Friday, October 1, 2010

ထေရဝါဒ ဓမ္မ အသံစု (၁)

ကာယမီမံ အလုပ်ပေးတရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
ခန္ဓာ၏ဖြစ်ခြင်း နှင့် ပျက်ခြင်းသဘောကို ရှုပွားသည့် ၀ိပဿနာကျင့်စဉ် လမ်းညွှန်ချက်။ 
အမှန်ကိုအမှန်အတိုင်း သိမြင်သော ယထာဘူတဉာဏ် နှင့် နိဗ္ဗိဓါဉာဏ်အကြောင်း။ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်စသည်တို့ကို ရှင်းလင်းဟောကြားထားသည်။ <Dhammadownload အလုပ်ပေး (): 1>
ကိလေသာပယ်နိုင်မှ ချမ်းသာရ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)[ခုနှစ်မရှိ]
ကုသိုလ် သုံးမျိုး (ဒါန၊ သီလ၊ ဘာဝနာ)၊ ကိလေသာ သုံးပါး (အနုသယ၊ ပရိယုဋ္ဌာန၊ ဝီတိက္ကမ)။ ကိလေသာကို ကုသိုလ်ကောင်းမှုဖြင့် ဖယ်ရှားခြင်းနှင့် အကျိုး ကျေးဇူးများ စသည်တို့ 
ပါဝင်သည်။ <Dhammadownload Mp3 Disc 01:01>
ဓမ္မ၀ိစယ သမ္ဗောဇ္ဈင် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဖေဖေါ်ဝါရီ ၂၊ ၂၀၀၆။
ဓမ္မ၀ိစယသမ္ဗောဇ္ဈင်ကို ရှင်းလင်းခြင်း - ပညာ၏သဘာဝနှင့်ကိစ္စ၊ ၀ိပဿနာ၏အဓိပ္ပါယ်၊ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင် ဖြစ်ရန် ရှိရမည့်အချက်များ၊ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ဝီရိယ နှင့် သတိ ညီမျှစေခြင်း။ ဥပမာပြ ဇာတ်ကြောင်း - ရှင်သောန၊ အရှင်အာနနန္ဒာ။ <Dhammadownload 052>
ပဗ္ဗဇ္ဇမင်္ဂလာသာသနာပြု ကုသိုလ် တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၁၇၊ ၁၉၉၆။
ကုသိုလ်သုံးမျိုး (ဒါန၊ သီလ၊ ဘာဝနာ)တို့၏ အဓိပ္ပါယ် ဖွင့်ဆိုချက်။ ပဗ္ဗဇ္ဇရှင်ပြုမင်္ဂလာပွဲတွင် ရရှိသည့် ဘာဝနာနုဿတိငါးမျိုး၊ လှူဒါန်းခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ။ ဥပမာပြ ဇာတ်ကြောင်း - ရှင်တိဿ။ <Dhammadownload Mp3 Disc 01:02>
မဟာသဠပုတ္တသုတ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဒီဇင်ဘာ ၁၆၊ ၂၀၀၅။
သံသရာ၊ ခန္ဓာငါးပါး နှင့် ၄င်းတို့၏ဆက်စပ်မှု၊ ဘုရား၊ တရား၊ သံဃာတို့၏ ဂုဏ်ကျေးဇူးများ။ မဟာသဠပုတ္တသုတ်ကို ဥပမာပြဟောကြားထားသည်။ <Dhammadownload 022>
မဂ္ဂင်ရှစ်ဖော် ယာဉ် ပျံတော် / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) စစ်ကိုင်း၊ ၁၃၅၆။
အခြေခံမဂ္ဂင်သုံးပါး - () ပညာမဂ္ဂင်နှစ်ပါး (သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ္ပ)() သီလမဂ္ဂင်သုံးပါး (သမ္မာဝါစာ၊ သမ္မာကမ္မ န္တ၊ သမ္မာအာဇီဝ)() သမာဓိမဂ္ဂင်သုံးပါး (သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ) တို့၏ ဆိုလိုရင်း၊ ဆောင်ရွက်ပုံနှင့် ကျင့်ကြံအားထုတ်ကြရန် ဟောကြားထားသည်။ ရဟန္တာများအဘယ်ကြောင့် အားထုတ်ကြသေးကြောင်း ရှင်းလင်းချက်လည်းပါရှိသည်။ <Dhammadownload Mp3 Disc 06:04>
ဝိပဿနာမခက် ဒါနခက် / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၆။
ဒါနပြုလုပ်ရန် တွန့်ဆုတ်ခြင်း၊ ပုဗ္ဗစေတနာ(မလှူမီ)၊ မုဉ္စစေတနာ(လှူဆဲ) နှင့် အပရစေတနာ (လှူပြီး) စသည့် စေတနာသုံးတန် နှင့် လှူဒါန်းကြရန်၊ စေတနာပြဌာန်းမှု မပြည့်ဝ၍ဖြစ်ရသော ထိခိုက်မှုများ။ ၀ိပဿနာအားထုတ်ခြင်း နှင့် လှူဒါန်းခြင်း နှိုင်းယှဉ်ချက်တို့ကို ဟောကြားထားသည်။ <Dhammadownload Mp3 Disc 01:04>
သတိသမ္ဗောဇ္ဈင် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဖေဖေါ်ဝါရီ ၁၊၂၀၀၆။
ဗောဇ္ဈင်တရားဆိုသည်မှာ။ သတိသမ္ဗောဇ္ဈင်၏ အင်္ဂါနှင့်သဘာဝ၊ သတိသမ္ဗောဇ္ဈင်ဖြစ်ရန် လိုအပ်ချက်။ သတိ၏အဖော် ပညာ။ ၀ိပဿနာကျင့်စဉ် စသည် တို့ကိုဟောကြားထားသည်။
သီလ သမာဓိ ပညာ အရေးကြီးပုံ မဟာမိတ္တရဟန်း / ဦးဝိမလ (မိုးကုတ်ဆရာတော်)။  အမရပူရ၊ အောက်တို ဘာ ၁၃၊ ၁၉၅၆။
သီလ၊ သမာဓိ နှင့် ပညာ အရေးကြီးပုံကို မဟာမိတ္တရဟန်း ဇာတ်ကြောင်းဖြင့် နမူနာပြ ဟောကြား ထားသည်။ <Dhammadownload Mp3 Disc 3: 1>
အနုရာဓ ဥပမာပြ ဒိဋ္ဌိ ဖြုတ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မိဂဒါဝုန်၊ စက်တင်ဘာ ၁၈၊ ၂၀၀၄။
ဒိဋ္ဌိ ၏ အဓိပ္ပါယ်နှစ်ခု၊ ဒိဋ္ဌိနှစ်မျိုး။ ဓမ္မဂုဏ်တော်။ အနုရာဓရဟန်း ဥပမာပြ ဇာတ်ကြောင်းဖြင့် အနုရာဓ သုတ္တန်လာ ခန္ဗာငါးပါးအပေါ် အမြင်မှန်ရရှိကြရန်ထင်ရှားရှင်းလင်းစွာ   ဟောကြား ထားသည်။ <Dhammadownload 002>

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment