Thursday, January 9, 2014

ထေရဝါဒ ဟောဓမ္မ (၂၈)


ဃောသိတ၊ ဦး။ ပဋိစ္စသမုပ္ပါဒ် နှင့် ကမ္မဘဝရှင်းတမ်း။ ၁၄ ဧပြီ ၁၉၉၄။
သတ္တဝါများသည် အဘယ်ကြောင့် စိတ်ထဲတွင် ရှုပ်ထွေးနေကြ ရကြောင်း၊ ပဋိစ္စသမုပ္ပါဒ် အသွယ် ရှစ်သွယ်ဖြစ်သည့် မူလနှစ်
ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ သုံးပါး အစပ်၊
ဝဋ်သုံးဝ၊ ကာလသုံးဖြာနှင့် ခြင်းရာနှစ်ဆယ်တို့နှင့်အတူ၊ ကမ္မဘဝကို ထင်ရှားအောင် ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ဃောသိတ၊ ဦး။ ရှေးအတိတ် ကံစွမ်းအားကြောင့် ဖြစ်ပေါ်လာပုံ တရား
တော်။ ၁၄ ဧပြီ ၁၉၉၃။

ပဋိစ္စသမုပ္ပါဒ် အစပ်သုံးပါး (သင်္ခါရနှင့် ဝိညာဏ်၊ ဝေဒနာနှင့် တဏှာ၊ ကမ္မဘဝနှင့် ဇာတိ)၊ သဿ       တဒိဋ္ဌိ နှင့် ဥစ္ဆေဒဒိဋ္ဌိ၊ စိတ်သုံးမျိုး၊ နာမ်နှင့် ရုပ်တရား၊ ရုပ်၏ အရွယ်အစား နှင့် ကြီး ထွားလာပုံ၊ အာယတန တစ်ဆယ့်နှစ်ပါး၊ ဓါတ်တစ်ဆယ့်ရှစ် ပါးတို့အား ဟောကြားချက်များပါရှိသည်။  တရားနာပါ။
ဇောတိက၊ ဦး (ပခုက္ကူ လေယာဉ်ကွင်းဆရာတော်)။ ပုဂ္ဂိုလ်ဆယ်မျိုးတ ရား တော်။ ဆစ်ဒနီ၊ ၄ မတ် ၂ဝ၁၁။
အာဇီဝဋ္ဌမက သီလ၊ ဗုဒ္ဓ ဟောကြားတော်မူသော ပုဂ္ဂိုလ်ဆယ် မျိုး၊ ဗုဒ္ဓ ချီးကျူးသည့် ပုဂ္ဂိုလ်၊ ယင်းတရားတော်ကို ဗုဒ္ဓဟောကြား
တော်မူရသည့် အကြောင်းစသည်တို့ကို ဖေါ်ပြထားသည်။
တရားနာပါ။

ဇောတိက၊ ဦး (ပခုက္ကူ လေယာဉ်ကွင်းဆရာတော်)။ လောကဓံ။ ဆစ်ဒနီ၊ ၅ မတ် ၂ဝ၁၁။
ရိုးရိုးသီလဆောက်တည်ခြင်း နှင့် အထူးသီလဆောက်တည်
ခြင်းတို့၏ ကွာခြားချက်၊ လောကဓံရှစ်ပါး၊ သူတော်ကောင်း နှင့် လူမိုက်တို့၏
လောကဓံကို ရင်ဆိုင်ကြပုံစသည်တို့ကို ရှင်းလင်း
ဟောကြားထားသည်။  တရားနာပါ။

ပညာဝရ၊ အရှင် (ဓမ္မဒူတ၊ သိမ်ဇရပ်)။ နောက်ကြောင်းပြန်တွေး စိတ် မလေးနဲ့ တရားတော်။ သိမ်ဇရပ်၊ ၁၃ ဧပြီ ၂ဝ၁၁။
ခန္ဓာ နှင့် ဂုဏ်ခြားနားပုံ၊ အတိတ်ကပြုခဲ့မိသော အမှားအတွက် ပူဆွေးနေမည့်အစား ပြုပြင်နေထိုင်ရန် တိုက်တွန်းစကား၊ ဦး တည်ချက်ထားလျက် ကြိုးစားအားထုတ်လျှင် နိဗ္ဗာန်ကို အသေ
အချာ မျက်မှောက်ပြု နိုင်ကြောင်းစသည့် တရားများပါရှိသည်။ တရားနာပါ။
ပညာဝရ၊ အရှင် (ဓမ္မဒူတ၊ သိမ်ဇရပ်)။ ဘဝလမ်းခွဲ။ ဘီးလင်း၊ ၁၄ ဇန္နဝါရီ ၂ဝ၁၃။
မိသားစုများအတွင်း မည်သို့ပေါင်းသင်းဆက်ဆံနေထိုင်ရန် နှင့် ခွဲခွါကြရသည့်အခါ မည်သို့ခွဲခွါကြရန်၊ ပထမ၊ ဒုတိယ၊ တတိယ အသက်အရွယ်တိုင်းတွင် တရားအားထုတ်ကြရန် လိုအပ်ပုံ၊
အမျိုး ဘာသာ သာသနာကြီးပွားရေးအတွက် ဆောင်ရွက်ရမည့် အချက်များ၊ ပုညန္တရာယ်နှင့် ဓမ္မန္တရာယ်၊ သံယောဇဉ်ကို လျှော့   
ကာ
မေတ္တာကို တိုးရန် တိုက်တွန်းချက်စသည်တို့ကို ဖေါ်ပြ ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment