Saturday, January 1, 2011

ထေရဝါဒ ဓမ္မ အသံစု (၆)


ကံလေးမျိုးတရားတော် (သေနိယနှင့် ပုဏ္ဏ) / ဦးဝိမလ (မိုးကုတ်ဆရာတော်)[ခုနှစ်မရှိ]
ကံလေးမျိုး-- ၁။ ကုသိုလ်(အဖြူကံ)၊ ၂။ အကုသိုလ်(အမည်းကံ)၊ ၃။ ကုသိုလ်နှင့် အကုသိုလ် (အဖြူအမည်းရောသောကံ)၊ ၄။ ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်း မဟုတ်သော 
(အဖြူအမည်း မရောနှောသောကံ) တို့ အကြောင်းကို ရှင်းလင်း ဖေါ်ပြထားသည်။ နိဗ္ဗာန်၏ 
အဓိပ္ပါယ်နှင့်အကျိုးကျေးဇူး၊ ယောနိသောမနသိကာရထားရှိကြရန်တို့ အပြင် ခွေးအကျင့်နှင့်
နွားအကျင့်တိုႛကို ကျင့်သုံးကြသည့် သေနိယနှင့် ပုဏ္ဏတိုႛကို ဥပမာပြလျက် သီလဗ္ဗတပရာမာသ အကျင့်ကို ရှောင်ကြဉ်ကြရန်လည်း ဟောကြားထားသည်။ <Dhammadownload Mp3 Disc 07: 01>
ကယ်တင်ရှင် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မတ် ၆၊ ၂၀၀၆။
သံသရာတွင်းမှ လွတ်ကင်းရန် မိမိကိုယ်မိမိ မည်သို့ ကယ်တင်နိုင်ပုံနှင့် ပညာသည် သာလျှင် 
ကယ်တင်ရှင် အစစ်အမှန် ဖြစ်ကြောင်း ရှင်းလင်းဟောကြားထားသည်။ <Dhammadownload 004>
ကျေးဇူးနဲ့တန်ဖိုး / ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) အင်းစိန်၊ ဇန္နဝါရီ ၈၊ ၂၀၀၉။
ကျေးဇူးနှင့် တန်ဖိုးတို့ နှင့် စပ်လျဉ်း၍ အရှင်သာရိပုတ္တရာ၏ တစ်ခုသော အတိတ်ဘ၀ တွင်
မြင်းဖြစ်စဉ်က ၄င်း၏ပိုင်ရှင်အား ကျေးဇူးဆပ်ပုံနှင့် မိမိ၏တန်ဖိုးကို မိမိသိရှိပုံ အကြောင်းတို့ ကို ကဏ္ဍိကသိန္ဓ၀ သုတ္တန် ကို ကိုးကားဟောကြားထားသည်။ <Dhammadownload 503>
ခန္ဓာဖြစ်စဉ် ဉာဏ်နှင့် ယှဉ်() / ဘဒ္ဒန္တဝါယမိန္ဒ (မြောက်ဦးဆရာတော်) ရန်ကုန်၊ ဒီဇင်ဘာ ၃၊ ၂၀၀၇။
အ၀ိဇ္ဇာအကြောင်း ရှင်းလင်းထားသည်။ ခန္ဓာကို ဉာဏ်ဖြင့်ဆင်ခြင်ကြရန်၊ မိမိ၏ ဘကို 
ဝိပဿနာတရား အားထုတ်ခြင်းဖြင့် ပြုပြင်ပြောင်းလဲကြရန် တိုက်တွန်းချက်တိုႛ့ အပြင် 
ဝီရိယနှင့် သမာဓိ ညီမျှရေး၊ ဝိပဿနာတရား ကျင့်ကြံ အားထုတ်ရာ၌ ဇွဲလုံႛနှင့် သည်းခံမှု ရှိကြရန်လည်း ဟောကြားထားသည်။ <Dhammadownload Ratana: 3-12-2007>
ပညတ်လည်းပျောက်၊ ပရမတ်လည်းရောက် / ဘဒ္ဒန္တ ဝါယမိန္ဒ (မြောက်ဦးဆရာတော်) ရန်ကုန်၊ ဒီဇင်ဘာ ၁၂၊ ၂၀၀၇။
ဝိပဿနာ ဟူသည်မှာ အဘယ်နည်း။ ပညတ်နှင့် ပရမတ် ကွဲပြားခြားနားချက်၊ နိဗ္ဗာန် 
မျက်မှောက်ပြုရေး အတွက် ပညတ်နှင့် ပရမတ် နှစ်မျိုးစလုံးကို ရှုသိကြရန် လိုအပ် ကြာင်း
စသည်တို့ ကို ရှင်းလင်းဟော ကြားထားသည်။ <Dhammadownload Ratana: 4-12-2007>
ဗုဒ္ဓ၏ အနတ္တဝါဒ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)ရန်ကုန်၊[ခုနှစ်မရှိ]
အနိစ္စ၊ ဒုက္ခနှင့် အနတ္တတိုႛအကြောင်းကို ရှင်းလင်းဖေါ်ပြချက်၊ အတ္တနှင့် အနတ္တတိုႛ၏ နှိုင်းယှဉ် 
ချက်တိုႛအပြင် ဝိပဿနာပညာဖြင့် အတ္တဝါဒကို သုတ်သင်ဖျက်ဆီးကြရန် စသည်ဖြင့် ဟော
ကြားထားသည်။ <Dhammadownload Mp3 Disc 02: 02>
ဘုရားပြောသော စကားနှစ်ခွန်းတရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) ဒီဇင်ဘာ ၃၀၊ ၁၉၅၇။
စကားခြောက်ခွန်းနှင့် ဗုဒ္ဓမြတ်စွာဘုရား အသုံးပြု တော်မူသော စကားနှစ်ခွန်းတိုႛ အကြောင်း ကို ရှင်းလင်း ဟောကြားထားသည်။ <Dhammadownload Mp3 Disc 07: 02>
မိတ်ဆွေကောင်း / ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)။ မန္တလေး၊ ဖေဖေၞဝါရီ ၁၁၊ ၂၀၀၇။
မိတ်ဆွေကောင်း ဟူသည် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အား မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိ သည်အထိ ဦးဆောင်လမ်းပြ ပြုလုပ်ပေးနိုင်ကြောင်း အသိပေး ဟောကြားထား သည်။ 
ဝေဒနာ ရှုပွားနည်း / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မတ် ၂၀၀၆။
ဝေဒနာသုံးမျိုး--သုခဝေဒနာ၊ ဒုက္ခဒေနာနှင့် ဥပေက္ခာဒေနာ၊ ယင်းဒေနာ များအား ရှုပွါးနည်း၊ အနုသယနှင့် ဒေနာဆက်စပ်ပုံ စသည်တိုႛကို ပြည့်စုံစွာ ဟောကြားထား သည်။  
သတိပဋ္ဌာန် တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)ရန်ကုန်၊ [ခုနှစ်မရှိ]
သတိပဋ္ဌာန်၏ အဓိပ္ပါယ် ဖွင့်ဆိုချက်။ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာ 
နုပဿနာနှင့် ဓမ္မာနုပဿနာ စသော သတိပဋ္ဌာန် တရားလေးပါးတို့ ၏ ဆိုလိုရင်း သဘော၊ ကာယာနုပဿနာ ကျင့်စဉ်၊ သတိပဋ္ဌာန်တရား အားထုတ်ခြင်းဖြင့် ပဋိစ္စသမုပ္ပါဒ် 
ခန္ဓာဖြစ်စဉ် တစ်ရပ်လုံး ပြီးဆုံးရခြင်း အကျိုးကျေးဇူး အစရှိသည်ဖြင့်ရှင်းလင်းဟော
ကြားထားသည်။ <Dhammadownload Mp3 Disc 02: 07>

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment