Friday, August 16, 2013

ဓမ္မသုတ (၂၉)


ကုသိုလ်နှင့် အကုသိုလ်
လမ်းဘေးမြက်သစ်ပင်ကို မည်သူမျှ အလိုမရှိ။ ခုတ်ထွင် ရှင်း လင်းပစ်သည့်တိုင် ရေမလောင်းသော်လည်း ပြန်လည်ပေါက် ပွားလာတတ်သည်။ အကုသိုလ်သည် ယင်းမြက်သစ်ပင် ကဲ့ သို့ ပြုလုပ်ထား သူကသာ တာဝန်ယူရသည်။ မည်သူကမျှ  တာဝန်ယူပေးခြင်း မရှိချေ။
လူ့ အကျိုးပြု သီးပင်စားပင်နှင့် ပန်းအလှပင်များမှာမူကား တစ်ဦး တစ်ယောက်က သီးခြားတာဝန်ယူပြီး ဂရုတစိုက် ပြုစုပေးရ
သည်။ ယင်းတို့ကလည်း အသီးအပွင့်များဖြင့် ပြန်လည်ကာ အကျိုးပြု ကြ၏။ ကုသိုလ်သည် ကုသိုလ်ပြုသူကို တာဝန်ယူပေး သည်။ မြင့်မြတ်သည့်
နေရာသို့ ရောက်အောင် ပို့ပေး၏။
မာလာစာရ၊ ဘဒ္ဒန္တ (ညောင်ပင်သာဆရာတော်)။ ဝေးဝေးမှာ မနေပါနှင့် တရားတော်
မကောင်းမှုနှင့် ကောင်းမှု
ကျောက်တုံးကြီးကို ရေထဲသို့  ပစ်ချလိုက်သော် ပြန်ပေါ်လာနိုင် 
ခြင်း မရှိသကဲ့သို့ မကောင်းမှု ပြုလုပ်သူသည် အထက်သို့  ပြန် တက်ရိုး ထုံးစံမရှိ။ လူ့ ပြည် နတ်ပြည်တို့သို့ မရောက်ရှိနိုင်။ မိမိ
ပြုသည့်
အကုသိုလ်အရ ခံစားရမည်ဖြစ်သည်။ မြေအိုးတစ်ခု အတွင်းသို့ ထောပတ်အပြည့်ထည့်ကာ ရေကန်ကြီးထဲပစ်ထည့်  လိုက်ပါ။ ထို့နောက် ရေထဲရှိ ထိုအိုးကို ခွဲပစ်ပါ။ ထောပတ်များ သည် ရေပေါ်သို့ တက်လာမည်။ အိုးခြမ်းကွဲများကား ရေ
အောက်တွင် ကျန်ရစ်ခဲ့မည်။

အလားတူစွာ ကောင်းမှုပြုသူသည် အထက်သို့ တက်လိမ့်မည်။
ကောင်းရာသုဂတိသို့ လားရ၏။ မကောင်းမှု ပြုသူမှာ အိုးခြမ်းကွဲ ပမာ အောက်သို့သာ ကျရမည်။ အပါယ်လေးဘုံသည်သာ ထိုသူအတွက် ဖြစ်သည်။
မာလာစာရ၊ ဘဒ္ဒန္တ (ညောင်ပင်သာဆရာတော်)။ ပဋိစ္စသမုပ္ပါဒ် တရားတော် 
 Posted by အေးဆက်

No comments:

Post a Comment