Saturday, February 19, 2011

ထေရဝါဒ ဓမ္မ အသံစု (၈)

ကြွက်လေးမျိုး ဥပမာပြအလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်)[ခုနှစ်မရှိ]
ဝိပဿနာ ကျင့်စဉ်ကို ကြွက်လေးမျိုး၊ ဆန္နမထေရ် စသည့် ဥပမာများဖြင့် ဟောကြား
ချမ်းသာလေးပါး တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)ရန်ကုန်၊ စက်တင်ဘာ 
၁၂၊ ၁၉၉၉။
သပ္ပုရိသဒါန ပြုလုပ်ပုံ၊ ချမ်းသာလေးမျိုးနှင့် အကောင်းဆုံး ချမ်းသာ အနဝဇ္ဇ သုခ စသည့် 
အကြောင်း များအပြင် သာဝဇ္ဇဒုက္ခ၊ စိတ်ကိုထိန်းချုပ် နိုင်ခြင်း၏ အကျိုးနှင့် မထိန်းချုပ်
နိုင်ခြင်း၏ အပြစ်တို့ ကိုလည်း ဟောကြားထားသည်။ <Dhammadownload Mp3 Disc 03: 07>
ဓမ္မစကြ်ာတရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)ရန်ကုန်၊ [ခုနှစ်မရှိ]
သစ္စာလေးပါးနှင့် တကွ ၀ိပဿနာတရား အားထုတ်ခြင်း၏ အစ အလယ် အဆုံး တိုႛကို ရှင်းလင်း ဟောကြားထားသည်။ <Dhammadownload Mp3 Disc 03: 08>
ဘူမိဇသုတ် / ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဩဂုတ် ၉၊ ၂၀၀၆။
ဥပါဒါန် လေးမျိုးနှင့် ၄င်းတို့ ၏ သဘောသဘာဝ ကိုသာမက ယောနိသော မနသိ ကာရ နှလုံး သွင်းမှန်စွာဖြင့် ၀ိပဿနာတရား ကျင့်ကြံ အားထုတ်ကြရန် လည်း ဘူမိဇသုတ္တန် ကို ညွှန်းဆို ဟောကြားထားသည်။ <Dhammadownload 037>
မြေအိုးပမာ ဤခန္ဓာ / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဧပြီ ၁၊ ၂၀၀၆။
မိမိခန္ဓာ မပျက်စီးမီ ၀ိပဿနာတရား အားထုတ်ကြရန်၊ ခန္ဓာ၏ ပျက်စီးတတ် သာ သဘော
တရား၊ မိမိ၏ စိတ်ကိုကာကွယ် စောင့်ရှောက်ပုံ၊ ပညာဖြင့် ကိလေသာကို ဖယ်ရှားပုံ၊ ၀ိပဿနာ
တရား အားထုတ်စဉ် ကိလေသာကို ထပ်မံ ၍ လက်ခံခြင်း မပြုဘဲ ရရှိထားသော ပညာနှင့် 
ချမ်းသာကို ထိန်းသိမ်းထားရန် စသည်ဖြင့် စုံလင်စွာ တိုက်တွန်းညွှန်ပြ ဟောကြားထားသည်။ <Dhammadownload 009>
ယုတ်မြတ်သံသရာလှည့်လည်ရှာ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ကျောက်မဲ၊ ၁၃၅၈။
ကံအပေါ်ကိုလိုက်၍ ဇာတိအမျိုးမျိုး ရှိကြောင်း၊ ၀ိပဿနာ အားထုတ်ခြင်း၏ အကျိုး စသည် 
တိုႛကို ရှင်း လင်းပြထားပြီး ကံနှင့် ၀ိပါက်တို့ ၏ အပြန်အလှန် အကျိုးသက် ရောက်ပုံကို ရဇ္ဇု
မာလ ဇာတ် ကြာင်း ဥပမာပြလျက် ဟောကြား ထားသည်။ <Dhammadownload Mp3 Disc 02: 08>
ဝေဒနာ()ပါးကို ငါးမျှားချိတ် ဥပမာပြတရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ 
စက်တင်ဘာ ၈၊ ၁၉၅၅။
ဒုက္ခဝေဒနာ သုခဝေဒနာ ဥပေက္ခာဝေဒနာတို့ သည် သေမင်းအသွင် ပြုမူနေကြာင်းကို ငါးမျှား
ချိပ်တွင် ငါးမိပုံနှင့် နှိုင်းယှဉ် ဟောကြားထား ပြီး ဝေဒနာ နုပဿနာကျင့်စဉ် ကိုလည်းညွှန်ပြ
ထားသည်<Dhammadownload Mp3 Disc 02: 03>
ဝဋ်ကျွတ်လေမှ နိဗ္ဗာန်ရ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရေတာရှည်၊ ၁၃၅၉။
ဝဋ်နှင့်စပ်လျဉ်း၍ အတိတ် ပစ္စုပ္ပန် အနာဂတ်ဆိုင်ရာ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂ ရပ် ကို ဟောကြား 
ထားသည်။ ထို့  ပြင်၊ ၀ိပဿနာနှင့် လောကုတ္တရာမဂ်၊ ၀ဋ်မှကင်းလွတ်၍ နိဗ္ဗာန်ရောက်ကြောင်း ၀ိပဿနာတရား ကျင့်ကြံ အားထုတ်ကြရန်ကိုလည်း လမ်းညွှန် ဟောကြားထားသည်။  
သောတာ နုဂတသုတ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဩဂုတ် ၃၊ ၂၀၀၆။
ဗုဒ္ဓ ၏ ပရိဿတ် လေးမျိုးနှင့် တရားနာခြင်း အားဖြင့် ရရှိသော အကျိုးကျေးဇူးများ ကို သောတာနုဂတသုတ္တန်ကို ကိုးကားဟောကြားထားသည်။ 
ပၝယ်တံခါးပိတ် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မတ် ၇၊ ၂၀၀၆။
သက္ကာယဒိဋ္ဌိ၊ပရမတ္ထ၊ပညတ်နှင့်ဝိပဿနာတို့ ကိုရှင်းလင်းဟောကြားထားပြီးပညတ်ငါးမျိုး   
နှင့်သက္ကာယဒိဋ္ဌိ ဖြစ်စေရန် ယင်းပညတ်များက လုပ်ဆောင် ကြပုံကို လည်းကောင်း၊ 
အပါယ်ဘေးမှ လွတ်ရာလွတ်ကြောင်း သက္ကာယဒိဋ္ဌိ ဖယ်ရှားခြင်း နည်းလမ်းကောင်းကို လည်းကောင်းထည့်သွင်း ဟောကြားထား သည်။ <Dhammadownload 006>

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment