Saturday, June 2, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၈)


ကုက္ကုရဝတီသုတ် ကံကိုဝေဖန်၍ ရှင်းဟောပုံတရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ ဇူလိုင် ၂ဝ၊ ၁၉၉ဝ။
ကံကိုဝေဖန်ပြထားသည့် "ကုက္ကုရ၀တီသုတ်"ကိုကိုးကားလျက်၊ ကံလေးမျိုးကို ထင်ရှားပေါ်လွင်အောင် ဟောကြားထားသည်။ တရားနာပါ။
ဓမ္မဒါယဒသုတ်() / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဩဂုတ် ၂ဝ၊ ၂ဝဝ၆။
ပြောင်းလဲနေသော ခန္ဓာအကြောင်းကိုဖေါ်ပြထားပြီး တရားဓမ္မ အပေါ်တွင်ဂရုထားကာ ဘုရား၏ အဆုံးအမများအတိုင်း လိုက် နာကျင့်ကြံအားထုတ်ကြရန် အကြံပေးဟောကြားထားသည်။ တရားနာပါ။
ဓမ္မဒါယဒသုတ်() / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဩဂုတ် ၂၁၊ ၂ဝဝ၆။
ကုသိုလ်နှင့် အကုသိုလ်တို့၏ ဆိုလိုရင်း၊ ဗုဒ္ဓမြတ်စွာ၏ အမွေခံ
နှင့် အကျင့်စာရိတ္တ ပျက်ပြားရခြင်း၏ အကြောင်းရင်းများကို
ရှင်းလင်းဟောကြားထားသည်။ 
တရားနာပါ။
ဗုဒ္ဓမြတ်စွာ၏ ကြီးပွါးချမ်းသာရေး တရားတော် () / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ ၁၉၈၉။
"အပဏ္ဍက" ဇာတ်တော်ကို ကိုးကားလျက် ပညာရှိနှင့် ပေါင်း
ဖေါ်ခြင်း၏ အကျိုးကျေးဇူးများကို လည်းကောင်း၊
"ဗာလ သုတ္တန်" ကို အကိုးအကားပြုကာ လူမိုက်နှင့် ပေါင်းဖေါ်ခြင်း၏ ဆိုးကျိုးများကို လည်းကောင်း ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ဗုဒ္ဓမြတ်စွာ၏ ကြီးပွါးချမ်းသာရေး တရားတော် () / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ ၁၉၈၉။
ပူဇော်ထိုက်သူများ၊ ပူဇော်ထိုက်သူများကို ပူဇော်ခြင်း၊ တရားရ ပုံများ (ဥ ဂ္ဃါတိ၊ ၀ိပဉ္စ္စိ၊ နေယျ၊ပဒပရမ)၊တရားအားထုတ်နေစဉ် ငိုက်မျဉ်းလာသော် ဖြေဖျောက်နိုင်သည့် နည်းလမ်းများ (ပသာ လာရမ္မဏ သုတ္တန်)၊ မင်္ဂလာသုံးမျိုးဖြစ်သော သင့်လျော်သည့် အရပ်ဒေသတွင်နေထိုင်ခြင်း၊ ရှေးရှေးဘ၀က ကုသိုလ်ကောင်း
မှုများရှိခြင်းနှင့် ပစ္စုပ္ပန်ဘ၀တွင် မိမိကိုယ်မိမိ ကောင်းအောင်ပြု
လုပ်ခြင်းတို့  ဆက်စပ် လျက် ရှိပုံ စသည့် တရားများ ကိုဖေါ်ပြ ထားသည်။ 
တရားနာပါ။
ယမကရဟန်းဥပမာပြ ()တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဖေဖေါ်ဝါရီ ၁၆၊ ၁၉၅၉။
ယမကရဟန်းကို ဥပမာပြလျက်၊ သောတာပန်တည်ရန် ပထမ ကျင့်စဉ် (ဒိဋ္ဌိဖြုတ်ခြင်း)နှင့် ကျန်ရှိသော မဂ်ဖိုလ်များ ရရှိရန် ဒုတိယကျင့်စဉ် (တဏှာပယ်သတ်ခြင်း)၊ အယူမှား_ ဥစ္ဆေဒဒိဋ္ဌိ၊ သံသရာလည်ခြင်းနှင့် အသင်္ခတသုခ (နိဗ္ဗာန်)ဆိုသည်မှာ စ သည်တို့ ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ယမကရဟန်းဥပမာပြ ()တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဖေဖေါ်ဝါရီ ၁၇၊ ၁၉၅၉။
အပါယ်သည် အဘယ်ကြောင့် လူဝတ်ကြောင်နှင့် ရဟန်းတို့ ၏ အမြဲနေအိမ်ဖြစ်ရသည့်အကြောင်း၊ တဏှာနှင့် ဒိဋ္ဌိတို့၏ တသီး တခြားစီ ပြုမူပုံနှင့် ဒိဋ္ဌိဖြုတ်ရန် အရေးကြီးကြောင်းတို့ ကို ရှင်း လင်းဟော ကြားထားသည်။  တရားနာပါ။
ရှာမှီးခြင်း မလွဲကြစေရန် တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်း ဆရာတော်) ဆင်ဖြူကျွန်း၊ ဇူလိုင် ၂၁၊ ၁၉၉ဝ။
သစ္စာလေးပါးကိုသိမြင်သူနှင့် သိမြင်ခြင်းမရှိသူတို့ အတွက် အကျိုှးဆက်များနှင့်တကွ၊ ဒုက္ခလည်ပတ် နေခြင်းကို ရပ်တံ့ သွားစေရန် (သစ္စာသိမြင်နိုင်ရန်) အားထုတ်ရေးအတွက် ဘုရား အလောင်းတော် "အရိန္ဒမ မင်းသား" ၀တ္ထုကို ဥပမာပေးကာ အကြံ ပြု ဟောကြားထားသည်။  တရားနာပါ။
အဆိုးဆုံး အဆိပ် / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။
"ဇမ္ဗုက သုတ္တန်" ကို ကိုးကားလျက်၊ အဆိုးဝါးဆုံး အဆိပ်နှင့် တူသည့် မကောင်းသော အရာများဖြစ်ပေါ်လိမ္မည် ဟူသည့် အယူမှားအကြောင်း၊ မစ္ဆရိယငါးပါး၊ သူတော်ကောင်းနှင့် သူ ယုတ်မာတို့၏ လက္ခဏာများနှင့် မိမိကိုယ်ကို မိမိပြုပြင်ခြင်း တို့ပါရှိသည်။  တရားနာပါ။
အဇ္ဈတ္တတိုက်ပွဲ / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။
သူတော်ကောင်းနှင့် သူယုတ်မာတို့ ကို နှိုင်းယှဉ်ပြခြင်း၊ ဒါန
ပြုခြင်း၏ ရည်ရွယ်ချက်နှင့် မှန်ကန်သော ဒါနပြုလုပ်နည်း များကို ဟောကြားထားသည်။
  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment