Saturday, May 12, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၇)


ကုက္ကုစ္စက လှည့်စားတတ်ပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၁၊ ၁၉၅၉။
လှည့်စားတတ်သောကုက္ကုစ္စ၊ ဗုဒ္ဓမြတ်စွာအား အတုမရှိသော ပူဇော်ခြင်း၊ ၀ိပဿနာသည် အားကိုးအားထားရာဖြစ်ပုံ နှင့်
မြတ်စွာဘုရား ညွှန်ပြသော တွေးနည်း စသည့် တရားများပါ ရှိသည်။ 
တရားနာပါ။
ဉာဏ်စဉ်သုံးပါး တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဖေဖေါ်ဝါရီ ၄၊ ၁၉၅၉။
သစ္စဉာဏ်နှင့် ကိစ္စဉာဏ် ရှိရန် အရေးကြီးကြောင်းနှင့် အတူ သစ္စဉာဏ်၊ ကိစ္စဉာဏ်နှင့် ကတဉာဏ်တို့ကို ရှင်းပြဟောကြား ထားသည်။  တရားနာပါ။
ဒီတရားနာပြီးမှ သေကြပါ / အရှင် စန္ဒသီရိ (အောင်စကြ်ာဆရာတော်) ရန်ကုန်၊ [ခုနှစ်မပါ]
အစ အလယ် အဆုံး ကောင်းမွန်ပြည့်စုံသော မြတ်ဗုဒ္ဓ၏ တရား
တော်၊ ဝေဒနာကို အနိစ္စဟု မြင်အောင် ရှုမှတ်ခြင်း၊ ပုထုဇဉ်တို့ ၏သေနည်းနှင့် ယင်းတို့ အနက်အကောင်းဆုံးနည်း၊ သေခြင်း
နှင့် ပတ်သက်ပြီး ကြိုတင်မသိနိုင်သည့် အချက်ငါးချက် တို့ ပါ ရှိသည်။ 
တရားနာပါ။
ပေါ်ခိုက်ရှုမှ နိဗ္ဗာန်ရ / အရှင် ပညာဝရ (ဓမ္မဒူတ၊သိမ်ဇရပ်) ရန်ကုန်၊
အောက်တိုဘာ ၂၊ ၂ဝ၁ဝ။
ဓမ္မာနုပဿနာကျင့်စဉ်အကျဉ်း၊ ၀ိပဿနာတရား အားထုတ်နေ ချိန်တွင် ဖြစ်ပေါ်လာသော ဝေဒနာကို သည်းခံပုံနှင့် ကုသိုလ်
လေးမျိုးတို့ ကို ဖေါ်ပြဟောကြားထားသည်။ 
တရားနာပါ။
ဘုရားကြိုက်တာ ပူဇော်ပါ / အရှင် စန္ဒသီရိ (အောင်စကြ်ာဆရာတော်) ရန်ကုန်၊ ၁၃၆၇။
မဟာပရိနိဗ္ဗာနသုတ္တန်" ကို ကိုးကားလျက် ပူဇော်နည်း နှစ်
မျိုှးနှင့် မြတ်စွာဘုရား ကြိုက်နှစ်သက်သော အမျိုးအစား၊ ပူဇော် ရသော ရည်ရွယ်ချက်များနှင့် ပူဇော်ပုံတို့ ကို ဖေါ်ပြဟောကြား
ထားသည်။
  တရားနာပါ။
ရှိဖို့ထက် သိဖို့က အရေးကြီးသည် / အရှင် ဥတ္တမ (သစ္စာရွှေစည် ဆရာတော်) ရန်ကုန်၊ အောက်တိုဘာ ၃၊ ၂ဝဝ၉။
စုတိတော့မည့် နတ်သားအား အခြားသော နတ်သားများက
ပြောကြားသော အကြံပြုချက်များကို ရှင်းလင်းပြခြင်း၊ လူ့ ဘ၀ သည် အဘယ်ကြောင့် တန်ဖိုးရှိကြောင်း၊ သိခြင်းသည် ရှိခြင်း ထက်ပို၍ အရေးကြီးပုံနှင့် သူတော်ကောင်း ရတနာ ခုနစ်ပါး တို့ ကို ဖေါ်ပြဟောကြားထားသည်။ 
တရားနာပါ။
သူတော်ကောင်းတို့ သွာရာလမ်း / ဘဒ္ဒန္တ ခေမိန္ဒ (ခင်မကန်ဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈၊ ၂ဝဝ၉။
နိဗ္ဗာန်ကို ဧကန် ရရှိမည့် ပုဂ္ဂိုလ် (သဒ္ဓါ၊ သီလ၊ သုတ၊ စာဂနှင့် ပညာစွဲမြဲစွာရှိသူ)၊ သံသရာတွင် အရေးပါဆုံး ဒါနခြောက်မျိုးနှင့်
ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး အကျဉ်းတို့ ကို ဖေါ်ပြ
ဟောကြားထားသည်။
  တရားနာပါ။
သန့်ရှင်းသောစိတ် / အရှင် ဥတ္တမ (သစ္စာရွှေစည် ဆရာတော်) [ခုနှစ်မပါ]
ပုဂ္ဂိုလ်လေးမျိုးနှင့် ယင်းတို့ ထဲမှ အကောင်းဆုံး (ကိုးကားချက်_ ဆလာဝါသ သုတ္တန်)၊ အသိဥာဏ်၏ တန်ဖိုး၊ သံဃာအား လှူ ဒါန်းရသော ရည်ရွယ်ချက်များနှင့် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လန်တို့ ၏ တရားစကား (ကိုးကားချက်_ အနင်္ဂဏသုတ္တန်) များကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
အပူငြိမ်းအေး ဘုရားပေး / ဘဒ္ဒန္တ ခေမိန္ဒ (ခင်မကန်ဆရာတော်) [ခုနှစ်မပါ]
အပူငါးမျိုး၊ ရာဂပယ်သတ်နည်း၊ ကိလေသာမီးသည် အပူဆုံး
ဖြစ်ကြောင်း
"ဇနပဒကလျာဏီ" ၀တ္ထု ကို ဥပမာပေးကာ ရှင်း လင်းဟောကြားထားသည်။  တရားနာပါ။
အမြင်ရှင်းမှ ရှုရအဆင်ပြေ / အရှင် ပညာဝရ (ဓမ္မဒူတ၊ သိမ်ဇရပ်) ရန်ကုန်၊ အောက်တိုဘာ ၁၊ ၂ဝ၁ဝ။
ဓမ္မာနုပဿနာ၏ ဆိုလိုချက်၊ ဘာဝနာမပွါးမီ ကွဲပြားစွာ သိ
သင့်သောအချက်များ
(ပညတ်နှင့် ပရမတ်၊ အတ္တနှင့်အနတ္တ၊ ရုပ်နှင့်နာမ်တို့ ၏ ကိစ္စ၊ အကြောင်းနှင့် အကျိုး) တို့ ပါဝင် သည်။ 
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment