Friday, October 15, 2010

ထေရဝါဒ ဓမ္မ အသံစု (၂)


ကစ္စပ ဇာတ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်)။  မန္တလေး၊ ဒီဇင်ဘာ ၂၀၊ ၂၀၀၅။
မိမိကိုယ်မိမိစောင့်ရှောက်တတ်သော လိမ္မာပၝးနပ်ပြီးအသိဉာဏ်ရှိသူဖြစ်ရေးကို ဦးတည်သည်။   ဤအရည်အချင်းများ မရှိသောကြောင့် သေကျေပျက်စီးခဲ့ရသည့် လိပ်ကလေးတစ်ကောင်၏ ဇာတ်ကြောင်းကို ဥပမာပြ ဟောကြားထားသည်။  <Dhammadownload 026>
ခန္ဓာငါးပါးသူသတ်ယောကျာင်္း / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်)။  မိဂဒါဝုန်၊ စက်တင်ဘာ ၁၇၊ ၂၀၀၄။
ပဋိစ္စသမုပ္ပါဒ်အရ မိမိ၏ခန္ဓာငါးပါး__ ရူပက္ခခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ နှင့် ဝိညာဏက္ခန္ဓာတို့ကို မရဏ သေမင်းဟူ၍ ဖော်ညွှန်းဟောကြားထားသည်။  <Dhammadownload 001 
 ငါသည်မုချသေရမည် တရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်)။ [ခုနှစ်မရှိ]   
သေဘေးကိုရှောင်ကြဉ်၍ နောင်တွင် နိဗ္ဗာန်ရရေးအတွက် ဝိပဿနာတရား ပွါးများအားထုတ် ရန် အရေးတကြီး လိုအပ်ပုံကို ရှင်းလင်းဟောကြားထားသည်။  <Dhammadownload သံဝေဂ (၁): 2>
ဉာဏ်သုံးဉာဏ်နှင့် နိဗ္ဗာန်ရောက်ပုံ / ဦးဝိမလ (မိုးကုတ်ဆရာတော်)။  ဖေဖေါ်ဝါရီ ၁၃၊ ၁၉၅၅။
သုံးမျိုးသောဉာဏ်_ယထာဘူတဉာဏ်၊ နိဗ္ဗိဓါဉာဏ်နှင့်မဂ်ဉာဏ်။ ယင်းဉာဏ်များ ရရှိအောင် ပြု လုပ်ပြီး နိဗ္ဗာန်ရနိုင်ကြောင်းကို အကျယ်တဝင့် ဟောကြားထားသည်။  <Dhammadownload Mp3 Disc 1: 10>
ပီတိ သမ္ဗောဇ္ဈင် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ)။  ပဲခူး၊ ဖေဖေါ်ဝါရီ ၁၄၊ ၂၀၀၆။
ပီတိသမ္ဗောဇ္ဈင်နှင့် စပ်လျဉ်း၍ ဆိုလိုရင်းသဘော၊ လက္ခဏာ၊ ကိစ္စနှင့် ရရှိကြောင်းအချက် အလက်များကို ဟောကြားထားသည်။  <Dhammadownload 054>
ပဏ္ဍိတ သာမဏေ / ဒေါက်တာ ဦး ဉာဏိဿရ (သီတဂူဆရာတော်)။  ရန်ကုန်၊ ဖေဖေါ်ဝါရီ ၉၊ ၁၉၇၈။
သီလ၊ သမာဓိနှင့် ပညာတို့ဖြင့် မိမိ၏စိတ်ကို ထိန်းသိမ်းစောင့်ရှောက်ပုံ။ ဒါနအမျိုးအစား နှင့် ၄င်းတို့၏အကျိုးများ။ ပုဂ္ဂိုလ်နှစ်ဦး ဘဝဆက်တိုင်း အတူတကွ  ပေါင်းသင်း ကြရစေရန် တူညီ မျှတစွာရှိရမည့် အချက်အလက်များ (သမစာဂ၊ သမသဒ္ဓါ၊ သမပညာနှင့် သမသီလ) တို့အပြင် မှန်ကန်သော ဒါနဆုတောင်း ရှိရန် လိုကြောင်းကို  ပဏ္ဍိတသာမဏေ (အတိတ်ဘဝက မဟာဒုက္က ဖြစ်ခဲ့သူ) သာဓကဖြင့် ပြည့်စုံစွာ ဟောကြား ထားသည်။   <Dhammadownload Mp3 Disc 02: 06>
ဘယ်တရားလွန်မှ ကောင်းသနည်း / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ)။  ရန်ကုန်၊ ၁၃၅၉။  
သမထနှင့် ဝိပဿနာဟူသော ဘာဝနာနှစ်မျိုး။ ဘာဝနာတစ်မျိုးစီတွင် သာလွန်သင့်သည့် တရား။ မြတ်စွာဘုရားရှင် တရားဟောကြားတော်မူနည်း။ သဒ္ဓါနှင့် ပညာ၊ ဝီရိယနှင့် သမာဓိ ညီမျှစေခြင်း။ ယောဂီဟောင်းများ၏ အချို့ သော အပြုအမူများ စသည်တို့ကို ဟောကြား ထားသည်။  <Dhammadownload Mp3 Disc 02: 02>
ဝီရိယ သမ္ဗောဇ္ဈင် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ)။  ပဲခူး၊  ဖေဖေါ်ဝါရီ ၁၃၊ ၂၀၀၆။  
ဝီရိယသမ္ဗောဇ္ဈင် အကြောင်း ဟောကြားရာတွင် ဓမ္မရေးနှင့် လောကရေးဆိုင်ရာ ဝီရိယစိုက် ထုတ်ပုံချင်းမတူကြ သော ပုဂ္ဂိုလ်လေးမျိုး။ ဝီရိယ၏ လက္ခဏာ၊ ကိစ္စ၊ သဘောနှင့် ဝီရိယဖြစ်ရန် လိုအပ်ချက်များ ပါဝင်သည်။  <Dhammadownload 053>
သဒ္ဓါ နှင့် မစ္ဆရိယတိုက်ပွဲ / ဒေါက်တာ ဦး ဉာဏိဿရ (သီတဂူဆရာတော်)။  ရန်ကုန်၊ ဒီဇင်ဘာ ၂၄၊ ၁၉၇၈။   
သဒ္ဓါ၏အခြေခံကြောင်းရင်း၊ လက္ခဏာ၊ ကိစ္စ၊ ထင်ရှားသောသဘောနှင့် အကျိုးကျေးဇူးများ။ သဒ္ဓါတရား နှင့် မျိုးစေ့ နှိုင်းယှဉ်ဥပမာပြချက်။ သဒ္ဓါ၏ရန်သူ မစ္ဆရိယနှင့် ၄င်းကိုအပြီးတိုင် ဖယ်ရှားရေးတို့ကို ဟောကြား ထားသည်။  <Dhammadownload Mp3 Disc 04: 02>   
အရှုမှားက တရားမရ  / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ)။  ရန်ကုန်၊ ၁၃၅၆။
သင်္ခါရ၊ အနိစ္စနှင့် လက္ခဏာတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် မှန်ကန်သော တရားရှုပွါးမှု တို့ကို ဟောကြားထားသည်။  <Dhammadownload Mp3 Disc 02: 01>
Posted by  ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment