Saturday, February 26, 2011

ထေရဝါဒ ဓမ္မ အသံစု (၉)

ကမ္ဘာအစ နှင့် သတ္တ၀ါအစ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) လားရှိုး၊ ၁၃၅၈။
ကမ္ဘာနှင့် သတ္တ၀ါတို့ ၏အစဦး၊ အ၀ိဇ္ဇာလေးမျိုး၊ ချမ်းသာ()ပါး တို့ နှင့်တကွ တရားနာ
ခြင်း နှင့် ၀ိပဿနာ ပွါးများအားထုတ်ခြင်းတို့ အရေးကြီး ကြောင်းကိုလည်းဟောကြား 
ထားသည်။ <Dhammadownload Mp3 Disc 03: 02>
စားကြွင်းစား / ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)အင်းစိန်၊ ဇန္နဝါရီ ၉၊ ၂၀၀၉။
သီလ၏ အရေးကြီးပုံကို ရှင်းလင်းထားသည်။ ထို့ ပြင်၊ လူကောင်းနှင့် လူမိုက်တို့ ၏
ခြားနား ချက်ကို အာဇာနည်မြင်းနှင့် မြည်း ၅၀၀ စီတို့ ၏ အကြောင်းဥပမာဖြင့် ဟော
ကြားထား သည်။ <Dhammadownload 504>
တရားကျင့်တဲ့ ရည် ရွယ်ချက်အမှန် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဧပြီ  
၂၀၀၆။
တရားကျင့်ကြံ အားထုတ်ရာတွင် ရှောင်ကြဉ်ရမည့် မှားယွင်းသော ရည် ရွယ်ချက်နှင့်
ထားရှိ ရမည့် ရည်ရွယ်ချက်အမှန်ကို ရှင်းလင်းညွှန်ပြ ဟောကြားထားသည်။ 
ပုထုဇဉ် သဘာဝ / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဧပြီ ၂၀၀၆။
လူပုဂ္ဂိုလ် နှစ်မျိုး--အရိယာနှင့် ပုထုဇဉ်၊ ပုထုဇဉ် တို့ ၏သဘာဝ၊ အရိယာပုဂ္ဂိုလ် ဖြစ် 
ရခြင်း၏ အကျိုးတရားများနှင့် သေဆုံးပြီးနောက် ရောက်ရှိရမည့် နေရာဋ္ဌာနငါးခု 
စသည်တိုႛကို စုံလင်စွာ ဟောကြားထားသည်။ <Dhammadownload 014>
ရှု၊ တည်၊ သိ၊ မငြိ၊ ဆင်းရဲငြိမ်း တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) 
ရန်ကုန်၊ [ခုနှစ်မရှိ]
ဝိပဿနာ ကျင့်ကြံအားထုတ်ခြင်းဖြင့် ရုပ်နှင့်နာမ် တရားတို့ ၏ သဘာဝကို အရှိ 
အတိုင်း သိရှိစေခြင်း၊ လုပ်သားမဂ္ဂင်ငါးပါးနှင့် စောင့်ထိန်းမဂ္ဂင် သုံးပါးတို့ ၏ ရှင်းလင်း 
ချက်တို့ အပြင် မဂ်ဥာဏ်၊ ဖိုလ်ဥဏ်နှင့် အရိယာသစ္စာ စသည်တို့ ကိုလည်း ဟောကြား 
ထားသည်။ <Dhammadownload Mp3 Disc 01: 04>
ဝိပဿနာအစ မတွေ့ တဲ့စိတ်က စရပုံ အလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်) 
[ခုနှစ်မရှိ]
ဝိပဿနာတရား ကျင့်ကြံအားထုတ်ရာတွင် မတွေ့ ရှိသောစိတ်မှစ၍ ရှု မှတ်ရပုံကို ရှင်းလင်း ဟောကြားထားသည်။ <Dhammadownload အလုပ်ပေး(): 01>
သင်္ခါရနှင့် သင်္ခတ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)ရန်ကုန်၊  
[ခုနှစ်မရှိ]
ဝိပဿနာ၊ သင်္ခါရ၊ သင်္ခတနှင့် အသင်္ခတတို့ ကို ပြည့်စုံစွာ ရှင်းလင်းဟောကြားထား 
အလှည့် / ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ဇန္နဝါရီ ၁၊ ၂၀၀၉။
ကမ္မဘ၀ ဖြစ်ပေါ်လာပုံနှင့် မိမိပြုလုပ်ခဲ့သည့်အတိုင်း ပြန်လည်၍ အကျိုးခံစား ရမည့် အကြောင်းဟောကြားထားသည်။ ထို့ ပြင်၊ ကောင်းစေရန်အတွက် ကောင်းသောအမှု 
များကို အစဉ်အမြဲ ပြုလုပ်ကြရန် "ခုဇ္ဇုတရာ" ဇာတ်ကြောင်းဥပမာပြလျက် တိုက်တွန်း 
မိန့် ကြားထားသည်။ <Dhammadownload 495>
အတ္တပြုတ်အောင် ရှု ပွါးနည်း အလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်)[ခုနှစ်မရှိ]
သုညတဆိုက်သည်ထိ ကျင့်ကြံအားထုတ်ပြီး အတ္တဖြုတ်ရန် ရှင်းလင်းဟောကြားထား 
အိပ်ခြင်း နိုးခြင်း / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) စစ်ကိုင်း၊ ၁၃၅၇။
ဣနြေ္ဒငါးပါးနှင့် နီဝရဏတရားငါးပါးတိုႛကို ပြည့်စုံစွာ ရှင်းလင်းထားပြီး ဓမ္မာနုပဿနာ 
သတိပဋ္ဌာန်က နိဗ္ဗာန်ကို မည်သို့  မျက်မှောက်ပြုနိုင်စေကြောင်းကိုလည်းဟာ ကြား 
ထားသည်။ <Dhammadownload Mp3 Disc 03: 01>

Posted by ဉာဏ်ဦး၊ အေးဆက်


No comments:

Post a Comment