Thursday, April 3, 2014

ထေရဝါဒ ဟောဓမ္မ (၃၁)


ပဏ္ဍိတာဘိဝံသ၊ အရှင် (ရွှေတောင်ကုန်းဆရာတော်)။ ကိုယ်ကျင့် တရားကောင်းပြီး လူနှင့်တူသူ။ ဆန်ဖရန်စစ္စကို၊ ၃ ဇူလိုင် ၂ဝ၁ဝ။
ဓမ္မ၏ အဓိပ္ပါယ်၊ တရားနာကြားသူသုံးမျိုး၊ ကိုယ်ကျင့်တရားနှင့်
အလှူဒါန မသက်ဆိုင်ပုံ၊ ဘေးဆိုးလေးပါး၊ မေတ္တာပွားခြင်း၊
မေတ္တာနှင့် ကရုဏာတို့၏ အနီးဆုံးအကြောင်း၊ ရင့်ကျက်သော အသိဉာဏ်၊ ဉာဏ်ရည်၊ နှလုံးရည်နှင့် သိက္ခာအရည်အသွေး၊ မိဘနှင့်သားသမီးတို့၏ ဝတ္တရားများ၊ အတုယူဖွယ်ကောင်းသော
ဂျူး တို့၏ လုပ်ဆောင်ချက်တို့ကို ရှင်းလင်းဟောကြားထား၏။ တရားနာပါ။
ပဏ္ဍိတာဘိဝံသ၊ အရှင် (ရွှေတောင်ကုန်းဆရာတော်)။ အမျိုးဘာသာ သာသနာ မပျောက်ပျက်ရန်။ ဆန်ဖရန်စစ္စကို၊ ၄ ဇူလိုင် ၂ဝဝ၉။
ရှေးအကျဆုံးဘုရားရှိခိုး_ နမောတဿ၊ သရဏဂုံသုံးပါး၊ ငါးပါး သီလ၊ အနုမုတ္တိကကထာ (အစဉ်အတိုင်း မြှင့်တင်ဟောသော တရား)နှင့် လူပီသသူ၏ စိတ်ဓါတ်တို့ကို ပေါ်လွင်အောင် ရှင်းလင်းဟော ကြားထား သည်။  တရားနာပါ။
သဇ္ဇန၊ ဦး။ ဗုဒ္ဓဘာသာသည် ရုပ်တုကို ကိုးကွယ်သော ဘာသာလော (၁)။ ဆန်ဖရန်စစ္စကို၊ ၃ ဧပြီ ၂ဝ၁ဝ။
ဗုဒ္ဓသည် ငါဘုရားဖြစ်ပြီဟု အဘယ်ကြောင့်ကြေညာနိုင်
ကြောင်း၊
ဗုဒ္ဓ ဟု အမည်တွင်ပုံ၊ ရှေးလူတို့ ဗုဒ္ဓကိုယ်စား ထားရှိကိုးကွယ်ခြင်း များနှင့် ထိုစဉ်က ဘုရားရုပ်တုကို
ပြုလုပ်ကိုးကွယ်ခြင်း မရှိခဲ့ရသည့် အကြောင်းရင်း၊ ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်စွမ်းအား စသည်တို့နှင့် အမေး
အဖြေ များပါရှိသည်။  တရားနာပါ။

သဇ္ဇန၊ ဦး။ ဗုဒ္ဓဘာသာသည် ရုပ်တုကို ကိုးကွယ်သော ဘာသာလော (၂)။ ဆန်ဖရန်စစ္စကို၊ ၄ ဧပြီ ၂ဝ၁ဝ။
ဘုရားကိုးကွယ်ပုံ၊ ဗုဒ္ဓနှင့် ဘာဝရီ ပုဏ္ဏားကြီး၏ တပည့် တစ်ဆယ့်ခြောက်ဦးတို့၏ ဆွေးနွေးစကား၊ ဓမ္မဂုဏ်တော်၊ ကိုးကွယ်အပ်သည့် တရားဆယ်မျိုး၊ အမေးအဖြေများ စ သည်တို့ကို ဖေါ်ပြထားသည်။  တရားနာပါ။
ဣန္ဒာဝုဓာဘိဝံသ၊ ဦး (ထူးကြီးဆရာတော်)။ ငရဲကြီးရှစ်ထပ် တရား
တော် (၁)။ ရန်ကုန်၊ ၂၁ အောက်တိုဘာ ၂ဝဝ၆။

ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့၏ အဓိပ္ပါယ်၊ သုံးဆယ့်တစ်ဘုံ၊
အပါယ်လေး ဘုံ၊ လူ့ဘုံ၏ အားသာမှု၊ ကိလေသာဝဋ်၊
ကမ္မဝဋ်၊ ဝိပါကဝဋ် စသောဝဋ်သုံးပါး လည်နေပုံ၊ ငရဲကြီး
ရှစ်ထပ်၏ အမည်များစသည် တို့ပါဝင်သည်။  တရားနာပါ။
ဣန္ဒာဝုဓာဘိဝံသ၊ ဦး (ထူးကြီးဆရာတော်)။ ငရဲကြီးရှစ်ထပ် တရား
တော် (၂)။ ရန်ကုန်၊ ၂၂ အောက်တိုဘာ ၂ဝဝ၆။
သင်္ခါရသုံးမျိုး၊ အစပ်သုံးမျိုး၊ ငရဲကျခြင်းအကြောင်းရင်းများ
နှင့် ခံစားရသည့် ဒုက္ခအထွေထွေ၊ ဥတ္တရ ငရဲငယ်ငါးခု၊
ငရဲကြီးတစ်ထပ်စီသို့ ကျရောက်ရသော ပုဂ္ဂိုလ်အမျိုးအစား
နှင့် ငရဲခံကြရပုံ အမျိုးမျိုးတို့ကို ဖေါ်ပြထားသည်။ 
တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment