တရားများကို ဟောကြားထားသည်။  
တရားနာပါ။
အဝိဇ္ဇာ၊ တဏှာ နှစ်ဖက်တန်းနေပုံတရား / ဦး ဝိမလ (မိုးကုတ်ဆရာ
တော်
) မိုးကုတ်၊ နိုဝင်ဘာ ၂၉၊ ၁၉၅၉။

အဝိဇ္ဇာသည် ဒုက္ခသစ္စာကို ဖုံးကွယ်ထားပြီး တဏှာကစေခိုင်း ကာ သံသရာကို ရှည်စေပုံကို ရှင်းပြ ထားခြင်း နှင့်အတူ၊ အဝိဇ္ဇာနှင့် တဏှာတို့ကို အဆုံးသတ်ပေးသည့် မဂ်ဉာဏ် အကြောင်းကိုလည်း ဟောကြားထားသည်။   တရားနာပါ။
Posted by  ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment