Saturday, January 8, 2011

ထေရဝါဒ ဓမ္မ အသံစု (၇)


ကူးတတ်မှ လွတ်မယ် / ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) မုံရွာ၊ ဖေဖေၞဝါရီ ၃၊ ၂၀၀၇။
ကမ္မသမ္မောဟ၊ ဓမ္မသမ္မောဟနှင့် ပစ္စယသမ္မောဟတို့  အကြောင်းရှင်းလင်းထားပြီး ၄င်းတို့ ကို ပယ်ခွါရန် ကိုပါ ဟောကြားထားသည်။ <Dhammadownload 120>
ငါစွဲသူစွဲ အစွဲ နှစ်ပါးဖြုတ်ပေးပုံ တရားတော်၊ မှန်ကြည့်သူနှင့် အရိပ်ပမာ / ဦးဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဒီဇင်ဘာ ၂၆၊ ၁၉၅၇။
အရှင်အာနန္ဒာ သောတာပန် တည်ပုံကို ဟောကြားရာတွင် သံသရာကို ရှည်စေသည့် ပပဉ္စတရား သုံးပါးဖြစ်သော တဏှာ၊ မာနနှင့် ဒိဋ္ဌိတို့ ကို ပယ်သတ်ရမည့်အကြောင်း မှန်ကြည့်သူနှင့် အရိပ်ဥပမာကို ညွှန်ပြရှင်းလင်း ဟောကြားထားသည်။ <Dhammadownload Mp3 Disc 06: 08>
တရားဘယ်လိုကျင့်ရမလဲ / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဒီဇင်ဘာ ၁၅၊ ၂၀၀၅။
ဝိပဿနာ အားထုတ်ရာတွင် ရုပ်နှင့်နာမ်ကို ရှုပွါးခြင်း၊ တရားထိုင်ရန် သင့်လျော်သော ကိုယ်ခန္ဓာ အနေအထား၊ လျောင်း ထိုင် ရပ် သွား ဣရိယာပုထ် လေးပါးဖြင့် ဝိပဿ နာတရား အားထုတ်ပုံနှင့် သတိပဋ္ဌာန်လေးပါး အကြောင်းတိုႛကို စုံလင်စွာ ဟောကြား ထားသည်။ <Dhammadownload 058>
နိဗ္ဗာန်သွားတဲ့လမ်း / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မတ် ၆၊ ၂၀၀၆။
မိမိတို့ တွင်ရှိသော သစ္စာတရားနှင့် မရှိသော သစ္စာတရား။ မဂ်ဆိုသည်မှာ။ မဂ္ဂင်ရှစ် ပါးကို ရှင်းလင်းဖေၞ ပြချက်၊ နိဗ္ဗာန်သို့ ပို့ ဆောင် ပေးနိုင်သော မဂ္ဂင်အကျင့်ကို ကျင့်ခြင်းစသည် တိုႛကို လင်္ကာဆောင်ပုဒ် များဖြင့် ဝေေ၀ဆာဆာ ဟောကြားထားသည်။ <Dhammadownload 005>
ဗိုလ်ငါးပါး တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)ရန်ကုန်၊ [ခုနှစ်မရှိ]
ဗိုလ်ငါးပါး--သဒ္ဓါ၊ သတိ၊ ၀ီရိယ၊ သမာဓိနှင့် ပညာ။ သဒ္ဓါဗိုလ်အကြောင်း ရှင်းလင်းချက် တိုႛအပြင် မြတ်စွာဘုရား၏ ပွါးများမှု ဉာဏ်စဉ် အဆင့်ငါးပါးတိုႛကို ဟောကြား ထားသည်။ <Dhammadownload Mp3 Disc 03: 06>
ဘိက္ခုနှင့် သမဏ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)ရန်ကုန်၊ ဧပြီ ၁၁၊ ၂၀၀၇။
ဘိက္ခုနှင့် သမဏတို့ ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ တဏှာနှင့် အ၀ိဇ္ဇာ၊ ၀ီရိယနှစ်မျိုး၊ ကိလေသာ ကို တိုက်ခိုက်ရန် လက်နက်သုံးမျိုး--သီလ၊ သမာဓိ ပညာ။ ဆလင်္ဂဒါန—အင်္ဂါခြောက်ပါးနှင့် ညီညွတ်သော အလှူအကြောင်း တို့ ကို ပြည့်စုံစွာ ဟောကြား ထားသည်။ <Dhammadownload Mp3 Disc 03: 05>
ရှင်ခေမကနှင့် ရဟန်းကြီး(၆၀) ဥပမာပြတရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဒီဇင်ဘာ ၃၁၊ ၁၉၅၇။
တရားဟောခြင်းနှင့် တရားနာခြင်းတို့ တွင် မိမိ၏ ခန္ဓာငါးပါးကို ရှုကြည့်ရန် ဟောကြား ထားသည်။ <Dhammadownload Mp3 Disc 07: 03>
သီလာနိသံသသုတ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဒီဇင်ဘာ ၁၉၊ ၂၀၀၅။
ပြုလုပ်ရမည့်အရာနှင့် ပြုလုပ်ပုံ၊ အ၀ိဇ္ဇာအကြောင်း၊ ဘုရား၊ တရားနှင့် သံဃာ ဂုဏ် ကျးဇူးကို အပြည့်အ ယုံကြည်ကြရန် သီလာနိသံသသုတ္တန်တို့  သာမက သီလ စာင့်ထိန်းရန်နှင့် သူတစ်ပါးအား ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက် ကြရန် အလေးပေး ဟောကြားထားသည်။ <Dhammadownload 025>
အနု၊ ပဋိလောမ ပဋိစ္စသမုပ္ပါဒ် တရားတော် () / ဦးဣန္ဒာဝုဓာဘိဝံသ (ထူးကြီးဆရာတော်)
ရန်ကုန်၊ နိုဝင်ဘာ ၂၀၊ ၂၀၀၅။
ပဋိစ္စသမုပ္ပါဒ်နှစ်မျိုး။ အနုလောမ ပဋိစ္စသမုပ္ပါဒ်နှင့် ပဋိလောမ ပဋိစ္စသမုပ္ပါဒ်၊ ကံနှင့် သင်္ခါရ စသည်တို့  အကြောင်းကို ဟောကြားထားသည်။ ထို့ ပြင်၊ ခန္ဓာကို ဥာဏ်ဖြင့် ဆင်ခြင်ကြရန်နှင့် ၀ိပဿနာတရား ပွါးများခြင်းဖြင့် အဆန်လမ်းသို့ တက်ကာ နိဗ္ဗာန် ကို အရယူကြရန်ကိုပါ တိုက်တွန်းထားသည်။ <Dhammadownload Mp3 DVD Disc 01: 21>
အနု၊ ပဋိလောမ ပဋိစ္စသမုပ္ပါဒ် တရားတော် () / ဦးဣန္ဒာဝုဓာဘိဝံသ (ထူးကြီးဆရာတော်)
ရန်ကုန်၊ နိုဝင်ဘာ ၂၁၊ ၂၀၀၅။
ဋ်သုံးပါး--ကိလေသာဋ်၊ ကမ္မဋ်နှင့် ဝိပါကဋ်တို့ အကြောင်းနှင့်တကွ အနုလောမ ပဋိစ္စ သမုပ္ပါဒ်နှင့် ပဋိလောမ ပဋိစ္စသမုပ္ပါဒ် တရားတို့  ပေါ်ပေါက်လာပုံကို ရှင်းလင်း ဟာကြား ထားသည်။ <Dhammadownload Mp3 DVD Disc 01: 23>

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment