Thursday, December 24, 2015

ဓမ္မသုတ (၅၈)


ဒီလိုချစ်ရမည်
မိမိကိုယ်ကို၊ ချစ်တယ်ဆို၊ ဘယ်လိုချစ်ရမည်။
အကုသိုလ်များ၊ မဖြစ်ပွား၊ မြစ်တားးစောင့်ရှောက်ကြရမည်။
အရွယ်သုံးပါး၊ တစ်ပါးပါး၊ တရားရအောင်ကျင့်ရမည်။
မိမိကိုယ်ကို၊ ချစ်တယ်ဆို၊ ဒီလိုချစ်ရမည်။
ဒီလိုချစ်မှ၊ လူ့ဘဝ၊ ဖြစ်ရကျိုးနပ်မည်။
ဗောဓိမင်းအား၊ မြတ်ဘုရား၊ ဟောကြားခဲ့လေသည်။
အဂ္ဂဉာဏ၊ ဦး။ ကာလသုံးဖြာ ခန္ဓာပဋိစ္စသမုပ္ပါဒ် တရားတော်။

Posted by အေးဆက်

ဓမ္မပဒ ၉၅ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၆ - သာရိပုတ္တတ္ထေရဝတ္ထု

ပထဝိသမော နော ဝိရုဇ္ဈတိ၊ ဣန္ဒခိလုပမော တာဒိ သုဗ္ဗတော။
ရဟဒေါဝ အပေတကဒ္ဒမော၊ သံသာရာ န ဘဝန္တိ တာဒိနော။
၉၅။ တာဒိဂုဏ်နှင့် ပြည့်စုံသော ကောင်းသောအကျင့်ရှိသောရဟန္တာပုဂ္ဂိုလ်သည်
မြေကြီးကဲ့သို့လည်းကောင်း၊ တံခါးတိုင်ကဲ့သို့လည်းကောင်း (သည်းခံသော စိတ်ရှိသည်ဖြစ်၍) (အမျက်ဒေါသဖြင့်) ဆန့်ကျင်မှု မပြု ၊  ရွှံ့ညွန်ကင်းသော
ရေအိုင်ကဲ့သို့ တာဒိဂုဏ်ရှင် ရဟန္တာသခင်အား ကျင်လည်ခြင်း တို့သည် မဖြစ်ကုန်။

Posted by ဉာဏ်ဦး

Tuesday, November 10, 2015

ဓမ္မသုတ (၅၇)



အဝင်နှင့် အထွက်
စားလိုသည်က သဖန်းသီးတစ်လုံးနှစ်လုံး၊ အပင်ပေါ်တက်ကာ လှုပ်ချမည်ဆိုပါက
သဖန်းသီးများအားလုံး ကြွေကျ၍ အလဟ ဿ ဖြစ်လိမ့်မည်။ အလားတူပင် ရသည့် ဝင်ငွေက နည်းပြီး ထွက်ငွေများသူသည် ဆင်းရဲမှုများစွာနှင့် သေရမည်ဖြစ်၏။ 

သောဘဏ၊ အရှင် (ရွှေမြင်းမိုရ်ဆရာတော်)။ ယခုနောင်ခါ ချမ်းသာရေး တရားတော်။ 

Posted by အေးဆက်

Monday, November 9, 2015

ဓမ္မပဒ ၉၄ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၅ - မဟာကစ္စာယနတ္ထေရဝတ္ထု

ယဿိ       န္ဒြိယာနိ သမထင်္ဂတာနိ၊
အ ဿာ ယထာ သာရထိနာ သုဒန္တာ။

ပဟီနမာနဿ       အနာသဝဿ       ၊
ဒေဝါပိ တဿ        ပိဟယန္တိတာဒိနော။

၉၄။ ရထားထိန်း ကောင်းစွာဆုံးမပြီးသော မြင်းတို့သည် ငြိမ်သက် တည်ကြည်ကုန်သကဲ့သို့ အကြင်ရဟန္တာပုဂ္ဂိုလ်၏ ဣနြေ္ဒ (ခြောက်ပါး) တို့သည် ငြိမ်သက် တည်ကြည်ခြင်းသို့ ရောက်ကုန်၏။ မာနကို ပယ်ပြီးသော အာသဝေါမရှိသော တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုရဟန္တာပုဂ္ဂိုလ်အား နတ်တို့သည်လည်း ချစ်မြတ်နိုးကုန်၏။

Posted by ဉာဏ်ဦး

Sunday, November 8, 2015

အမှားနှုတ်ကျိုး ဘုရားရှိခိုး


"နမော  တဿ       ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ      " ဆိုကာ နေ့စဉ်လိုလို ဘုရားရှိခိုးကြမြဲဖြစ်သည်။ တိကျ သော ပါဠိအနက်အဓိပ္ပါယ် ထွက်ရှိရန် ပုဒ် ပါဌ် အက္ခရာ အဖြတ်အတောက် မှန်ကန်ရပေမည်။ 

သို့သော် အတော်များများသည် ဤဘုရားရှိခိုး ရွတ်ဆိုရာတွင် အမှတ်မထင် အမှားနှုတ်ကျိုးနေကြသည်။ 'နမော' နှင့် 'တဿ      ' ကို တွဲကာ ရွတ်ဆိုလေ့ရှိ
ကြ၏။ 'နမောတဿ      ' ဟုဆို၍ ဖြတ်လိုက်ကြ၏။ နောက်မှ 'ဘဂဝတော' ဟု
ဆက်ဆိုကြသည်။
 

အမှန်မှာ ဤဘုရားရှိခိုးကို ဆိုရာ၌ 'နမောတဿ      ' ဟူ၍ တွဲမဆိုသင့်ပေ။
'နမော' ဟု အနည်းငယ်ဖြတ်ဆိုပြီးမှ 'တဿ      ' နှင့် 'ဘဂဝတော' ကို
နည်းနည်းလေး နီးစပ်အောင် ဆိုသွားလျှင် အဓိပ္ပါယ် ရှင်းလင်းပြည့်စုံ
ပါသည်။
 

'နမော' နှင့် 'တဿ      ' ကို လုံးဝမတွဲဘဲ ဆိုမှ ပါဠိစာပိုရှင်း၏။ 'နမော' အဓိပ္ပါယ်မှာ
ရှိခိုးပါ၏ဟု ဖြစ်၍ 'တဿ      ' သည် ညွှန်ပြသော ပုဒ်ဖြစ်သောကြောင့် ဖြစ်၏။
'တဿ       ဘဂဝတော' သည် 'ထိုဘုရားရှင်အား' ဟုဆိုလိုရင်းဖြစ်သည်။ ဤတွင်
'ထို' ဆိုသော စကားသည် 'တဿ      ' မှထွက်လာခြင်းဖြစ်သည်။ 'ဘဂဝတော' က
'ဘုရားရှင်' ဟုအနက်ထွက်၏။
 

ထို့ကြောင့် 'ထိုဘုရားရှင်အား' ဟုဆိုသည်မှာ အရဟံဂုဏ်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်
တို့နှင့် ပြည့်စုံသော ဘုရားရှင် ဟုဆိုလိုသည် ဖြစ်ရာ ထိုဘုရားရှင်အား ရှိခိုးပါ၏
ဟု အဓိပ္ပါယ်ရပါသည်။ ဤသို့ အမှန်အကန်ဆိုခဲ့လျှင် ပါဠိဘာသာအရ ရှင်းလင်း
သွားမည်မလွဲပေ။ ထိုမှတစ်ပါး မာဂဓပါဠိစကား ကောင်းစွာနားလည်ကြသော
နတ် သိကြား ဗြဟ္မာတို့ကလည်း ဝမ်းပန်းတသာ သာဓုခေါ်ကြပေမည်။ ထိုပုဂ္ဂိုလ် များလည်း ဤဘုရားရှိခိုးနှင့်ပင် ရှိခိုးခဲ့ကြလေသည်။
 

ရှေးဘုရားရှင်များလက်ထက်မှ ယနေ့အထိ ဤဘုရားရှိခိုးနှင့်ပင် ရှိခိုးခဲ့ကြ၏။
ကမ္ဘာအဆက်ဆက် ဘုရားရှင်အဆူဆူတို့ကို ပူဇော်ခဲ့ကြသော ဘုရားရှိခိုးကြီး
ဖြစ်၍ ကမ္ဘာသုံးဘုရားရှိခိုးကြီးဟု ဆိုရမည်ဖြစ်သည်။
 

အရိယာသူတော်ကောင်းများနှင့်တကွ နတ် သိကြား ဗြဟ္မာတို့ ပူဇော်လာ
ကြသော ဘုရားရှိခိုးကြီးနှင့် နေ့စဉ် မှန်မှန် အိပ်ရာထ၊ အိပ်ရာဝင် ရှိခိုးနေ
လျှင်ကား နှလုံးသားတွင် ဂုဏ်တော်ကြီးသုံးပါး ကိန်းဝပ်သွားပါပြီ။
 

ဂုဏ်တော်သုံးပါးမှာ_
၁။ အရဟတော_ လူမင်း၊ နတ်မင်း၊ ဗြဟ္မ္မာမင်းတို့၏ ဝပ်စင်းဦးခိုက် ပူဇော်
အထူးကို ခံယူတော်မူထိုက်သော၊
၂။ သမ္မာသမ္ဗုဒ္ဓဿ      _ သစ္စာလေးတန် ဉေ ယျ ဓံကို ဆရာမကူ သယမ္ဘူ  ဉာဏ်
ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ထိုးထွင်းသိမြင်တော်မူသော၊
၃။ တဿ       ဘဂဝတော_ ဣဿ       ရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တမည်တွင် ဘုန်းခြောက်ပါးသခင် 'ထိုဘုရားရှင်အား'၊ 
နမော
_ ရှိခိုးပါ၏ အရှင်ဘုရား။
 

ဤဂုဏ်တော်သုံးပါးနှင့် ဘုရားရှင်၏ ပုံတော်ကို မှန်း၍ စိတ်မှာ အာရုံပြုပြီး
ရှိခိုးကြရမည်။ ကြည်ညိုကြရမည်။ ။
 

စာကိုး။ လက္ခဏ၊ အရှင် (ကျစွာချောင်)။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်
သိဒ္ဓိပေါက် တရားဒေသနာတော်။ ၂ဝဝ၆။

Posted by ဉာဏ်ဦး

Saturday, October 17, 2015

ဓမ္မသုတ (၅၆)

အနာကင်းသောလက်
အချဉ် အငန် အစပ်တို့နှင့် အထိမခံနိုင်ခြင်းမှာ လက်တွင်အနာရှိ၍ ဖြစ်သည်။
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည် ဆင်းရဲဒုက္ခများဖြင့် အလောင်ခံနေ ရသူများ ဖြစ်ကြသည်။
အကုသိုလ်တည်းဟူသော အနာဆိုး ရှိနေကြသောကြောင့်ပင်။
အကုသိုလ်ကံဆိုး မရှိကြသူတို့မှာ အနှီဒုက္ခများကို မခံကြရ။
အရိယာတို့မှာ အနာမရှိစေရန် တရားနှင့် ကုစားနေကြသဖြင့် အနာမရှိကြချေ။
အနာမရှိသော လက်နှင့်တူအောင် နေတတ်ကြစေ။
စာကိုး။ လက္ခဏ၊ ဦး (ကျစွာဆရာတော်)။ အနာမရှိသောလက် တရားတော်။
 

Posted by အေးဆက်

Friday, October 16, 2015

ဓမ္မပဒ ၉၃ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၎ - အနုရုဒ္ဓတ္ထေရဝတ္ထု 

ယဿာ သဝါ ပရိက္ခီဏာ၊ အာဟာရေ စ အနိ  ဿိ တော။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယဿ       ဂေါစရော။
အာကာသေဝ သကုန္တာနံ၊ ပဒံ တဿ       ဒုရန္နယံ။
၉၃။ အကြင်ပုဂ္ဂိုလ်တို့အား အာသဝေါကုန်ခန်း၏၊ အစာအဟာရ၌လည်း (တဏှာဒိဋ္ဌိဖြင့်) စွဲမှီခြင်း မရှိ၊ ရာဂစသည် ဆိတ်သုန်းသော ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာ ပုဂ္ဂိုလ်၏ ကျက်စားရာအာရုံဖြစ်၏။ ကာင်းကင်၌ ငှက်တို့၏ ခြေရာကို မသိနိုင်သကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၏ ခြေရာ ဟူသော လမ်းကြောင်းကို မသိနိုင်။

Posted by ဉာဏ်ဦး