Sunday, August 3, 2014

ထေရဝါဒ ဟောဓမ္မ (၃၅)


ရေဝတ၊ အရှင် (ဖားအောက်တောရ)။ လူ့ အဆင့်အတန်း။ ၂၆ မတ် ၂ဝဝ၇။ 
လူ့အဆင့်အတန်း အမျိုးအစားများ၊ အဆင့်အတန်း သတ်မှတ်ပုံ၊ ဘုရားအလောင်းတော်တို့ တောထွက်ရခြင်း အကြောင်း
သုံးချက်နှင့် ကာမဂုဏ်တို့ကို ဖေါ်ပြဟောကြားထားသည်။
ရေဝတ၊ အရှင် (ဖားအောက်တောရ)။ အရုဏ်နှင့်ဆည်းဆာ။ ၁၄ ဇန္နဝါရီ ၂ဝဝ၇။
မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့သည် အရုဏ်နှင့် ဆည်းဆာ
တို့နှင့်တူပုံ၊ ယင်းကာလနှစ်ခုအတွင်း၌ တန်ဖိုးရှိသည့် ပညာရှိ
အဖြစ်ဖြင့် နေထိုင်တတ်ရန်၊ ဗုဒ္ဓမိန့်ကြားသည့် ပညာရှိ၊ ဒါန၊
သီလ၊ ဘာဝနာတို့၏ အကျိုးစသည်များကို ရှင်းလင်းဟောကြား ထားသည်။
ဝိလာသဂ္ဂ၊ အရှင် (သဒ္ဓမ္မရံသီ)။ ဘုံဘဝစော်မနံနဲ့ ။ [ခုနှစ်မပါ]
အတ္တဒိဋ္ဌိ၊ ဒါနနှင့် သီလတို့သည် နတ်ပြည်သို့ မုချဧကန်ရောက်
စေနိုင်သလော၊ အဝိဇ္ဇာ၏ လွှမ်းမိုးမှု၊ ဝိပဿနာရှုမှတ်ခြင်းဆို
သည်မှာ၊ သန့်ရှင်းသော ဒါန၊ သီလ၊ ဘာဝနာစသည့် တရားများ
ကို တင်ပြဟောကြားထားသည်။
ဝိလာသဂ္ဂ၊ အရှင် (သဒ္ဓမ္မရံသီ)။ သင်္ခါရပစ္စယာ ဝိညာဏံ။ [ခုနှစ်မပါ]
အာရုံနှင့် စိတ်၊ သက္ကာယဒိဋ္ဌိ၊ ရှုမှတ်စိတ်တို့ကို ရှင်းလင်း
ဟောကြား ထားသည်။
သီလာနန္ဒာဘိဝံသ၊ ဒေါက်တာအရှင်။ ဘုရားရတနာ (၁)။ ဇူလိုင် ၁၉၉၁။
ကိုးကွယ်ရာ ရတနာသုံးပါး၊ ဗုဒ္ဓဟူသည်နှင့် ဗုဒ္ဓသိသည်များ၊
ဗုဒ္ဓ၏ ထူးခြားအံ့ဖွယ်ရာများ၊ သစ္စာလေးပါးနှင့် အနတ္တတရား
တို့ကို ဖေါ်ပြဟော ကြားထားသည်။
သီလာနန္ဒာဘိဝံသ၊ ဒေါက်တာအရှင်။ ဘုရားရတနာ (၂)။ ဇူလိုင် ၁၉၉၁။
ဗုဒ္ဓ၏ လွတ်လပ်စွာတွေးခေါ်ခြင်းကို ကြိုက်နှစ်သက်မှု၊ မှန်ကန်
သည်ဟု အလွယ်တကူ လက်မခံသင့်သည့် အချက်များ၊ ဗုဒ္ဓ
ဘာသာ၏ သဘာဝနိယာမ၊ အမျိုးဇာတ် ခွဲခြားမှုကို ဗုဒ္ဓ
ပယ်တော်မူပုံ၊ အလုပ်အလုပ်ဆုံးပုဂ္ဂိုလ်- ဗုဒ္ဓ စသည်တို့ပါရှိ၏။
Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment