ကာကွယ်ရေးတရား
လူတို့သည် မိမိတို့ထံ ဘေးရန်အန္တရာယ်များ မကျရောက်ဘဲ လုံခြုံ ခြင်း အလို့ငှါ နည်းမျိုးစုံဖြင့် အကာအကွယ်ပြုတတ်ကြသည်။ စင်စစ် လေးပါး
သော ကာကွယ်ရေးတရားများသည်သာ မိမိတို့အား ပြည့်စုံသော လုံခြုံ မှုကို ပေးနိုင်ပေသည်။ ယင်းတို့ကား--
၁။ ဗုဒ္ဓါနုဿ တိ ဘာဝနာပွါးများခြင်း၊ဗုဒ္ဓါနုဿ တိဘာဝနာပွါးများပါက သဒ္ဓါတရား တိုးပွားစေသည်။ ကောင်း မှုများကို ပြုသည့်အားလျော်စွာ သေသည်၏ အခြားမဲ့၌ သုဂတိသို့လား မည်ဖြစ်သည်။ မေတ္တာဘာဝနာ ပွါးများပါသော် ဒေါသကို ဖယ်ရှားနိုင် သည်နှင့်အမျှ ဘေးရန်အန္တရာယ် ကင်းပကွယ်မည်ပင်။
၂။ မေတ္တာ ဘာဝနာပွါးများခြင်း၊
၃။ အသုဘကမ္မဋ္ဌာန်း စီးဖြန်းခြင်း၊
၎။ မရဏဿ တိ- သေခြင်းတရားကို မပြတ်ဆင်ခြင်
အောက်မေ့ခြင်းတို့ ဖြစ်ကြသည်။
အသုဘကမ္မဋ္ဌာန်း စီးဖြန်းခြင်းဖြင့် ရာဂကို စင်စေသည်။ မရဏဿ တိ သေခြင်းတရားကို မပြတ်ဆင်ခြင်ပါ က မာနကို ကျစေလိမ့်မည်။
ရာဂနှင့် မာနတရားတို့ကား အပါယ်သို့လားစေသည့် တရားများဖြစ်ကြ သည်။ ယင်းတို့ကင်းစင်ခြင်းသည် အပါယ်တံခါး ပိတ်ခြင်းမည်ပါ၏။
သို့ပါ၍ ကာကွယ်ရေးတရားလေးပါးအား လက်ကိုင်ထားကျင့်သုံးလျက် လုံခြုံစွာနေထိုင်ကြရန် တိုက်တွန်းလိုပါသည်။
ကျမ်းကိုး။ ။နရပတိ၊ ဦး (ဖြူးဆရာတော်)။ အသက်သေသော်လည်း မျက်ရည်မကျစတမ်း တရားတော်။
Posted by အေးဆက်
No comments:
Post a Comment