Sunday, May 19, 2013

ဓမ္မသာကစ္ဆာ (၁ဝ)


အလှူတူရာ
 

မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးစဉ် ညတစ်ည၏ သန်းခေါင်ယံအချိန်၌ နတ်သား တစ်ပါးရောက်ရှိလာပြီး အလှူနှင့် ပတ် သက်သော မေးခွန်းများကို မေးမြန်းလေရာ မြတ်စွာဘုရားက ဖြေဆို
တော်မူ၏။
နတ်သား

ဘယ်အရာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာ ရောက်
ပါသလဲဘုရား။
ဘုရား
အစားအစာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာ ရောက်
ပေတယ်နတ်သား။
နတ်သား
ဘယ်အရာကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာ ရောက်
ပါသလဲဘုရား။
ဘုရား
အဝတ်အထည်ကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာ
ရောက်
ပေတယ်နတ်သား။
နတ်သား
ဘယ်အရာကို ပေးလှူတဲ့သူဟာ ချမ်းသာသုခကို ပေးလှူရာ
ရောက်
ပါသလဲဘုရား။
ဘုရား
ယာဉ်ကို ပေးလှူတဲ့သူဟာ ချမ်းသာသုခကို ပေးလှူရာ ရောက်
ပေ တယ်နတ်သား။
နတ်သား
ဘယ်အရာကို ပေးလှူတဲ့သူဟာ မျက်စိကို ပေးလှူရာ ရောက်ပါ
သလဲဘုရား။
ဘုရား
မီးအလင်းရောင်ကို ပေးလှူတဲ့သူဟာ မျက်စိကို ပေးလှူရာ
ရောက်
ပေတယ်နတ်သား။
နတ်သား
ဘယ်အရာကို ပေးလှူတဲ့သူဟာ ခွန်အား၊ အဆင်း၊ ချမ်းသာ
သုခနဲ့ မျက်စိလေးမျိုး အကုန်လုံးကို ပေးလှူရာ ရောက်ပါသ
လဲဘုရား။
ဘုရား
အဆောက်အအုံကို ပေးလှူတဲ့ သူဟာ ခွန်အား၊ အဆင်း၊ ချမ်းသာသုခ နဲ့ မျက်စိ လေးမျိုးအကုန်လုံးကို ပေးလှူရာ ရောက်
ပေတယ်
နတ်သား။ ဒါ့အပြင်၊ တရားကို ပေးလှူတဲ့ သူဟာ နိဗ္ဗာန်ကို ပေးလှူရာ ရောက်ပေတယ်လို့ ဖြည့်စွက်ပြောလို
တယ်နတ်သား။
နတ်သား
သိမှတ်ပါမည် အရှင်မြတ်ဘုရား။
သာဓု သာဓု သာဓု

ကျမ်းကိုး။    ။အရှင်ဆန္ဒာဓိက၏ အနှိုင်းမဲ့ရနံ့။ ဒုကြိမ်။ ၂၀၀၅။

Posted by အေးဆက်

No comments:

Post a Comment