Friday, July 29, 2016

ဓမ္မပဒ ၁ဝ၂၊ ၁ဝ၃ [ခုဒ္ဒကနိကာယ်]


၈ - သဟဿ ဝဂ္ဂ၊ တစ်ထောင် တရားတော် စာစုများ
၃ - ကုဏ္ဍလကေသီထေရီဝတ္ထု

ယော စ ဂါထာ သတံ ဘာသေ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဓမ္မပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။
ယော သဟဿံ သဟေဿန၊ သင်္ဂါမေ မာနုသေ ဇိနေ။
ဧကဉ္စ ဇေယျမတ္တာနံ၊ သ ဝေ သင်္ဂါမဇုတ္တမော။
၁၀၂။ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာတစ်ရာကို ရွတ်ဆိုစေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော တရားတစ်ပုဒ်ကို ရွတ်ဆိုခြင်းသည်သာ ပိုလွန်၍မြတ်၏။
၁၀၃။ အကြင်စစ်သူရဲတစ်ယောက် စစ်မြေပြင်၌ စစ်သည် ဗိုလ်ပါတို့ကို အကြိမ်တစ်သန်း အောင်နိုင်ရာ၏။အကြင်သူရဲကောင်းတစ်ယောက်

သည်ကား ကိုယ်တွင်းကိလေသာကို တစ်ကြိမ်တစ်ခါမျှ အောင်နိုင်ရာ၏။ ကိုယ်တွင်းကိလေသာကို တစ်ကြိမ်အောင်နိုင်သော ထိုသူသည်သာ စစ်အောင်သူတို့တွင် အမြတ်ဆုံးဖြစ်၏။
 

Posted by ဉာဏ်ဦး

No comments:

Post a Comment