Monday, May 2, 2016

ဓမ္မသာကစ္ဆာ (၃၈)


ပျော်ပျော်ပါးပါး နိဗ္ဗာန်သွား 
 

အခါတစ်ပါး၌ ဒူးရှည်မင်းသားသည် မြတ်စွာဘုရားအား မေးခွန်းနှစ်ခုကို
မေးလေရာ မြတ်ဘုရားက ဖြေကြားတော်မူသည်။ 
မင်းသား
တပည့်တော်သည် ဤဘဝမှာ ဇနီးမယားသမီးသားတို့နှင့်
ပျော်ပါးစွာ
နေလိုပါတယ်။ အမွှေးနံ့သာမျိုးစုံ ထုံမွှမ်းလိုပါတယ်။
ကံ့ကော်၊ သဇင်၊ ပန်းမျိုးစုံလင်ကို ပန်ချင်ပါတယ်။ ဘယက်
တန်ဆာ၊ ဒွါဒရာတို့ကို ဝတ်ဆင်လိုပါတယ်။ စပါးဆန်ရေ
ရွှေငွေစည်းစိမ် တိုက်အိမ်တို့ဖြင့် နေလိုပါတယ်။ ဘယ်လို
ကျင့်ကြံရမှာပါလဲဘုရား။
 ဘုရား

'ကြိုးစား၊ စုထား၊ မျှသုံး၊ မိတ်ကောင်း၊ ဤဘဝမှာချမ်းသာ
ကြောင်း’ တဲ့ကွယ့်။ ဤလေးပါးကို ကျင့်ကြံပါလေမင်းသား။
မင်းသား
ဘဝဆက်တိုင်း အဲဒီလိုနေရပြီးတော့ နိဗ္ဗာန်ကိုလည်း ရချင်
ပါတယ်။ ကျင့်အပ်တဲ့ တရားကို ဟောကြားတော်မူပါဦးဘုရား။
ဘုရား
ဒီအတွက်ကျင့်ဆောင်ရမှာကလည်း လေးပါးပါပဲ။ ‘သဒ္ဓါ၊ သီလ၊
ဒါန၊ ပညာ (ရုပ်နာမ်ဖြစ်ပျက်သိပညာ)၊ လေးဖြာစုပေါင်း၊

နောက်နောင် ချမ်းသာကြောင်း’ ကွယ့်။ တရားရှစ်ပါး၊ လက်တွေ့ပွား၊ ပျော်ပျော်ပါးပါး နိဗ္ဗာန်သွားရပေမယ် မင်းသား။  
စာကိုးစန္ဒာဝရာဘိဝံသ၊ ဘဒ္ဒန္တဓမ္မသင်တန်း (စင်္ကာပူ)၂၀၁၆
 

Posted by အေးဆက်

1 comment:

  1. How to open a new casino in NC - jtmhub.com
    A 부산광역 출장샵 new casino has been built in North Carolina, 영주 출장샵 but the company is looking for the closest casino, to be built in at 당진 출장마사지 least three years in 고양 출장마사지 the 제천 출장마사지 state.

    ReplyDelete