Saturday, July 28, 2012

ထေရဝါဒ ဓမ္မ အသံစု (၇၂)


ကံဖြတ်ဉာဏ်ဝင် နိဗ္ဗာန်မြင် တရားတော် / အရှင် သုနန္ဒ္ဒ (ဓမ္မရံသီ ဆရာတော်) မိုးကုတ်၊ စက်တင်ဘာ ၁၆၊ ၂ဝဝ၄။
ဥပနိဿယပစ္စည်းကိုထင်လင်းအောင်ဖေါ်ပြထားပြီး၊ ရှေးရှေးက ကုသိုလ်နှင့် အကုသိုလ်ကို အခြေပြုကာ ဖြစ်ပေါ်လာသည့် ကုသိုလ်၊ အကုသိုလ်၊ ခန္ဓာ၊ အဗျာကတ။ ပုထုဇဉ်နှင့် အရိယာတို့၏ သဒ္ဓါတရား၊ ဒိဋ္ဌိဖြစ်ကြောင်းရှစ်ချက်တို့ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
မိတ်ကောင်းတွေ့မှ နိဗ္ဗာန်ရ တရားတော် / အရှင် သုနန္ဒ္ဒ (ဓမ္မရံသီ ဆရာတော်) မိုးကုတ်၊ စက်တင်ဘာ ၁၇၊ ၂ဝဝ၄။
သဒ္ဓါတရားကို ဥပမာနှိုင်းချက်များ၊ အဗျာကတ၊ ခန္ဓာ၊ အာဟာရနှင့် ပုဂ္ဂိုလ်တို့အား အကြောင်းပြုကာ ဖြစ်ပေါ်
လာသည့် ကုသိုလ်နှင့် အကုသိုလ်စသည်တို့ကို ရှင်းလင်း
ဖေါ်ပြထားသည်။
  တရားနာပါ။
ရဋ္ဌဝိနီတသုတ် တရားတော် / ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်း ဆရာတော်) ရန်ကုန်၊ အောက်တိုဘာ ၃၊ ၂ဝဝ၂။
ဓမ္မကထိက၏ အရည်အချင်း၊ သာသနာတွင်း ကာလ၊ သာသနာတွင်းသို့ ဝင်ရောက်ခြင်း၏ ရည်ရွယ်ချက်တို့ကို အရှင်သာရိပုတ္တရာနှင့် အရှင်ပုဏ္ဏတို့၏ တရားဆွေးနွေး
ချက်ကို ကိုးကားလျက် ဟောကြားထားသည်။ 
တရားနာပါ။
ရှင်နန္ဒကနှင့် ဘိက္ခုနီငါးရာ / ဦး အဂ္ဂဉာဏ (ကန်ဘဲ့ဘုရားလေးကျောင်း) ရန်ကုန်၊ ဩဂုတ် ၁၄၊ ၂ဝဝ၅။
မဟာပဇာပတိဂေါတမီထေရီနှင့် ဘိက္ခုနီမငါးရာတို့ အား
သောတာပန်တည်စေသည့် အရှင်နန္ဒက ဟောကြားတော် မူခဲ့သော တရားတော်ကို ဖေါ်ပြဟောကြားထားသည်။
တရားနာပါ။
ဝိပဿနာဉာဏ်ဖြစ်ပုံ တရားတော် / အရှင် ဣန္ဒက (တွံတေးဆရာ
တော်
) ရန်ကုန်၊
မေ ၁၉၊ ၁၉၉၆။
တရားအားထုတ်ရာတွင် ဉာဏ်စဉ်အဆင့်ဆင့် ရရှိပုံကို ထင်ရှားပေါ်လွင်စွာ သိရှိအောင်ဟောကြား ထားပြီး၊ အရာအားလုံးတို့ တွင် အကောင်းဆုံးသည် ဓမ္မဖြစ်ကြောင်း ရှင်းပြထားသည်။  တရားနာပါ။
သေမင်းထံပို့သည့် ဇရာလက်ထဲမှာ ပျော်လျက်ရှိကြပုံ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ မတ် ၅၊ ၁၉၅၉။
တိရစ္ဆာန်စိတ်ဖြင့်နေထိုင်သူ၊ ဥပါဒါန်_ခန္ဓာဖြစ်ကြောင်း၊
ဥပါဒါန် သုံးမျိုးနှင့် ပယ်သတ်ပုံ၊ ခန္ဓာငါးပါးသည် သာယာ
နှစ်သက်ဖွယ် မရှိပုံနှင့် ခန္ဓာကို အရိယာ မျက်လုံးဖြင့် ရှုကြည့်ခြင်းဟူသည့် တရားများကို ဖေါ်ပြထားသည်။
တရားနာပါ။
သောနကဇာတ် / အရှင် ဣန္ဒက (တွံတေးဆရာတော်) ရန်ကုန်၊ [ခုနှစ်မပါ]
ဗုဒ္ဓလေးမျိုး၊ ခဏိကသမာဓိ၊ စိတ်၊ ကိုယ်နှင့်နှုတ်တို့ကို ထိန်းသိမ်းနည်းများ၊ မိတ်ကောင်းနှင့်ပေါင်းဖေါ်ခြင်း ၏ အကျိုးကျေးဇူးနှင့် ဝိပဿနာတရား အားထုတ်ကြရန် အကြံပြုချက်စသည်တို့ကို သောနကဇာတ် ကိုးကား ချက်နှင့်အတူ ဟောကြားထားသည်။  တရားနာပါ။
သုံးပါးအစပ် ( ကြက်၊ ပရပိုဇ်၊ ဗြဟ္မာ) / ဦး အဂ္ဂဉာဏ (ကန်ဘဲ့ဘုရား
လေးကျောင်း
) ရန်ကုန်၊ ဩဂုတ် ၁၅၊ ၂ဝဝ၅။
ပဋိစ္စသမုပ္ပါဒ်၏ အစပ်သုံးပါးဖြစ်သော သင်္ခါရနှင့် ဝိညာဏ်၊
ဝေဒနာနှင့် တဏှာ၊ ကမ္မဘဝနှင့် ဇာတိတို့ကို ရှင်းပြထားပြီး၊ ယင်းအစပ်တစ်ခုစီတွင် ဒိဋ္ဌိဖြုတ်နည်းနှင့် ဝေဒနာနှင့်တဏှာ အဆက်အစပ်ကိုဖြတ်ခြင်း စသည်များကိုလည်းဟောကြား ထားသည်။
  တရားနာပါ။
အာသဝေါလေးပါး တရားတော် / ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်း ဆရာတော်) ရန်ကုန်၊ အောက်တိုဘာ ၂၊ ၂ဝဝ၂။
အာသဝေါတရားလေးပါး၊ ဒိဋ္ဌိဖြုတ်နည်းများနှင့် သေခြင်းကို ဝိပဿနာနှင့်လောကုတ္တရာမဂ်တို့ ဖြင့် စိန်ခေါ်ရန် စသည့် တရားများပါရှိ၏။ တရားနာပါ။
ဥဒယဗ္ဗယဉာဏ်ရောက်လျှင် အကျိုးကြီးလှပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ မတ် ၄၊ ၁၉၅၉။
မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိရန် အရေးကြီးသော အချက်သုံးခု (ပညာရှိကို ချဉ်းကပ်ခြင်း၊ ၀ိပဿနာတရားနာ ကြားခြင်းနှင့် မှန်ကန်သောနည်းလမ်းဖြင့် ကျင့်ကြံအားထုတ်ခြင်း)၊ အကျင့်မှန်သည် သံသရာကို အဆုံး သတ်ပေးပုံနှင့် ပထမနိဗ္ဗာန် ရရှိခြင်း စသော တရားများပါရှိသည်။ တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment