Monday, November 15, 2010

ထေရဝါဒ ဓမ္မ အသံစု (၄)

ကုက္ကုသုတ / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဒီဇင်ဘာ ၁၈၊ ၂၀၀၅။
မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်နိုင်သည့် လိမ္မာပါးနပ်၍ ဉာဏ်ပညာရှိသူဖြစ်ရေးအတွက်
အချိန်၊ ကံသုံးပါး (ကာယကံ၊ ၀စီကံ၊ မနောကံ) နှင့် ဉာဏ်ပညာကို ကောင်းမွန်သောနည်း
လမ်းဖြင့် အသုံးပြုရန် အကြောင်းကို ကုက္ကုသုတသုတ္တန်ကို ကိုးကားဟောကြားထားသည်။  
ဝီရိယအကူအညီဖြင့် သမာဓိ ပညာ မဂ္ဂင်ဆိုက်အောင် လုပ်ကြပါ / ဦးဝိမလ (မိုးကုတ်ဆရာတော်)
အမရပူရ၊ မတ်၎၊ ၁၉၅၆။
ဝီရိယအကူအညီဖြင့် သမာဓိနှင့် ပညာမဂ္ဂင် ရရှိစေရန် ကျင့်စဉ်ကို “မဟာမိတ္တရဟန်း”ကို
ဥပမာပြလျက် ဟောကြားထားသည်။ <Dhammadownload Mp3 Disc 2: 05>
သာသနာတော် အရှည်တည်တံ့ကြောင်း တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)
ရန်ကုန်၊ ၁၃၆၄။
သတိပဋ္ဌာန်တရား ကျင့်ကြံအားထုတ်ခြင်းဖြင့် သာသနာအရှည်တည်တံ့စေခြင်း၊ ဘာသာ
အယူကိုစိစစ်ခြင်း၊ မဂ္ဂင်ရှစ်ပါး_အမျိုးအစား၊ သဘာဝနှင့် ပွါးများခြင်း စသည်တို့ကို
အကျယ်တ၀င့် ဟောကြားထားသည်။ <Dhammadownload Mp3 Disc 01: 07>
သာသနာ့ အမွေခံ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) ရန်ကုန်၊ [ခုနှစ်မရှိ]
ရှင်ပြုရဟန်းခံခြင်း၏ ရည်ရွယ်ချက်နှင့် ပြုလုပ်ပုံ၊ သရဏဂုံ သုံးပါး၊ သာသနာ့အမွေအနှစ်ဖြစ်
သည့် သီလ၊ သမာဓိနှင့် ပညာအကြောင်းတို့ကို ဟောကြားထားသည်။
သေနည်းသင်တရားတော် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မိဂဒါဝုန်ကျောင်း စက်တင်ဘာ
၂၀၊ ၂၀၀၄။
မိမိကိုယ်မိမိ ကယ်တင်ရန် ၀ိပဿနာတရား အားထုတ်ခြင်း၊ ဝေဒနာနုပဿနာ ရှုပွါးရေးကို
ဦးတည်လျက် သေလုဆဲ ဝေဒနာ ခံစားနေရသည့် ဖဂ္ဂုဏရဟန်းအကြောင်း ဥပမာပြနှင့်
သေနည်းသုံးမျိုးတို့ ကို ဟောကြား ထားသည်။ <Dhammadownload 004>
သေမင်းနှင့် စစ်ခင်းပွဲ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၉။
သေမင်းဟူသည် မည်သူနည်း၊ ၎င်း၏ပြုမူပုံနှင့် ၎င်းကိုတွန်းလှန်ရေးတို့ကို ဟောကြား
ထားသည်။ <Dhammadownload Mp3 Disc 02: 05>
သေရွာသွားခန္ဓာ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၇။
သေရွာသို့ခန္ဓာသွားနေပုံ၊ ရောဂါနှင့်ဝေဒနာ ကွဲပြားချက်၊ ရုပ်နာမ်ကို “ငါ” နှင့် ခွဲခြားသိခြင်း
ဖြင့် အယူမှားဒိဋ္ဌိ ဖယ်ရှားရေး၊ ပကတိနှင့်ဉာဏ်မျက်စိနှစ်မျိုး၊ ၀ိဇ္ဇာနှင့် အ၀ိဇ္ဇာတို့၏ ဆိုလို
ရင်းအကြောင်း စသည်ဖြင့် ပြည့်စုံစွာ ဟောကြားထားသည်။
အကျင့်မှန်မှ အသိမှန် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မတ် ၁၊၂၀၀၆။
တရားကျင့်ကြံအားထုတ်မှုနှင့် သိရှိမှုအလိုက် ပုဂ္ဂိုလ်လေးမျိုးခွဲခြားခြင်း၊ အကျင့်လည်းလွယ်
အသိလည်း မြန်သော ကျင့်စဉ်တို့ကို အရှင်ဗာဟိယဒါရုစရိယ ဇာတ်ကြောင်းဥပမာပေး၍
ဟောကြားထားသည်။ <Dhammadownload 001>
အနိစ္စနှင့် အနိစ္စလက္ခဏာ အလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
သောတာပန် မတည်နိုင်သောအကြောင်း၊ သမ္မာဒိဋ္ဌိ၊ အနိစ္စနှင့် အနိစ္စလက္ခဏာတို့ကို
ရှင်းလင်းဟောကြား ထားသည်။ <Dhammadownload အလုပ်ပေး(): 04>
ဥပေက္ခာ သမ္ဗောဇ္ဈင် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဖေဖေၞဝါရီ ၁၇၊ ၂၀၀၆။
ဥပေက္ခာသမ္ဗောဇ္ဈင့့် လက္ခဏာနှင့် ကိစ္စ၊ ဖြစ်ကြောင်းလိုအပ်ချက်များ။ သံသရာဆိုသည်
မှာ။ နိဗ္ဗာန်သို့ ပို့ဆောင်ပေးနိုင်သော ဗောဇ္ဈင်()ပါး ပြည့်စုံသည်အထိ ၀ိပဿနာ ပွါးများ
အားထုတ်ရန် စသည်တို့ကို ဟောကြား ထားသည်။ <Dhammadownload 057>

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment