Wednesday, August 7, 2013

ဓမ္မသုတ (၂၈)


ပါရမီ
အုန်းဆံကြိုး တစ်ပင်တည်းဖြင့် ဆင်ကို ဆွဲ၍ မရနိုင်။ အုန်းဆံ ကြိုးပေါင်းများစွာကို ကျစ်ပြီး ရသော ကြိုးဖြင့်သာ ဆင်ကို ဆွဲနိုင်သည်။
ထိုနည်းတူစွာ၊ အနည်းငယ်သော ပါရမီဖြင့် နိဗ္ဗာန်ကို မရနိုင်၊ ပါရမီများလာပါမှ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်သည်။
နာဂိန္ဒာလင်္ကာရ၊ အရှင်။ တရားနာရသော အကျိုး တရားတော်
ပါရမီလျော်စွာ အားထုတ်ရာ
ဆင်ကြီးသည် ရေသောက်လိုပါက ရေထဲသို့ အနည်းငယ် ဆင်းပြီးမှသောက်လျှင် ပိုမိုအဆင်ပြေသည်။ ယုန်ငယ်လေး မှာမူ ကမ်းစပ်တွင် သာ သောက်ရမည်ဖြစ်သည်။ ဆင်ကြီးသွား ရာနောက် လိုက်လံ၍သောက်ပါက ရေနစ်သေမည်ဖြစ်သည်။
နှစ်ကောင်လုံးအတွက် အဓိကမှာ ရေသောက်ရရေးဖြစ်၏။

ထို့အတူ၊ ဘုရား ရဟန္တာများမှာ ပါရမီရှင်များဖြစ်ပြီး ဆင်ကြီးနှင့် အလားတူသည် တရားအားထုတ် သူတို့သည်လည်း မိမိတို့၏ ပါရမီအလျောက် အားထုတ်ပါက ယုန်ငယ်လေး ရေသောက် ရသကဲ့သို့  တရားရ ကြမည်ဖြစ်သည်။
မာလာစာရ၊ ဘဒ္ဒန္တ (ညောင်ပင်သာဆရာတော်)။ ဝေးဝေးမှာ မနေပါနှင့် တရားတော်
Posted by အေးဆက်

No comments:

Post a Comment