Friday, May 24, 2013

ထေရဝါဒ ဟောဓမ္မ (၁၄)


ဝိလာသဂ္ဂ၊ အရှင် (သဒ္ဓမ္မရံသီ)။ စကားကောင်းကောင်းပြော။ ရန်ကုန်၊ ၁၄ ဇွန် ၂ဝဝ၅။
သမ္မာဝါစာ၊ သမ္မာဝါစာ အရေးကြီးကြောင်း၊ သတိယှဉ်ကာပြော ဆိုခြင်းနှင့် စကားပြောရန် အင်္ဂါလေးတန် စသော တရားများပါ ဝင်သည်။  တရားနာပါ။
ဝိလာသဂ္ဂ၊ အရှင် (သဒ္ဓမ္မရံသီ)။ တရားအလုပ်ဆိုတာ သမ္မာဒိဋ္ဌိ အလုပ်။ [ခုနှစ်မပါ]
သမ္မာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိနှင့် သမုတိသစ္စာ၊ သမ္မာဒိဋ္ဌိနှင့် ဥပါဒါနက္ခန္ဓာ တို့ဖြစ်ပေါ်ရပုံ၊ တရားအလုပ်အားထုတ်ရာတွင် သမ္မာဒိဋ္ဌိအရေး
ပါ
ခြင်းနှင့် အတ္တဒိဋ္ဌိစနစ်ကို ဖြိုခွင်းခြင်းစသည်များကို ရှင်းလင်း
ဟောကြားထားသည်။  တရားနာပါ။
သီလာနန္ဒာဘိဝံသ၊ ဒေါက်တာအရှင်။ ရတနာသုံးပါး။ အမေရိကန်၊ ၁ဝ ဇွန် ၁၉၉၁။
သရဏဂုံအကျိုးများ၊ သရဏဂုံညှိုးနွမ်းခြင်း၊ သေခါနီးတွေ့ မြင် ရမည့် နိမိတ်များ သေဆုံးတော့မည့် သူအတွက် ဆောင်ရွက် ရန်နှင့် ဗုဒ္ဓမြတ်စွာသည် ထာဝရဘုရားသခင် ဖန်ဆင်းရှင် မ ဟုတ်ကြောင်းစသည်တို့ကို ဖေါ်ပြဟောကြားထားသည်။  တရားနာပါ။
သီလာနန္ဒာဘိဝံသ၊ ဒေါက်တာအရှင်။ သင်တန်းမိတ်ဆက်။ အမေရိ
ကန်၊ ၉ ဇွန် ၁၉၉၁။

ဗုဒ္ဓဆိုင်ရာသမိုင်းကြောင်း အထောက်အထား၊ သရဏဂုံရှင်း လင်းချက်၊ သရဏဂုံ အကျဉ်း၊ သရဏဂုံ တည်ခြင်း အမျိုးမျိုး၊
လောကီ သရဏဂုံပျက်ခြင်းနှင့် ကိလေသာ ပယ်သတ်နည်း သုံးမျိုး စသော
တရားများပါရှိသည်။  တရားနာပါ။
အာစိဏ္ဏ၊ အရှင် (ဖားအောက်ဆရာတော်)။ ဒါန။ ၁၂ ဇွန် ၂ဝဝ၂။
ဆလင်္ဂဒါန၊ ဗုဒ္ဓအနှစ်သက်ဆုံးဖြစ်သော ဒါနအမျိုးအစားများနှင့် ရာဂ၊ ဒေါသနှင့် မောဟကင်းအောင် ကျင့်ကြံသော ပုဂ္ဂိုလ် စ သည့် တရားများပါရှိသည်။  တရားနာပါ။
အာစိဏ္ဏ၊ အရှင် (ဖားအောက်ဆရာတော်)။ လိစ္ဆဝီကုမာရကသုတ္တန်။ ၁၉ ဇူလိုင် ၁၉၉၇။
လိစ္ဆဝီမင်းသားများအား ဗုဒ္ဓဟောကြားတော်မူသော ကြီးပွါး ချမ်းသာကြောင်းငါးပါး၊ ကြီးပွါးချမ်းသာကြောင်း ပြုလုပ်မည့် ပုဂ္ဂိုလ်၏ အင်္ဂါရပ်များ၊ ဗုဒ္ဓအကြိမ်ကြိမ်ပြောကြားတော်မူသော အဆုံးအမနှင့် ဗုဒ္ဓ၏ မျက်လုံးငါးလုံးတို့ကို ဖေါ်ပြဟောကြား ထားသည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment