Saturday, June 16, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၉)


စိတ်ကိုပြုပြင် နိဗ္ဗာန်ဝင် / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၇၊ ၂ဝဝ၈။
တရားနာနည်းအမှန်၊ သတိတရားရှိခြင်းနှင့် မိမိ၏ စိတ်ကို 
ပြုပြင်ခြင်းစသော တရားများပါရှိသည်။
  တရားနာပါ။
ထာဝရကုသိုလ် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတပဲခူး၊
ဖေဖေါ်ဝါရီ ၁၂၊ ၂ဝဝ၇။
ထာဝရကုသိုလ်၊ ကျောင်းလှူဒါန်းရခြင်းအကျိုး၊ ဒါနအကျိုး ကွဲပြားမှုများနှင့်ဒါနမပြုလုပ်ခြင်း၏အကြောင်း စသောတရား များကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
နီးလျက်နဲ့ဝေး / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်)  မန္တလေး၊ စက်တင်ဘာ ၂၆၊ ၂ဝဝ၈။
ဗုဒ္ဓ၏ အဆုံးအမကို မလိုက်နာသူအတွက် နိဗ္ဗာန်သည်လွန်စွာ
ဝေးကွာသည့် အကြောင်းကို ရှင်းလင်းဟောကြားထားသည်။
  တရားနာပါ။
ပေါင်းစုတူယှဉ် နိဗ္ဗာန်ဝင် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ရန်ကုန်၊ ဇန္နဝါရီ ၂၄၊ ၂ဝဝ၇။
မဟာကပ္ပိနမင်း၊ အနောစာမိဖုရား၊ အမတ်ငါးရာနှင့် ဇနီးများ၏ ဇာတ်ကြောင်းကိုကိုးကားလျက်၊ ပေါင်းစုလှူဒါန်းခြင်း၏အကျိုး
ကျေးဇူးများကိုရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ယမကရဟန်းဥပမာပြ ()တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဖေဖေါ်ဝါရီ ၁၈၊ ၁၉၅၉။
ဒိဋ္ဌိအဘယ်ကြောင့်ရှိရသနည်း၊ သမုတိသစ္စာနှင့် ပရမတ္ထသစ္စာ ရှင်းလင်းချက်၊ ကံထက် သမုဒယသစ္စာကို ကြောက်ရွံ့ ကြရ မည့်အကြောင်း၊ တဏှာက ကံများကို စုဆောင်းပုံ၊ ယမက ရဟန်းဒိဋ္ဌိပြုတ်စေရန် အရှင်သာရိပုတ္တရာက ပရမတ္ထသစ္စာကို
ဟောကြား
ခြင်း အစရှိသောတရားများပါဝင်သည်။ တရားနာပါ။
ယမကရဟန်းဥပမာပြ ()တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဖေဖေါ်ဝါရီ ၁၉၊ ၁၉၅၉။
ဗုဒ္ဓမြတ်စွာသည် သမုတိသစ္စာကို ဟောကြားရခြင်းအကြောင်း၊ စိတ်နှစ်မျိုးဖြစ်သော ဇောနှင့် ဘ၀င်စိတ်တို့ တွင် ၀ိပဿနာ ရှုရမည်တရားနှင့် ရှုပွါးနည်းစသည်များကို ဟောကြားထား
သည်။
  တရားနာပါ။
လူ့ပြည်ရောက် နတ်တမန်အကြောင်း / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) [ခုနှစ်မပါ]
ယမမင်း၏ ဆန္ဒများကို "ဒေ၀ဒူတသုတ္တန်" ကိုအကိုးအကား
ပြုပြီးဖေါ်ပြထားကာ၊ အိုနာသေခြင်းမဖြစ်မီ ကုသိုလ်ကောင်း
မှုများကို ပြုလုပ်ကြရန်ကိုလည်း တိုက်တွန်းဟော ကြားထား သည်။
  တရားနာပါ။
သူတော်ကောင်းဥစ္စာ ခုနှစ်ဖြာ / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ၁၃၅၆။
ဓန၏ အဓိပ္ပါယ်နှင့် "ဓနသုတ္တန်" ကိုကိုးကားလျက်သူတော်
ကောင်းဥစ္စာ ခုနစ်ပါးတို့ အား ရှင်းလင်းဟော ကြားချက်များ ပါဝင်သည်။
  တရားနာပါ။
အား(၈)မျိုး / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ၁၃၆၃။
ပထမဗလသုတ္တန်ကို ကိုးကားလျက် လူတို့ တွင်ရှိသော အား အမျိုးမျိုးနှင့် ယင်းတို့ အနက် အကောင်းဆုံးသော အား တို့ ကို ထင်ရှားအောင် ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ဥဒ္ဒေသဝိဘင်္ဂသုတ္တန်(၂) / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) [ခုနှစ်မပါ]
တရားထိုင်နည်း၊ ကုသိုလ်ရအောင် စားသောက်ပုံနှင့်အတူ၊
"
တေလပတ္တဇာတ်တော်
" ကို ဥပမာပေးကာ ကာယကထာ သတိကမ္မဋ္ဌာန်းကို ဟောကြားထားသည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment