Saturday, March 12, 2011

ဓမ္မသာကစ္ဆာ (၂)


ပြည်နိဗ္ဗာန်သို့ 

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂင်္ဂါ မြစ်၏ မြောက်ဖျားတွင်ရှိသော ကောသမ္ဘီမြို့အနီးတွင် သီတင်းသုံးလျက်ရှိသည်။ ၀ါဆိုဝါခေါင်ကာလဖြစ်၍ မြစ်ကမ်းတွင် ရေများပြည့်လျှံနေချိန်ဖြစ် သည်။ မြတ်စွာဘုရားထံမှောက်၌ ပရိဿတ်လေးပါး စုံညီစွာရှိနေစဉ် မြစ်ညာဖက်မှ အလွန်
ကြီးမားသော ကျွန်းသားတုံးကြီးတစ်တုံး မျောလာသည်ကို ဘုရားရှင် တွေ့ မြင်တော်မူသည်။ အနှီကျွန်းသားတုံးကြီးကို အကြောင်းပြု ၍ ဘုရားရှင်နှင့် ရဟန်းတစ်ပါးတို့  ဆွေးနွေးစကား   ပြောကြားကြခြင်းဖြင့် ရောက်ရှိနေသူများအားလုံး တရားစကားနာကြားခွင့် ရခဲ့ကြလေသည်။
မြတ်စွာဘုရား__ရဟန်းတို့  မြစ်ညာကမျောလာတဲ့ အလွန်ကြီးမားသော ကျွန်းသားတုံးကြီးကို 
မြင်ကြရဲ့လား။
ပရိဿတ်__ မြင်ကြပါတယ်ဘုရား။
မြတ်စွာဘုရား__ဒီကျွန်းသားတုံးကြီးဟာ အင်္ဂါရှစ်ချက်နဲ့  ညီညွတ်ရင် သမုဒ္ဒရာထဲကိုရောက် 
မှာ ဧကန်မုချသေချာတယ်။
ရဟန်း__အင်္ဂါရှစ်ချက် ဆိုတာ ဘယ်ဟာတွေပါလဲဘုရား။
မြတ်စွာဘုရား__အကယ်၍ ဒီသစ်တုံးကြီးဟာ () ဒီဖက်ကမ်းကို ကပ်မနေခဲ့ရင် () ဟိုဖက်  
ကမ်းကိုလဲကပ်မနေခဲ့ရင် () ရေလယ်ခေါင်မြုပ်မသွားခဲ့ရင် () ကုန်းပေါ်သောင်ပေါ်  
မှာ တင်မနေခဲ့ရင် () လူဆယ်ယူမခံခဲ့ရရင် () နတ်ဘီလူးတွေ အဆယ်မခံခဲ့ရရင်  
() ၀ဲလှည့် မခံခဲ့ရရင် () အတွင်းပုပ်ဆွေးမသွားခဲ့ရင် သမုဒ္ဒရာထဲကို ဧကန်မုချ  
ရောက်လိမ့်မယ်။ အလားတူပဲ ဒီအင်္ဂါရှစ်ချက်နဲ့  ညီအောင်နေနိုင်သူဟာ နိဗ္ဗာန်ကို 
မုချသေချာ ရောက်မှာဖြစ် တယ်။
ရဟန်း__'ဒီဖက်ကမ်း' ဆိုတာ ဘာပါလဲဘုရား။
မြတ်စွာဘုရား__'ဒီဖက်ကမ်း' ဆိုတာ အတွင်းအာယတန ()ပါး ဖြစ်တယ်။ မျက်စိ၊ နား၊ 
နှာခေါင်း၊ လျာ၊ ကိုယ်၊ စိတ် ဆိုတဲ့ခန္ဓာကိုယ်တွင်းမှာ ဖြစ်တဲ့ အာယတနတွေပဲ။
ရဟန်း__'ကပ်' ဆိုတာက ဘာပါလဲဘုရား။
မြတ်စွာဘုရား__'ကပ်' ဆိုတာက ဒီအတွင်း အာယတနတွေကိုသဘောကျ နှစ်သက်ရင် 
လောဘနဲ့ ကပ်တာဖြစ်တယ်၊ မနှစ်သက်ရင်ဒေါသနဲ့  ကပ်တာဖြစ်တယ်၊ ဒါဆို  
နိဗ္ဗာန်ကို မရောက်နိုင်တော့ဘူး။
ရဟန်း__'ဟိုဖက်ကမ်း' ဆိုတာ ဘယ်လိုဟာပါလဲဘုရား။
မြတ်စွာဘုရား__'ဟိုဖက်ကမ်း' ဆိုတာ အပြင်အာယတန()ပါးကို ဆိုလိုတယ်။ အဆင်း၊
အနံ့၊ အသံ၊ အရသာ၊ အတွေ့ အထိ၊ သဘော စတာတွေပဲ။ ဒါတွေကို တပ်မက်မော 
ရင် နိဗ္ဗာန် ကို မရောက်နိုင်တော့ဘူး။
ရဟန်း__'ရေလယ်ခေါင်မြုပ်' ဆိုတာ ဘယ်လိုတုန်းဘုရား။
မြတ်စွာဘုရား__'ရေလယ်ခေါင်မြုပ်' ဆိုတာ အလွန်တပ်မက်မောတဲ့ လောဘတဏှာကို ခေါ်
တယ်။ သာမည တပ်မက်မောတာမဟုတ်ဘူး၊ အာရုံတစ်ခုကို မရမနေစွဲလန်းတပ်မက်  
တဲ့ တဏှာဖြစ်ရင် နိဗ္ဗာန်ကို ရောက်ဖို့ ဝေးပြီ။
ရဟန်း__'ကုန်းပေါ်သောင်ပေါ်တင်' ဆိုတာ ဘာပါလဲဘုရား။
မြတ်စွာဘုရား__'ကုန်းပေါ်သောင်ပေါ်တင်' ဆိုတာ က 'ငါဆိုမှငါ' ဆိုတဲ့ မာနကိုဆိုလိုတာပဲ။ 
မာနကြီးရင် နိဗ္ဗာန်ကို မရနိုင်တော့ဘူး။
ရဟန်း__'လူအဆယ်ခံရတယ်' ဆိုတာ ဘယ်လိုတုန်းဘုရား။
မြတ်စွာဘုရား__'လူအဆယ်ခံရတယ်' ဆိုတာက ဒီလောကမှာ တချို့ ရဟန်းတွေဟာ ရဟန်း 
ကိစ္စဖြစ်တဲ့ စာသင်ကြားခြင်းနဲ့  တရားအားထုတ်ခြင်းတွေကို မလုပ်ကြဘဲ လူတွေနဲ့ 
ရောရော နှောနှောနေပြီး လူမှုကိစ္စတွေနဲ့ ပဲ အချိန်ကုန်နေတာကို ဆိုလိုတယ်။  
အဲဒါကြောင့် နိဗ္ဗာန်ကို မရနိုင်ကြပြန်ဘူး။
ရဟန်း__'နတ်ဘီလူးတွေအဆယ်ခံရတယ်' ဆိုတာက ဘယ်လိုပါလဲဘုရား။
မြတ်စွာဘုရား__'နတ်ဘီလူးတွေအဆယ်ခံရတယ်' ဆိုတာက ဒီလောကမှာ တချို့ ပုဂ္ဂိုလ်တွေ 
ဟာ သီလဆောက်တည်ခြင်း၊ မြင့်မြတ်သော အကျင့်များကျင့်ခြင်း စတဲ့ကုသိုလ် 
ကောင်းမှု တွေ ပြုလုပ်ကြတယ်။ ဒီကုသိုလ်ကောင်းမှုကြောင့် နောင်ဘ၀မှာ သိကြား  
မင်း၊ နတ်သား၊ သိကြားမင်းမိဖုရား၊ နတ်သမီးစသည်ဖြစ်ပါရစေလို့  ဆုတောင်းမှားခဲ့  
ကြတယ်။ သူတို့ ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု တွေဟာနတ်ဘ၀ဖြစ်ဖို့ နဲ့ ပဲ အားကုန်  
သွားလို့  နိဗ္ဗာန်ကိုရောက်အောင်မပို့နိုင်တော့ဘူး။ ရေထဲမှာ သစ်မွှေးတုံးတွေ မျောပါ
လာရင် နတ်ဘီလူးတွေက ဆယ်ယူပြီး သူတို့ဗိမာန်မှာ ထားတတ်ကြတယ်။ ဒီသစ်မွှေး 
တုံးဟာ သမုဒ္ဒရာထဲကို မရောက်နိုင်တော့သလို ဖြစ်တာကို 'နတ်ဘီလူးတွေအဆယ်ခံ 
ရတယ်' လို့  ဆိုလိုတာဖြစ်တယ်။
ရဟန်း__'၀ဲအလှည့်ခံရတယ်' ဆိုတာ ဘယ်လိုတုန်းဘုရား။
မြတ်စွာဘုရား__'၀ဲအလှည့်ခံရတယ်' ဆိုတာက ငါးပါးကုန်သော ကာမဂုဏ်တွေဖြစ်တဲ့ ရူပါရုံ၊  
ဂန္ဓာရုံ၊ သဒ္ဒါရုံ၊ ရသာရုံ၊ ဖေါဋ္ဌဗ္ဗာရုံ တို့ ကိုဆိုလိုတယ်။ ဒီအာရုံငါးပါး အနှောင်အဖွဲ့  
ကြားမှာ အချိန်ကုန်နေရင် ၀ဲအလှည့်ခံရပြီ၊ နိဗ္ဗာန်ကို မရောက်နိုင်တော့ဘူး။
ရဟန်း__'အတွင်းပုပ်' ဆိုတာ ဘာပါလဲဘုရား။
မြတ်စွာဘုရား__သစ်တုံးဟာ အတွင်းပိုင်းတွေ ပုပ်ဆွေးသွားရင် တစစီ ပျက်စီးသွားပြီး ပင် 
လယ်သမုဒ္ဒရာထဲကို မရောက်နိုင်တော့ဘူး၊ အဲဒီလိုပဲ ဒီလောကမှာ တချို့ က သီလမရှိ
ကြဘူး၊ သီလပျက်ပြီဆိုရင် မစင်ကြယ်တဲ့အလျောက် အယူမှားတွေ ဖြစ်ကုန်ကြတယ်၊  
သီလပျက်တဲ့ ပုဂ္ဂိုလ်ကို အတွင်းပုပ်လို့ ခေါ်တယ်။ အတွင်းပုပ်ဆွေးသွားတဲ့ သစ်တုံး  
ဟာ လှိုင်းရေနဲ့ ပျက်စီး သွားသလို သီလပျက်တဲ့ ပုဂ္ဂိုလ်ဟာလဲ အပါယ်လေးဘုံကို  
ရောက်ကြရတယ်။ နိဗ္ဗာန်ကို ဘယ်လိုနည်းနဲ့ မှ မရောက်တော့ဘူး။ ဒီအင်္ဂါရှစ်ချက်နဲ့  
ညီအောင် အားထုတ်ကြမယ်ဆိုရင် ၀ိပဿနာဥာဏ် သမ္မာဒိဋ္ဌိက သင်တို့ ကို နိဗ္ဗာန်  
ရောက်အောင် တွန်းပို့ ပေးမှာ ဖြစ်တယ်၊ မမေ့မလျော့ အားထုတ်ကြပေတော့။
ပရိဿတ်__မှန်လှပါဘုရား။
သာဓု သာဓု သာဓု

Posted by အေးဆက်

No comments:

Post a Comment