ဒိဋ္ဌိကပ်ကြောင်း (၈) ပါး
ခန္ဓာ အဝိဇ္ဇာ၊
သညာ ဖေဿာ၊
ဝိတက်ကောနှင့်၊
အယောပရ၊
ပါပမိတ်ဆွေ၊
ဤရှစ်ထွေ၊
မှတ်လေဒိဋ္ဌိကပ်ကြောင်းတည်း။
ဒိဋ္ဌိကွာကြောင်း (၄) ပါး
ကောင်းသောဆရာ၊
မြတ်သစ္စာနှင့်၊
မှန်စွာနှလုံး၊
ကျင့်သုံးဖြစ်ပျက်၊
ကိုက်ညီမဂ်၊
လေးချက်ဒိဋ္ဌိကွာကြောင်းတည်း။
ပဏ္ဍိတ၊ အရှင် (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်)။ ဒိဋ္ဌိ ကပ် ခွါပုံ တရားတော်။
Posted by အေးဆက်
၎ - ပုပ္ဖဝဂ်၊ ပန်း တရားတော်များ
၈ - ဝိသာခါဝတ္ထု
ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧဝံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။
၅၃။ ပန်းစု ပန်းပုံအတွင်းမှ များစွာသော ပန်းကုံးတို့ကို သီကုံးပြုလုပ်ရာ သကဲ့သို့ ဖြစ်ပေါ်လာသော သတ္တဝါသည် ဥစ္စာသဒ္ဓါတည်းဟူသော အစုအပုံအတွင်းမှ မြောက်မြားစွာသော ကုသိုလ်ကောင်းမှုကို ပြုရာ၏။
Posted by ဉာဏ်ဦး
၎ - ပုပ္ဖဝဂ်၊ ပန်း တရားတော်များ
၇ - ဆတ္တပါဏိဥပါသကဝတ္ထု
ယထာပိ ရုစိရံ ပုပ္ဖံ္ဖ၊ ဝဏ္ဏဝန္တံ အဂန္ဓကံ။
ဧဝံ သုဘာသိတာ ဝါစာ၊ အဖလာ ဟောတိ အကုဗ္ဗတော။
ယထာပိ ရုစိရံ ပုပ္ဖံ္ဖ၊ ဝဏ္ဏဝန္တံ သဂန္ဓကံ။
ဧဝံ သုဘာသိတာ ဝါစာ၊ သဖလာ ဟောတိ ကုဗ္ဗတော။
၅၁။ အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော (ပေါက်ပွင့် စသော) ပန်းသည် ပန်ဆင်သူ အား အနံ့တည်းဟူသော အကျိုးကို မဆောင်နိုင်သကဲ့ သို့ ကောင်းစွာ ဟောကြားတော်မူအပ်သော (ပိဋကတ်) စကားတော်သည်
မလိုက်နာ မကျင်ြ့ကံသူအား အကျိုးကို မဆောင်နိုင်။
၅၂။ အဆင်း အနံ့ ပြည့်စုံ၍ တင့်တယ်လှပသော စပယ် စကား စသော ပန်းသည် ပန်ဆင်သူအား အနံ့တည်းဟူသော အကျိုးကို ဆောင်နိုင် သကဲ့ သို့ ကောင်းစွာ ဟောကြားတော်မူအပ်သော (ပိဋကတ်) စကားတော်သည် လိုက်နာ ကျင့်ကြံသူအား အကျိုးကို ဆောင်နိုင်၏။
Posted by ဉာဏ်ဦး
၎ - ပုပ္ဖဝဂ်၊ ပန်း တရားတော်များ
၆ - ပါဝေယျအာဇီဝကဝတ္ထု
န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ။
အတၱေနာဝ အေဝကၡယ်၊ ကတာနိ အကတာနိ စ။
၅ဝ။ သူတစ်ပါးတို့၏ မလျော်သော အပြစ် အနာအဆာတို့ကို မကြည့်ရှုရာ၊ သူတစ်ပါးတို့၏ ကောင်းမှု မကောင်းမှု ပြု မပြုကို မကြည့်ရှုရာ၊ မိမိ၏
ကောင်းမှု မကောင်းမှု ပြု မပြုကိုသာလျှင် ကြည့်ရှုရာ၏။
Posted by ဉာဏ်ဦး
ချမ်းသာနှစ်ခု ရွေးတတ်မှု
ရေငတ်နေသည့် အချိန်တွင် ရေချိုကို မသောက်ဘဲ ရေငန်ကို သောက်
သူသည် မည်သည့်အခါမျှ ရေငတ်ပြေနိုင်မည် မဟုတ်ချေ။ သောက်လေ ငတ်လေ ဆာလေ ဖြစ်လိမ့်မည်။
ထို့အတူ၊ စိတ်သည် အာရုံတစ်ခုခုကို ဆာလောင်မွတ်သိပ်နေချိန်၌ တရားဓမ္မ နာကြားခြင်းမပြုဘဲ ကာမဂုဏ်ချမ်းသာနောက်သို့သာ လိုက်နေမည်ဆိုပါက စိတ်သည် မည်သည့်နည်းနှင့်မျှ အာရုံအဆာ မပြေနိုင်ပေ။ ခံစားပြီးရင်း အာရုံထပ်ရှာရင်းသာ ဖြစ်နေပေလိမ့်မည်။
ကာမဂုဏ်ချမ်းသာမှာ ရေငန်ဖြစ်သည်။တရားဓမ္ဓချမ်းသာကား ရေချို
ဖြစ်၏။ ရေငန်သောက်၍ ဘယ်သောအခါမျှ ရေငတ်မပြေနိုင်။ ရေချို
သောက်ပါမှ ရေငတ်ပြေပေမည်။
ကာမဂုဏ်ချမ်းသာရေငန်သည် တဏှာအဆာဓါတ်ကို တိုးပွား ထက်သန်
စေ၏။ တရားဓမ္ဓချမ်းသာရေချို မှာ တဏှာအဆာဓါတ်ကို ငြိမ်းအေး
ပျောက်ပြယ်စေသည်။
သို့ပါ၍၊ ချမ်းသာနှစ်ခုအနက် ရွေးသင့်သည်ကို ရွေးတတ်ကြရမည်ဖြစ်
တော့သည်။
စာကိုး။ ။ဆန္ဒာဓိက၊ အရှင် (ရွှေပါရမီတောရ)။ ကြာလိုလူ။ ၂ဝဝ၆။
Posted by အေးဆက်
၎ - ပုပ္ဖဝဂ်၊ ပန်း တရားတော်များ
၅ – မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု
ယထာပိ ဘမရော ပုပ္ဖံ၊ ၀ဏ္ဏဂန္ဓမဟေဌယံ။
ပလေတိ ရသမာဒါယ၊ ဧဝံ ဂါမေ မုနီ စရေ။
၄၉။ ပျားပိတုန်းသည် ပန်းပွင့်ကို လည်းကောင်း၊ အဆင်းအနံ့ကို လည်းကောင်း မပျက်စီးစေဘဲ ပန်းဝတ်ရည်ကိုသာ စုပ်ယူပျံသွား သကဲ့သို့ ရွာ၌ ရဟန်းသည် ပန်းတည်းဟူသော သဒ္ဓါတရားနှင့် အဆင်းအနံ့ ဟူသော စည်းစိမ်ဥစ္စာကို မပျက်စီးစေဘဲ ကျင့်ရာ၏။
Posted by ဉာဏ်ဦး
ကံသာအားကိုးရာ
ဗုဒ္ဓမြတ်ရှင် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေစဉ်
ဗေါဓိပုတ္တ အမည်ရ နတ်သားတစ်ပါး ရောက်ရှိလာသည်။ မိမိသိလို ရင်းကို မေးမြန်းလျှောက်ထားလေရာ မြတ်ဘုရားက ဖြေကြားတော်
မူ၏။
နတ်သား
လူနတ်ဗြဟ္မာ သတ္တဝါရယ်လို့ ဖြစ်လာအောင် အဘယ်တရားက လုပ်ဆောင်တတ်ပါသလဲ ဘုရား။
ဘုရား
တဏှာ တရားက လုပ်ဆောင်တတ်ပေတယ် နတ်သား။
နတ်သား
လူနတ်ဗြဟ္မာ သတ္တဝါရဲ့ ခန္ဓာထဲမှာ အဘယ်တရားက ထိန်းချုပ်ရ ခက်ပါသလဲဘုရား။
ဘုရား
ထိန်းချုပ်ရခက်တာ စိတ်သာ ဖြစ်ပေတယ် နတ်သား။
နတ်သား
သံသရာထဲမှာ ကျင်လည်နေကြတာ အဘယ်ပုဂ္ဂိုလ်တွေ ဖြစ်ပါ
သလဲ ဘုရား။
ဘုရား
လူနတ်ဗြဟ္မာ သတ္တဝါတွေပဲပေါ့ နတ်သား။
နတ်သား
ဘာကြောင့် ဒီလို သံသရာထဲမှာ ကျင်လည်နေကြရတာပါလဲ
ဘုရား။
ဘုရား
မိမိတို့ရဲ့  စိတ်ကို နိုင်အောင် မထိန်းနိုင်ကြလို့  ဖြစ်ပေတယ်
နတ်သား။
နတ်သား
စိတ်မနိုင်ကြတဲ့ လူနတ်ဗြဟ္မာ သတ္တဝါတွေအတွက် အားကိုး
အားထားရာ အစစ်ဟာ အဘယ်တရားပါလဲ ဘုရား။
ဘုရား
ယင်းပုဂ္ဂိုလ်တွေအတွက် အားကိုးအားထားရာ အစစ်အမှန်ဟာ ကံတရားသာ ဖြစ်ပေတယ် နတ်သား။
နတ်သား
သိလိုရင်းများကို သိရသည့်အတွက် ကျေးဇူးကြီးမားလှပါသည်
မြတ်ဘုရား။
သာဓု သာဓု သာဓု
စာကိုး။ ။ခေမိန္ဒ၊ ဘဒ္ဒန္တ (ခင်မကန်)။ သဒ္ဓါ၏ တန်ဖိုး တရားတော်။
Posted by အေးဆက်