Sunday, January 25, 2015

ဓမ္မသုတ (၄၇)

မရဏဿ       တိ ပုဂ္ဂိုလ်အခြေခံပွားနည်း
ငါ့အောက်ငယ်တွေ၊ နေ့တိုင်းသေ၊ အသေမစဲပါတကား။
ငါ့အရွယ်တွေ၊ နေ့တိုင်းသေ၊ အသေမစဲပါတကား။
ငါ့ထက်ကြီးတွေ၊ နေ့တိုင်းသေ၊ အသေမစဲပါတကား။
ဧကန်မလွဲ၊ ငါလဲပဲ၊ သေပွဲဝင်ရမှာပါတကား။
ဖြစ်ခြင်းပျက်ခြင်း၊ လျင်မြန်ခြင်း၊ သေခြင်းနီးလှပါတကား။
သေမယ့်ဘေးကြီး၊ အလွန်နီး၊ ခုလဲသေနိုင်ပါတကား။
မရဏဿ       တိ ပွားများရခြင်းအကျိုး
သေခြင်းတရား၊ သတိထား၊ ရှုပွားသူတို့မှာ။
ဇီဝိတမာန်၊ ခေါင်းပါးပြန်၊ ပယ်လှန်လုံးစုံသာ။
ဒုစရိုက်ပယ်ခွါ၊ သုစရိုက်သာ၊ ပြုကာနိဗ္ဗာန်ရောက်မည်သာ။
ပညာဝရ၊ အရှင် (ဓမ္မဒူတ၊ သိမ်ဇရပ်)။ သေခြင်းတရားကို အမှတ်ရခြင်းတရားတော်။
 

Posted by အေးဆက်

No comments:

Post a Comment