Saturday, February 5, 2011

ဩဝါဒပါတိမောက်ဟောကြိမ်


ပါတိမောက္ခ၏ အဓိပ္ပါယ်မှာ အပါယ်ဘေးမှ ကင်းဝေးစေသည် ဟူ၍ ဖြစ်သည်။ ပါတိ မာက္ခတွင် သြ၀ါဒပါတိမောက် နှင့် အာဏာပါတိမောက် ဟူ၍ နှစ်ပိုင်းရှိပါသည်။ နှစ်ပိုင်းစလုံးသည် အပါယ် 
တံခါးကိုပိတ်စေ၏။ သြ၀ါဒပါတိမောက်ကို ပိဋကသုံးပုံ၏ အနှစ်ချုပ်ဟုလည်း ဆိုနိုင်ပေသည်။ 
အာဏာပါတိမာက်ကား ၀ိနည်းတရားတော် များ(ဝိနယပိဋက) ပင် ဖြစ်လေသည်။

ဤဩဝါဒပါတိမောက္ခဒေသနာ သုံးဂါထာကို သက်တော်ရှည် မြတ်စွာဘုရားများသည် အသက်ထက်ဆုံး သံဃာအား ပြသဆုံးမတော်မူကြသည်။ သက်တော်တို မြတ်စွာ ဘုရားများသည် ပထမဗောဓိ (ဝါတော်
၂၀အတွင်း) ဩဝါဒပါတိမောက်ဖြင့် ဆုံးမ ဟောကြားတ်ာမူလေသည်။ ဒုတိယဗာဓိ ရောက်သော
အခါ၌ အာဏာပါတိမာက် ပြကာ အမိန်ႚ ဖြင့် ဩဝါဒပေး တော်မူခဲ့လေသည်။
 
ဝိပဿီ မြတ်စွာဘုရားသည် ဤ ဩဝါဒပါတိမောက်ကို () နှစ်တစ်ကြိမ်၊
သိခီ မြတ်စွာဘုရားသည် ဤ ဩဝါဒပါတိမောက်ကို () နှစ်တစ်ကြိမ်၊
ဝေဿဘူ မြတ်စွာဘုရားသည် ဤ ဩဝါဒပါတိမောက်ကို ()နှစ်တစ် ကြိမ်၊
ကကုသန် မြတ်စွာဘုရားသည် ဤ ဩဝါဒပါတိမောက်ကို () နှစ်တစ်ကြိမ်၊
ကောဏာဂုဏ် မြတ်စွာဘုရားသည် ဤ ဩဝါဒပါတိမောက်ကို ()နှစ်တစ် ကြိမ် သံဃာအား ဩဝါဒပေးဆုံးမတော်မူလေသည်။ ကဿပမြတ်စွာဘုရားသည်ဤဩဝါဒပါတိမောက်ကို()တစ်ကြိမ်၊
ဂေါတမမြတ်စွာဘုရားကဲ့သိုႚသက်တော်တိုသည့် မြတ်စွာဘုရားတိုႚသည်(၁၅)ရက်တစ် ကြိမ် လပြည့်လကွယ်နေႚတိုင်း ပထမဗောဓိ (ဝါတော်၂၀ အတွင်း) မှာ ဤ ဩဝါဒပါတိမောက် ဖြင့် သံဃာတော်များအား ဆုံးမ တ်ာမူ ပါသည်။ ဒုတိယဗောဓိ (ဝါတော် ၂၀ လွန်မြောက်မှ) သိုႚရောက်သောအခါအာဏာပါတိမောက်ခေၞ ဝိနယသိက္ခာပုဒ်များကိုသာပညတ်တော်မူခဲ့ ခြင်းဖြစ်ပါသည်။ [လခွဲတစ်ကြိမ် ပြသစေခဲ့ပါသည်။]

Posted by ဉာဏ်ဦး

No comments:

Post a Comment