Wednesday, January 14, 2015

ဘဝနေဟန် တရားမှန် (၂၃)


စံပြကုရုတိုင်းသားများ
 

မြတ်စွာဘုရားသည် ကုရုတိုင်း၊ ကမ္မာသဒမ္မနိဂုံး၌ သီတင်းသုံးတော်မူစဉ် မဟာသတိပဋ္ဌာန သုတ်တော်ကို ကုရုတိုင်းသား ပရိသတ်တို့အား ဟော ကြားတော်မူလေသည်။ ထိုပရိသတ်တို့သည်သာ နက်နဲသော တရားများကို နာယူနိုင်စွမ်းရှိသဖြင့် ဟောတော်မူရခြင်း ဖြစ်၏။

ထိုအချိန်က ကုရုတိုင်းသားပြည်သူများ၏ လူမှုတိုးတက်ရေးသည်အလွန်
ပြည့်စုံ မြင့်မားလှ၏။ ရာသီဥတု ကောင်းမွန်၍ အာဟာရပြည့်ဝကောင်း မွန်မှုတို့ကြောင့် ဖြစ်ဟန်တူပါသည်။ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာပုံ ရကြ ပါသည်။ ထိုကြောင့် တရားနာယူနိုင်စွမ်း အသိဉာဏ် ရှိကြခြင်းဖြစ်၏။ များသောအားဖြင့် ကုရု တိုင်းသူပြည်သား လူတိုင်းလိုလို သတိပဋ္ဌာန်စကား ကိုပဲ ပြောကြဆိုကြသည်။ လုပ်ငန်းခွင်မှာလည်း အကျိုးမဲ့စကားကို မပြော ကြ။ အချင်းချင်း တွေ့ဆုံကြ၍ အပြန်အလှန် ဆက်ဆံပုံသည် မှတ်သား

လောက်ပါပေသည်။ "အစ်ကိုရေ၊ ဒီနေ့ ဘာတရားများ ပွားဖြစ် သလဲ" ဟု 
မေးက အလုပ်များလို့ ဘာမှမပွားဖြစ် ဟုဆိုလျှင် အစ်ကို့ အသက်ရှင်ခြင်းဟာ ရှင်နေပေမယ့် လူသေနဲ့ အတူတူပါပဲလား။ ဒီလိုတော့ မနေပါနဲ့ဗျာ။ သတိ ပဋ္ဌာန်လေးပါးမှ တစ်ပါးပါးကို အားထုတ်နေပါလားဟု တိုက်တွန်းလေ့ရှိ၏။ ထိုသို့မဟုတ် ဘဲ ထွက်လေ ဝင်လေ မှတ်ဖြစ်ပါတယ်ဟု ပြန်ဖြေသူ ကိုကား ရှင်ခြင်း ကောင်းပါဘိ၊ ဘုရားပွင့် လာတာ ခင်ဗျား အတွက်ပါပဲလားဟု အပြန်အလှန် ဆက်ဆံတတ်ကြ သည်။

ကုရုတိုင်းသားတို့၏ လူမှုဘဝနေဟန်မှာ ယဉ်ကျေးပြီး အဆင့်မြင့်မား လှ၏။ ယနေ့ ဗုဒ္ဓဘာသာဝင်များလည်း အားကျ ကြဖို့ ကောင်းပါ၏။ ။
 

Posted by ဉာဏ်ဦး

No comments:

Post a Comment