Monday, August 29, 2016

ဓမ္မပဒ ၁ဝ၄၊ ၁ဝ၅ [ခုဒ္ဒကနိကာယ်]


၈ - သဟဿ       ဝဂ္ဂ၊ တစ်ထောင် တရားတော် စာစုများ
၎ - အနတ္တပုစ္ဆကဗြာဟ္မဏဝတ္ထု

အတ္တာ ဟဝေ ဇိတံ သေယျော၊ ယာ စာယံ ဣတရာ ပဇာ။
အတ္တဒန္တဿ       ပေါသဿ      ၊ နိစ္စံ သညတစာရိနော။
နေဝ ဒေဝေါ န ဂန္ဓဗ္ဗော၊ န မာရော သဟ ဗြဟ္မုနာ။
ဇိတံ အပဇိတံ ကယိရာ၊ တထာရူပဿ       ဇန္တုနော။
၁၀၄-၁၀၅။ ကိုယ်တွင်းကိလေသာတို့ကို နိုင်ခြင်းဖြင့် မိမိကိုယ်ကို
အောင်နိုင်ခြင်းသည် မြတ်၏။ လောင်းတန်းကစားခြင်း စစ်တိုက်ခြင်း
စသည်ဖြင့် သူတစ်ပါးကို အောင်နိုင်ခြင်းသည် မမြတ်။ မိမိကိုယ်ကို ဆုံးမပြီးသော၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံးကို အမြဲစောင့်စည်းလေ့
ရှိသော၊ ထိုသို့ သဘောရှိသော၊ သတ္တဝါတို့၏ အောင်ခြင်းကို နတ်သည် လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သည်လည်းကောင်း၊ ဗြဟ္မာနှင့် တကွသော မာရ်နတ်သည်လည်းကောင်း ရှုံးအောင် မပြုနိုင်ရာ။ 

Posted by ဉာဏ်ဦး

No comments:

Post a Comment