Saturday, July 14, 2012

ထေရဝါဒ ဓမ္မ အသံစု (၇၁)


ကိုယ်ပိုင်အလုပ် ခပ်သုတ်သုတ် / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယော ဆရာတော်) [ခုနှစ်မပါ]
အရေးကြီးဆုံးကာလ_ပစ္စုပ္ပန်ကာလ၊ ဘဝသည်တိုတောင်းကာ ကန့်သတ်ချက် ရှိသောကြောင့် တရားအားထုတ်ခြင်း ဟူသော ကိုယ်ပိုင်အလုပ်ကို မဆိုင်းမတွ ဆောင်ရွက်ကြရန် အကြံပြု ချက်နှင့် အရှင်ဗာကုလာ၏ ဦးစားပေးစနစ် စသည့် တရားများ ပါဝင်သည်။  တရားနာပါ။
ဓမ္မသောက တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) [ခုနှစ်မပါ]
မစ္ဆရိယကင်းသော သံဃိကဒါနပြုလုပ်ကြရန်နှင့်တကွ ဒါနကို အခြေခံသည့် သီလစောင့်ထိန်းမှုကို ပြုလုပ်ကြခြင်းနှင့် ဝိပဿနာ အလုပ်ကို ဝီရိယဖြင့် နိဗ္ဗာန်မျက်မှောက်ပြုသည့်တိုင် ကြိုးကုတ် အားထုတ်ကြရန် တို့ပါရှိသည်။  တရားနာပါ။
မဂ်ဉာဏ်၊ ဖိုဉာဏ် ရနိုင်ခြင်းရှိ၊ မရှိ မိမိကိုယ်ကို စစ်ဆေးခြင်း / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၂၄၊ ၂ဝဝ၆။
မဂ်ဉာဏ် နှင့် ဖိုလ်ဉာဏ်ရရှိရန် အခွင့်အလမ်း၊ ပင့်ကူပမာ ဝိပဿနာကျင့်ကြံအားထုတ်ခြင်း စသောတရားများပါရှိသည်။ တရားနာပါ။
ယောဂီတို့၏ ပစ်မှတ် / အရှင် ဣန္ဒာစာရာဘိဝံသ။ သရက်ကုန်း၊ ဩဂုတ် ၁၅၊ ၂ဝဝ၄။
ယောဂီတို့၏ ပစ်မှတ်သည် မည်သည်တို့ဖြစ်ကြောင်းနှင့် သတိ ပဋ္ဌာန် ဝိပဿနာရှုပွါးနည်းတို့ကို "မိလက္ခတိဿမထေရ်ဝတ္ထု" ကို ကိုးကား လျက် ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ရုပ်နာမ်ကို ပညာနဲ့ အကဲခတ်ပါ တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) မန္တလေး၊ ဖေဖေါ်ဝါရီ ၂၈၊ ၁၉၅၉။
ခန္ဓာသည်သာ တစ်ခုတည်းသော နိဗ္ဗာန်ရောက်ကြောင်းတရား
ဖြစ်ပုံနှင့် အရှင်သာရိပုတ္တရာ ညွှန်ပြသည့် ဝိပဿနာ ရှုနည်း
(ရုပ်နှင့် နာမ်ကို ဉာဏ်ဖြင့်ရှုခြင်း) တို့ကို ရှင်းလင်းဟော ကြား ထားသည်။  တရားနာပါ။
သေမင်းမမြင်တဲ့သူ / အရှင် ဣန္ဒာစာရာဘိဝံသ။ သရက်ကုန်း၊
အောက်တိုဘာ ၆၊ ၂ဝဝ၄။
အရိပ်အသွင် မိမိနောက်သို့လိုက်ပါလျက်ရှိသော ကုသိုလ်နှင့် အကု သိုလ် တရားနှစ်ပါး၊ ကိုယ်တိုင်မြင်တွေ့ ရသော ကမ္မဋ္ဌာန်း၊ ခန္ဓာနှင့် ဉာဏ်တို့၏ အလုပ်များ၊ အို နာ သေခြင်း တို့၏ လွတ်မြောက်ကြောင်း သတိပဋ္ဌာန် ကျင့်ကြံအားထုတ် ကြရန် အကြံပေးချက်များ ပါရှိသည်။  တရားနာပါ။
သံဝေဂ တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) [ခုနှစ်မပါ]
နိဗ္ဗာန်မရသေးသမျှ ပဋိသန္ဓေနေရခြင်း (ဇာတိ)၊ အိုခြင်း (ဇရာ)၊ နာခြင်း (ဗျာဓိ) နှင့် သေခြင်း (မရဏ) တို့ကို ထပ်ခါခါကြုံကြ ရမည့် အကြောင်း သံဝေဂ ယူကြရန် အကြံပေးဟောကြားထား သည်။ ထို့ ပြင်၊ ဘဝရ ရှိခြင်းကို ရှောင်ရှားရန် အကောင်းဆုံး နည်းဖြစ်သော ဝိပဿနာ ကျင့်ကြံပွါးများ ကြရန်ကိုလည်း တိုက်တွန်းထားသည်။  တရားနာပါ။
အဓိကအလုပ်က မဂ်ရဖို့ / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၂၂၊ ၂ဝဝ၆။
ဝိပဿနာမဂ်ဉာဏ်ဖြင့် ကိလေသာကို ပယ်သတ်ပုံ အမျိုးမျိုး၊ ဘဝ၊ ခန္ဓာ (ရုပ်နှင့် နာမ်)နှင့် ဥစ္စာတို့၏ အဓိပ္ပါယ်၊ ဝိပဿနာ ကျင့်စဉ်စသည် တို့ကိုဖေါ်ပြထားသည်။  တရားနာပါ။
အလုပ်ကင်းလျှင် အရူးကျန်တယ် တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) မန္တလေး၊ ဖေဖေါ်ဝါရီ ၂၇၊ ၁၉၅၉။
သောတာပန် မဖြစ်သေးသည့် သူတွင် ကိန်းအောင်းလျက် ရှိသော အရူးရှစ်မျိုး သို့မဟုတ် ဝိပ္ပလ္လာသသုံးမျိုးတို့ကို
ဖေါ်ပြထားသည်။
  တရားနာပါ။
အသိမှန်ကန် အဖိုးတန် / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၃၊ ၂ဝဝ၁။
လောကကို အနိုင်ယူနိုင်သော ဓမ္မ၊ တွက်ကိန်းသုံးမျိုး (နတ်၊ အပါယ်နှင့် လူ)၊ အဖိုးတန် ပုဂ္ဂိုလ်များနှင့် လူ့စွမ်းအား စသော တရားများကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment