Saturday, August 25, 2012

ထေရဝါဒ ဓမ္မ အသံစု (၇၄)


လာလမ်းသာ၍ ပြန်လမ်းဖြောင့်ပါစေ () / အရှင် ကုမာရ (ဓမ္မဓရ) ဝက်လက်၊ ၁၃၇ဝ။
လူဟူသည်၊ သေဆုံးပြီးနောက် ရောက်ရှိနိုင်သည့် လားရာဂတိ ငါးမျိုး၊ စိတ်ဓါတ်အဆင့်အတန်းကို ထိန်းချုပ်ထားသည့် စိတ် များနှင့် ပုဂ္ဂိုလ်အမျိုးအစားစသောတရားများပါရှိသည်။ တရားနာပါ။
လာလမ်းသာ၍ ပြန်လမ်းဖြောင့်ပါစေ (ဒု) / အရှင် ကုမာရ (ဓမ္မဓရ) ဝက်လက်၊ ၁၃၇ဝ။
လူတိုင်းရင်ဆိုင်ရမည့် ဒုက္ခခုနစ်မျိုးနှင့် လူသားအားလုံးလုပ်
ဆောင်သင့်သည့် ကုသိုလ်ဆယ်မျိုးတို့ကို ရှင်းလင်းဟော ကြားထားသည်။
တရားနာပါ။
ဝိပဿနာလမ်းမှ နိဗ္ဗာန်သွားနိုင်ပုံ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ မတ် ၂၃၊ ၁၉၅၉။
ဇရာသည် ခိုးသူအလား နေ့ စဉ် ခန္ဓာမှ ခိုးယူနေပုံ၊ ဉာဏ်နှင့် ကံ နုံ့သူများအတွက် နိဗ္ဗာန်ရောက်ကြောင်း လိုရင်းတိုရှင်း ကျင့်စဉ်နှင့်အတူ ပစ္စုပ္ပန်ဘဝတွင် နိဗ္ဗာန်ကို မျက်မှောက်ပြု
နိုင်ခြင်းမရှိရသည့် အကြောင်းရင်း စသည်တို့ ပါရှိသည်။
တရားနာပါ။
ဝဲသြဃ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊ ဒီဇင်ဘာ ၅၊ ၁၉၅၉။
အာသဝတရားနှင့် စပ်လျဉ်းပြီး အမျိုးအစားများ ဖြစ်စေသော
အကြောင်း
(အဝိဇ္ဇာ)၊ ထူးခြားများပြားခြင်း၊ အကျိုးသက်ရောက် မှု၊ ချုပ်ငြိမ်းကြောင်းနှင့် ချုပ်ငြိမ်းစေသည့်ကျင့်စဉ်စသည်တို့ကို ရှင်းလင်းဟောကြား ထားသည်။ တရားနာပါ။
အပျော်ဆုံးနေ့ () / အရှင် သုဇာတ (မေတ္တာအေးဆရာတော်) မကွေး၊ ဇန္နဝါရီ ၇၊ ၂ဝဝ၈။
အကောင်းဆုံးပျော်ရွှင်ခြင်း၊ ကုသိုလ်၏ကောင်းကျိုးများနှင့် အကုသိုလ်၏ ဆိုးကျိုးများ၊ မိဘများက သားသမီးများအား ထိန်းသိမ်းခြင်း၏ အရေးပါမှုစသည်ဖြင့် ပါရှိ၏။ တရားနာပါ။
အပျော်ဆုံးနေ့ () / အရှင် သုဇာတ (မေတ္တာအေးဆရာတော်) မကွေး၊ ဇန္နဝါရီ ၇၊ ၂ဝဝ၈။
သားသမီးသုံးမျိုး၊ မိမိကိုယ်မိမိ အလှဆင်ခြင်း၊ "ဓမ္မိကဥပါ
သကာ
" ဇာတ်ကြောင်းကိုးကားချက်ဖြင့် မြတ်သောသေခြင်း တို့ကို ရှင်းလင်းဖေါ်ပြထားသည်။
တရားနာပါ။
အဖိုးတန်စကားသုံးခွန်း / အရှင် ပညာနန္ဒ (သီတဂူကြယ်) ရန်ကုန်၊ မတ် ၂၅၊ ၂ဝဝ၆။
နတ်တို့ သေဆုံးခါနီးတွင်ပြသော နိမိတ်လက္ခဏာများ သေဆုံး
တော့မည့် နတ်အား အခြားနတ်များ၏
အဖိုးတန် မှာကြားချက် သုံးခုနှင့်တကွ၊ ယင်းမှာကြားချက်နှင့် စပ်လျဉ်းပြီး ဗုဒ္ဓနှင့်ရဟန်း ငယ်တစ်ပါးတို့၏ ဆွေးနွေးစကားများကို ရှင်းလင်းဟောကြား ထားသည်။ တရားနာပါ
အမေ့မေတ္တာ သားလိမ္မာ ()() / အရှင် ပညာနန္ဒ (သီတဂူကြယ်) မကွေး၊ ဒီဇင်ဘာ ၂၆၊ ၂ဝဝ၇။
သတ္တဝါများအပေါ် မြတ်စွာဘုရားစောင့်ရှောက်တော်မူပုံ၊ ဒါန မပြုလုပ်မီ မိမိကိုယ်မိမိ မေးမြန်းရမည့် မေးခွန်းများနှင့် ကျွန်မ
လေး
"ပုဏ္ဏာ" ၏ ဝတ္ထုကို ကိုးကားလျက် ဒါန၏ စွမ်းအား အကြောင်းစသည်တို့ကို ဖေါ်ပြထားသည်။ တရားနာပါ။() ()
အရှုံးထဲကအမြတ် တရားတော် / အရှင် ပဏ္ဍိတ (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၁၁၊ ၂ဝဝ၅။
"ကန္တမာတ" ဇာတ်ကြောင်းကို အကိုးအကားပြုကာ ဒါန သီလ ဘာဝနာ ပြုလုပ်ရုံမျှနှင့် ကျေနပ်၍ မနေကြဘဲ အကျိုးရှိသော ဘဝ ဖြစ်စေရေးအတွက် ဝိပဿနာတရားအားထုတ်ကြရန် အကြံပေး ဟောကြားထားသည်။ တရားနာပါ။
အဝိဇ္ဇာနှင့် တဏှာ လင်္ကာရှင်းတမ်း တရားတော် / အရှင် ပဏ္ဍိတ (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၁၁၊ ၂ဝဝ၅။
သဿတဒိဋ္ဌိ ငါးဆယ့်ငါးခုနှင့် ဥစ္ဆေဒဒိဋ္ဌိ ခုနစ်မျိုးတို့ ပါဝင်
သော ဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးတို့ကို ဖေါ်ပြထားပြီး မိုးကုတ်၏ အဝိဇ္ဇာနှင့် တဏှာလင်္ကာကို
ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။

Posted by  ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment