Monday, November 1, 2010

ထေရဝါဒ ဓမ္မ အသံစု (၃)


ကူဋဘာဂိရသုတ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဒီဇင်ဘာ ၁၇၊ ၂၀၀၅။
ကူဋဘာဂိရသုတ်__ မိစ္ဆာဉာဏ်အကြောင်းနှင့် မိမိစိုက်ပျိုးသော အပင်ကိုသာ မိမိရိတ်သိမ်း ရမည်ဖြစ်သည်ကို ရှင်းလင်းဟောကြား ထားသည်။ တောင့်တခြင်းနှင့်ကြောင့်ကြခြင်းကို ပယ်သတ်ကြရေး အတွက်လည်း လမ်းညွှန် ထားသည်။ <Dhammadownload 023>
တရားထိုင်နည်း အလုပ်ပေး / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
လူမိုက်နှင့်လူလိမ္မာ။ မှီဝဲအပ်သောတရားနှင့် မမှီဝဲအပ်သောတရား၊ ဝိပဿနာကျင့်စဉ် စသည်တို့ကို ရှင်းလင်းဟောကြားထားသည်။ <Dhammadownload အလုပ်ပေး (): 4>
နှလုံးသွင်းမှန်မှု အလုပ်ပေးတရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
ခန္ဓာငါးပါးကို နှလုံးသွင်းမှန်ကန်ရန် လမ်းညွှန်ဟောကြားထားသည်။ <Dhammadownload အလုပ်ပေး (): 2>
ပဿဒ္ဓိသမ္ဗောဇ႙င် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဖေဖေါ်ဝါရီ ၁၅၊ ၂၀၀၆။
ပဿဒ္ဓိသမ္ဗောဇ႙င်၏ လက္ခဏာ၊ ကိစ္စ၊ ပဿဒ္ဓိဖြစ်ကြောင်းများ။ အာဟာရ၊ ဥတုနှင့် ဣရိယာပုထ်မျှတ ခြင်းဖြင့် ဝိပဿနာ အားထုတ်မှုကို အထောက်အပံ့ပြုပုံ။ ဗောဇ႙င်ခုနစ်ပါး အချင်းချင်း ဆက် နွှယ်ပုံများကို ပြည့်စုံစွာဟော ကြားထားသည်။ <Dhammadownload 055>
မဟာတဏှာသင်္ခါရသုတ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မိဒါဝုန်ကျောင်း စက်တင်ဘာ ၁၉၊ ၂၀၀၄။
ပဋိစ္စသမုပ္ပါဒ်၏ သဘောတရားနှင့် ဝိညာနက္ခန္ဓာတို့အပြင် သဿတဒိဋ္ဌိ ဖယ်ရှားခြင်းနှင့် စပ်လျဉ်း၍ သာတိရဟန်းကို ကိုးကားဟောကြားထားသည်။ <Dhammadownload 003>
မြွေဆိုးလေးကောင် ကိုယ်တွင်းလှောင် / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ကျုံပျော်၊ ၁၃၅၇။
ခန္ဓာငါးပါးကြောင့် ဖြစ်ပေၞရသော ဒုက္ခကိုဖယ်ရှားပြီး နိဗ္ဗာန် ရရှိနိုင်စေရန် ဝိပဿနာ
ရှုပွါးရေးကို အလေးပေးဟော ကြား ထားသည်။ <Dhammadownload Mp3 Disc 02:03>
ရှင်ပြုအလှူ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)[ခုနှစ်မရှိ]
ဒါန သီလ ဘာဝနာစသည့် ကောင်းမှုကုသိုလ်များကို မိမိ ကိုယ်တိုင် ပြုလုပ်ရမည့်အပြင် သူတစ်ပါးကိုပါ ပြုလုပ်ရန် တိုက်တွန်းအားပေးရန် လိုအပ်ကြောင်း၊ ဒါနနှင့် သီလတို့၏ အပြန်အလှန် အကျိုးသက်ရောက်မှု များ၊ ပစ္စည်းလေးပါး လှူဒါန်းခြင်းအကျိုး၊ မှန်ကန်သော ဒါနဆုတောင်း စသည် တို့ကိုပြည့်စုံစွာ ဟောကြား ထားသည်။ <Dhammadownload Mp3 Disc 01:03>
သခင်တစ်လှည့် ကျွန်တစ်လှည့် / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၇။
ကံနှင့် ဝိပါကသည် အဘယ်ကြောင့် အပြန် အလှန် ဖြစ်ပေၞ ရကြောင်း၊ ကောင်းမှုကိုပြုလုပ်၍ မကောင်းမှု ကို ပြုလုပ်ခြင်း မှ ရှောင်ကြဉ်ရန်တို့ကိုရဇ္ဇုမာလဇာတ်ကြောင်းဥပမာဖြင့်
ဟောကြားထားသည်။ <Dhammadownload Mp3 Disc 02:04>
သမထ ဘာဝနာနှင့် ဝိပဿနာ ဘာဝနာ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)[ခုနှစ်မရှိ]
သတိပဋ္ဌာန်၏ အဓိပ္ပါယ်ဆိုလိုချက်၊ သတိပဋ္ဌာန်လေးပါး၊ သမထဘာဝနာနှင့် ဝိပဿနာ
ဘာဝနာတို့ မတူခြားနားပုံ တို့ကိုဟောကြားထားသည်။ <Dhammadownload Mp3 Disc 01:05>
သမာဓိသမ္ဗောဇ႙င် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဖေဖေါ်ဝါရီ ၁၆၊ ၂၀၀၆။
သာသနာသုံးရပ် (ပရိယတ္တိ၊ ပဋိပတ္တိနှင့် ပဋိဝေဒ)။ သမာဓိဟူသည်၊ ၄င်း၏ကုသိုလ် အကုသိုလ်တို့နှင့် ဆက်စပ်ပုံ၊ သမာဓိနှစ်မျိုး၊ သမာဓိသမ္ဗောဇ႙င်၏ လက္ခဏာ၊ ကိစ္စနှင့် ရရှိကြောင်းတရား စသည်တို့ကို ဟောကြားထားသည်။ <Dhammadownload 056>


Posted by  ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment