Sunday, December 1, 2013

ဓမ္မသာကစ္ဆာ (၁၇)


မိတ်ဆွေကောင်း
ဗုဒ္ဓမြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးတော်မူစဉ်၊ တစ်ညသော သန်းခေါင်ယံအချိန်တွင် နတ်သားတစ်ပါး
ရောက်ရှိလာကာ မေးခွန်းလေးခု မေးမြန်းသည်ကို ဖြေကြားတော်မူသည်။
နတ်သား
ခရီးသွားနေတဲ့ ပုဂ္ဂိုလ်အတွက် မိတ်ဆွေကောင်းဆိုတာ ဘယ် ဟာဖြစ်ပါသလဲဘုရား။
ဘုရား
မိမိနဲ့ တစ်ကြောင်းထဲ ခရီးအတူသွားနေတဲ့ ပုဂ္ဂိုလ်ဟာ မိမိအ တွက် မိတ်ဆွေကောင်း ဖြစ်ပေတယ်။
နတ်သား
အမြဲနေရာ မိမိရဲ့ အိမ်ဂေဟာမှာ မိတ်ဆွေကောင်းဆိုတာ ဘယ် ပုဂ္ဂိုလ်ဖြစ်ပါသလဲဘုရား။
ဘုရား
အမြဲနေရာ မိမိရဲ့ အိမ်ဂေဟာမှာ ကျေးဇူးဂုဏ်တွေ မဆုံးနိုင်တဲ့ မိခင်ဟာ မိတ်ဆွေကောင်း ဖြစ်ပေတယ်။
နတ်သား
အမှုကြီး အမှုငယ် ကိစ္စ ကြီးငယ် ကြုံလာတဲ့အချိန်မှာ မိတ်ဆွေ
ကောင်းဟာ ဘယ်ပုဂ္ဂိုလ်ဖြစ် ပါသလဲဘုရား။

ဘုရား
ကိစ္စကြီးငယ်ကြုံခိုက်မှာ မိမိနဲ့အေးတူပူအမျှ ကူညီစောင့်ရှောက်
တတ်တဲ့ ပုဂ္ဂိုလ်ဟာ မိတ်ဆွေကောင်းဖြစ်ပေတယ်။

နတ်သား
နိဗ္ဗာန်မရောက်မချင်း သံသရာခရီး တမလွန်လောက ဖြတ်သန်း ရာမှာ အကောင်းဆုံး မိတ်ဆွေဟာ ဘယ်သူပါလဲဘုရား။
ဘုရား
အကြိမ်ကြိမ် အဖန်ဖန် မိမိကိုယ်တိုင်ပြုလုပ်ထားတဲ့ ဒါန သီလ ဘာဝနာစတဲ့ ကုသိုလ်ကောင်းမှုတွေဟာ တမလွန်ခရီးအတွက် အကောင်းဆုံး မိတ်ဆွေဖြစ်ပေတယ်။
သာဓု သာဓု သာဓု
ကျမ်းကိုး။    ။ကောဝိဒ၊ ဒေါက်တာ (မဇ္ဈိမဂုဏ်ရည်)။ မိတ်ဆွေကောင်း တရားတော်။
 
Posted by အေးဆက်

No comments:

Post a Comment