Monday, May 25, 2015

ဓမ္မသုတ (၅၁)


နိဗ္ဗာန်တူသော- ဘောဇဉ်

ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့အား အသက်ကို ဆောင်ထား သကဲ့သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သူတို့အား အိုခြင်း၊
သေခြင်း၊ ပျက်စီးခြင်းမှ အသက်ကို ဆောင်ထားတတ်၏။
ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့အား အားကို တိုးပွားစေသကဲ့ သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့အား တန်ခိုးအားကို တိုးပွားစေ၏။
ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့အား အဆင်းကို ဖြစ်စေသကဲ့ သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့အား ဂုဏ်တည်းဟူသော အဆင်းကို ဖြစ်စေ၏။
ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့၏ ပူပန်ခြင်းကို ငြိမ်းစေသကဲ့ သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့၏ ကိလေသာတည်းဟူသော ပူပန်မှု အားလုံးကို ငြိမ်းစေတတ်၏။
ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့၏ ငတ်မွတ်ခြင်း၊ အားနည်း 
ခြင်းကို ပယ်ဖျောက်သကဲ့သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့၏ အလုံးစုံသော ဆင်းရဲတည်းဟူသော ဆာလောင် အားနည်းမှုကို ပယ်ဖျောက်တတ်၏။
စာကိုး။ မိလိန္ဒပဉှာပါဠိတော်၊ ဝေဿ        န္တရဝဂ်၊ နိဗ္ဗာနရူပသဏ္ဍာနပဉှာ။

Posted by  အေးဆက်

Saturday, May 23, 2015

ဓမ္မပဒ ၈၅-၈၆ [ခုဒ္ဒကနိကာယ်]


၆ - ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၁ဝ - ဓမ္မဿ       ဝနတ္ထေရဝတ္ထု

အပ္ပကာ တေ မနုေဿ       သု၊ ယေ ဇနာ ပါရဂါမိနော။
အထာယံ ဣတရာ ပဇာ၊ တီရမေဝါနုဓာဝတိ။
ယေ စ ခေါ သမ္မဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနာ။
တေ ဇနာ ပါရမေဿ        န္တိ မစ္စုဓေယျံ သုဒုတ္တရံ။
၈၅။ လူအပေါင်းတို့တွင် ထိုမှာဖက်စွန်း နိဗ္ဗာန်ကျွန်းသို့ ကူးမြောက်သော လူတို့သည် နည်းပါးကုန်၏။ နိဗ္ဗာန်ကူး မြောက်သူမှတစ်ပါး ကြွင်းလူများ သည် (သက္ကာယဒိဋ္ဌိတည်းဟူသော) ဤမှာဖက်ကမ်း၌သာလျှင် ခေါက် တုံ့ခေါက်ပြန် ပြေးသွားနေ၏။
၈၆။ ကောင်းစွာ ဟောအပ်သော တရားတို့ကို တရားအားလျော်စွာ ကျင့်ကြံကုန်သော သူတို့သည် ကူးမြောက်နိုင်ခဲသော သေမင်းနေရာ သံသရာကို (ကူးမြောက်၍) နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့
ရောက်ကုန်လတ္တံ့။

Posted by ဉာဏ်ဦး

Thursday, May 21, 2015

ဓမ္မပဒ ၈၄ [ခုဒ္ဒကနိကာယ်]


၆ - ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၉ - ဓမ္မိကတ္ထေရဝတ္ထု

န အတ္တဟေတု န ပရဿ        ဟေတု၊
န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ။
န ဣစ္ဆေယျ အဓမ္မေန သမိဒ ̈ိမတ္တနော၊
သ သီလဝါ ပညဝါ ဓမ္မိကော သိယာ။
၈၄။ ပညာရှိမည်သည် မိမိအကြောင်းကြောင့် ဖြစ်စေ၊ သူတစ်ပါးအကြောင်း
ကြောင့် ဖြစ်စေ (မကောင်းမှုကို မပြု၊) မကောင်းမှုဖြင့် သားသမီး ဥစ္စာ တိုင်းပြည်ကို အလိုမရှိရာ၊ မတရားမှုဖြင့် မိမိ၏ ပြည့်စုံမှုကို အလိုမရှိရာ၊ ထိုသို့ သဘောရှိသော ပုဂ္ဂို လ်မျိုးသည် သီလရှိသူ ပညာရှိသူ တရားရှိသူ
ဖြစ်၏။
 

Posted by ဉာဏ်ဦး

Thursday, May 14, 2015

ဘဝနေဟန် တရားမှန် (၂၇)


အမျှ အတန်းဝေခြင်း (ပတ္တိဒါန)

မိမိရအပ်ပြီးသော ကုသိုလ်အဖို့ကို သူတစ်ပါးတို့အား မိမိနှင့် ထပ်တူ အကျိုးရစေရန် အမျှ အတန်းပေးဝေခြင်းသည် ပတ္တိဒါနမည်၏။
ကုသိုလ်အဖို့ကို အမျှ အတန်းပေးဝေလိုက်၍ မိမိကုသိုလ်အဖို့
လျော့နည်းမသွားသည့်အပြင် အခြားသူများပါ မိမိကုသိုလ်၏
အကျိုးကို ရရှိနိုင်သည်။
ထို့ကြောင့် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ စေတနာသုံးတန် 
ပြဌာန်းကာ ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးတိုင်း အမျှ အတန်း ပေးဝေ အပ်ပေ၏။   

စာကိုး။ ဗုဒ္ဓဒေသနာတော်ဝေါဟာရအဘိဓာန်။ ရန်ကုန်၊ သာသနာရေး ဦးစီးဌာန၊ ၁၉၉၆။

Posted by အေးဆက်

Tuesday, May 12, 2015

ဓမ္မသာကစ္ဆာ (၃၄)


အင်ကြင်းတောကို အလှဆင်ခြင်း

တစ်ရံခါသော် ဂေါတမဘုရားရှင်၏ သာသနာ၌ ထိပ်တန်းရောက် ဧတဒဂ်ရ သူတော်စင်မထေရ်မြတ်ကြီး ခြောက်ပါးသည် အင်ကြင်းတောတွင် ရောက်
ရှိလျက်နေကြသည်။ သာယာလှပသော သဘာဝတရားကို ကြည့်ရှုနေ ရင်းမှ ပညာအရာ၌ အကြီးမြတ်ဆုံးဖြစ်သည့် အရှင်သာရိပုတ္တရာ မထေရ်မြတ် ကြီးက စတင်၍ မေးခွန်းထုတ်လိုက်လေသည်။

အရှင်သာရိပုတ္တရာ

ငါ့ရှင်အာနန္ဒာ၊ ဒီမျှလှပတင့်တယ်ပြီး ပင်လုံးကျွတ်ပွင့်နေတဲ့ အင်ကြင်းတောကြီးကို ပိုမိုကျက်သရေ မင်္ဂလာအပေါင်း ခညောင်းလာစေအောင် အဘယ်သို့ ပြုလုပ်ရရင် ကောင်းပါ မလဲ။
အရှင်အာနန္ဒာ
အရှင်ဘုရား၊ အစ အလယ် အဆုံး သုံးပါးလုံး၏ ကောင်းခြင်းနဲ့
ပြည့်စုံတဲ့ တရားတော်တို့ကို ဟောပြောနာကြားကြကာ ဝိပဿ       နာဘာဝနာကို အားထုတ်နေကြမယ်ဆိုရင် လှပတင့်တယ်
ပျော်မွေ့ဖွယ်ဖြစ်တဲ့ ဒီအင်ကြင်းတောကြီးဟာ ပိုလို့သာ ကျက်သရေ မင်္ဂလာကို ဆောင်ဖွယ်ဖြစ်ပါတယ်ဘုရား။
အရှင်ရေဝတ
အရှင်ဘုရား၊ သမထကို အားထုတ်ကာ ဈာန်ဝင်စားပြီး ဝိပဿ နာဘာဝနာကို ကြိုးစားအားထုတ် နေကြပါက ဒီအင်ကြင်းတော
ကြီးဟာ ပိုမိုတင့်တယ် မင်္ဂလာရှိဖွယ် ဖြစ်ပါတယ်ဘုရား။
အရှင်အနုရုဒ္ဓါ
ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် သတ္တဝါအနန္တရဲ့ဆင်းရဲဒုက္ခကို ခွဲခြမ်း
စိတ်ဖြာ ကြည့်ရှုကာ သံဝေဂဖြင့် ဝိပဿ       နာကို ပွားများရရင် ဒီအင်ကြင်းတော ကြီးကို ပိုမိုလို့သာ အလှဆင်သလို ဖြစ်ပါ
လိမ့်မယ်ဘုရား။
အရှင်မောဂ္ဂလာန်
ဒီအင်ကြင်းတောကြီးမှာ အဘိဓမ္မာတရားကို ဆွေးနွေးမေးမြန်း
ဖြေဆိုကြကာ ဝိပဿ       နာကို ကြိုးစားအားထုတ်ကြပါမူ  ပိုမို တင့်တယ်မွေ့ လျော်ဖွယ်ဖြစ်ပါတယ်ဘုရား။
အရှင်မဟာကဿ       ပ
ဓုတင်ကိုဆောင်လျက် ဝိပဿ       နာဘာဝနာ အားထုတ်ကြပါက ဒီအင်ကြင်းတောကြီးဟာ သာလွန် တင့်တယ်မှာ ဖြစ်ပါတယ်
ဘုရား။
နောက်ဆုံးတွင် အားလုံးက အရှင်သာရိပုတ္တရာ၏ အမြင်ကို ပြန်လည်
မေးမြန်းကြလေသည်။
 

ရှင်သာရိပုတ္တရာ
စိတ်ရဲ့ အလိုကိုမလိုက်ဘဲ သီလ၊ သမာဓိတည်လျက် ဝိပဿ        နာ ဘာဝနာကို အားထုတ်ရရင် ဒီအင်ကြင်းတောကြီးဟာ သာလို့ပင် တင့်တယ်မွေ့ လျော်ဖွယ်ဖြစ်ပေမယ် အရှင်ဘုရား တို့။
ထို့နောက် လောကသားအားလုံး၏ တစ်ဆူတည်းသော ဆရာဖြစ်တော် မူသည့် မြတ်စွာဘုရား၏ အဆုံးအဖြတ်ကို နာကြားကြရန် ချဉ်းကပ်ခဲ့ ကြလေသည်။
 

မြတ်စွာဘုရား
ချစ်သားတို့၊ သင်တို့ထင်မြင်ကြသည့်အတိုင်းလည်း ကောင်းလှ
ပါပေတယ်။ ငါဘုရားရဲ့ အလိုကား အကြင်ရဟန်းသည် ဆွမ်း
စားပြီး သည့်အခါ တစ်နေရာရာမှာ တင်ပျဉ်ဖွဲ့ ခွေကာ ငါတရား အားထုတ်အံ့၊ အာသဝေါမကုန်ရင် ဒီနေရာကမထတော့လို့
ဝိပဿ       နာတရားကို အားထုတ်ပြီး နေကြခြင်းသည် ဒီပင်လုံး
ကျွတ်ပွင့်ကာ နေသည့် အင်ကြင်းတောကို ပိုလွန်လှပ တင့် တယ်မွေ့လျော်ဖွယ် ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံစေ
မှာ ဖြစ်
ပေတယ်။
မထေရ်မြတ်များ
သာဓု သာဓု သာဓုပါဘုရား။
စာကိုး။  မြသန်းစံ။ စကားလုံးမပါသော စကားဖြင့် သက်သေပြခဲ့ခြင်း သို့မဟုတ်...။ သံဃာဂုဏ်ကျေးဇူး ဆိုင်ရာ ဓမ္မဆောင်းပါးအစု။ ၂၀၀၆။
 

Posted by အေးဆက်

ထေရဝါဒ ဟောဓမ္မ (၄၄)


ဇနိတာလင်္ကာရ၊ ဘဒ္ဒန္တ။ အကောင်းဆုံးလမ်းက သွားကြပါ။ ရန်ကုန်၊ ၁ ဩဂုတ် ၂ဝဝ၈။
လမ်းသုံးသွယ် နှင့် ယင်းတို့၏ လမ်းဆုံး (ကံ၊ ဈာန် နှင့် ဉာဏ် လမ်းများ)၊ ပုဂ္ဂိုလ်လေးမျိုး၊ သုသိမသုတ္တန်၊ အနတ္တလက္ခဏ သုတ္တန် နှင့် ဓမ္မစကြာလာ ဉာဏ်စဉ်များ၊ စူဠရာဟုလောဝါဒ သုတ္တန်တို့ပါရှိ၏။ http://goo.gl/Ca2FnX
ဉေယျဓမ္မသာမိ၊ ဝနဝါသီအရှင် (မဟာဗောဓိမြိုင် ဆရာတော်)။ သင်္ခါရ နှင့် အသင်္ခါရ။ ၃ ဇူလိုင် ၁၉၉၇။
သတ္တဝါတို့နယ်မြေနှစ်ခု (သင်္ခါရ နှင့် အသင်္ခါရ)၊ သင်္ခါရလေးမျိုး၊ အကုသိုလ်ကံဆိုးတစ်ခု နှင့် ကုသိုလ်သုံးခု (ကံကုသိုလ်၊ ဈာန်ကုသိုလ် နှင့် ဉာဏ်ကုသိုလ်)၊ အသင်္ခါရဟူသည်၊ သတိ၏
အရေးပါမှု စသည်တို့ကို ရှင်းလင်းဟောကြားထားသည်။
http://goo.gl/wUrVxS
ဓမ္မသာရ၊ ဦး (ဆင်ဖြူ ကျွန်း ဆရာတော်)။ ကောသမ္ဘီသုတ်တရားတော်။ ဆင်ဖြူ ကျွန်း၊ ၉ ဩဂုတ် ၁၉၉ဝ။
မဂ်တုဆယ်ပါးဖြစ်သော သြဘာသ၊ ဉာဏ၊ ပီတိ၊ ပဿ       ဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ၊ ဥပဋ္ဌာန၊ ဥပေက္ခာ နှင့် နိကန္တိတို့နှင့်အတူ၊
သောတာပန်၏ အင်္ဂါခုနစ်ပါးတို့ကို ဖော်ပြဟောကြားထား သည်။
http://goo.gl/6LqzIE
Posted by ဉာဏ်ဦး၊ အေးဆက်