ဘုရားရှင်၏ ဂုဏ်တော်
ဘုရားရှင်လက်ထက်က ကာရဏပါလီ အမည်ရ ပုဏ္ဏားတစ်ဦးသည်
ဝေသာလီပြည်၊ လိစ္ဆဝီမင်းတို့၏ အလုပ်ကို လုပ်နေစဉ် အဝေးမှလာ
သော ပိင်္ဂိယာနီပုဏ္ဏားကို မြင်တွေ့သော် မေးမြန်းစကားဆိုလေသည်။
ကာရဏပါလီ
အရှင်၊ ဘယ်ကလာသလဲ။ပိင်္ဂိယာနီ
ရဟန်းဂေါတမ ထံမှပြန်လာတာဖြစ်တယ်။ကာရဏပါလီ
ရဟန်းဂေါတမရဲ့ပညာအစွမ်းကို အရှင်ဘယ်လိုထင်သလဲ၊ ပညာရှိတစ်ဦးပဲ ထင်ပါရဲ့။ပိင်္ဂိယာနီ
ကျွန်ုပ်က ဘယ်လိုလူမို့လဲ၊ ဘယ်လောက်တော်တဲ့ သူမို့ ရဟန်းကာရဏပါလီ
ဂေါတမရဲ့ပညာစွမ်းကို သိနိုင်ရမှာလဲ၊ ရဟန်းဂေါတမရဲ့ပညာ
စွမ်းကို သိသူမှာ ရဟန်းဂေါတမလို ပုဂ္ဂိုလ်မျိုးသာ ဖြစ်ရပေ မပေါ့။
အရှင်ကား၊ ရဟန်းဂေါတမအား ကောင်းမြတ်မွန်ရည်လှတဲ့ ချီးမွမ်းခြင်းဖြင့် ချီးမွမ်းနေတာ ဖြစ်ပါတယ်။ ဘယ်လိုအကျိုးထူး ကို မြင်လို့ ရဟန်းဂေါတမကို ကြည်ညိုရပါသလဲ။ပိင်္ဂိယာနီ
အမောင်၊ အကောင်းဆုံး အရသာများဖြင့် ဝအီနေတဲ့ ယောက်ျား ဟာ တခြားညံ့ဖျင်းတဲ့ အရသာတွေကို မလိုလား မနှစ်သက်ကာရဏပါလီ
တော့ပါ။ ထို့အတူ ရဟန်းဂေါတမ ဘယ်ပုံဟောသည်ဖြစ်စေ တရားကို နာရသော် ထိုတရားမှတစ်ပါး အခြားသမဏ၊ ဗြဟ္မဏ တို့ရဲ့ အယူဝါဒကို မလိုလား မနှစ်သက်တော့ပါ။
အမောင်၊ ဆာလောင်တဲ့အတွက် အားနည်းနေတဲ့ ယောက်ျား ဟာ ပျားမုန့်ဆုပ်ကို ရတဲ့အခါ ဘယ်နေရာကို လျက်လျက်
ကောင်းမွန်ချို မြတဲ့ အရသာကို ရနေတာသာဖြစ်တယ်။ ထို့အတူ ရဟန်းဂေါတမ ရဲ့တရားကို ဘယ်ပုံနာရနာရ ထိုတရား မှနေ၍ နှစ်သက်ခြင်း၊ စိတ်ကြည်လင်ခြင်းတို့ကို ရနေသည် သာဖြစ်ပါတယ်။
ဆက်ပြောပါပုဏ္ဏား၊ နားထောင်နေပါတယ်။ပိင်္ဂိယာနီ
အမောင်၊ စန္ဒကူးရွှေဖြစ်စေ၊ စန္ဒကူးနီဖြစ်စေ၊ စန္ဒကူးတုံးရဲ့ 
အရင်း၊ အဖျား၊ အလယ် သုံးသွယ်တို့တွင် ကြိုက်ရာက နမ်း ရှူစေ မွှေးကြိုင်သော ရနံ့ ကို ရလျက်သာ ရှိပါတယ်။ ထို့အတူ ရဟန်းဂေါတမ၏ တရားကို ဘယ်ပုံနာရနာရ ထိုတရားမှနေ၍ ဝမ်းမြောက်ခြင်း၊ စိတ်ရွှင်ပျခြင်းတို့ ရလျက်သာ ရှိပါတယ်။
အမောင်၊ အပြင်းအထန် ရောဂါကပ်ရောက်လို့ ဒုက္ခဖြစ်နေတဲ့
ယောက်ျားအား ကျွမ်းကျင်တဲ့ ဆေးဆရာဟာ တခဏချင်း
ရောဂါ ပျောက်ငြိမ်းစေသလို ရဟန်းဂေါတမ ဘယ်နည်းနဲ့ မဆို
ဟောတဲ့ တရားဖြစ်စေ၊ နာကြားရရင် ထိုတရားကြောင့် စိုးရိမ် ပူဆွေး ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲများ ငြိမ်းပျောက်
ခြင်း အဖြစ်သို့ ရောက် ရတာသာ ဖြစ်ပါတယ်။
အမောင်၊ နွေအပူဒဏ် ခံရလို့ ပင်ပန်းနွမ်းနယ်ကာ ရေဆာနေ တဲ့ယောက်ျားဟာ အေးကြည်ချို မြတဲ့ ရေရှိပြီး ဆိပ်ကမ်းသာယာဤသို့  ပိင်္ဂိယာနီထံမှ ဘုရားရှင်၏ ဂုဏ်တော်များကို နာကြားရသော ကာရဏပါလီသည် နေရာမှထကာ လက်ဝဲပခုံးထက် ကိုယ်ရုံတဘက် တင်လျက် လက်ျာဒူးကို မြေမှာထောက်ပြီးလျှင် ဘုရားရှင်ရှိရာလက်အုပ် ချီ၍ ကန်တော့လိုက်လေတော့သည်။
မွေ့ လျော်ဖွယ်ရေကန်သို့ ရောက်လာကာ ထိုရေကန်တွင်း သက်ဆင်း ပြီး ရေချိုး ရေသောက်ရသော် အပူအပန်မှန်သမျှ
အေးမြငြိမ်းစဲခြင်း ဖြစ်ရပါတယ်။ ထို့အတူ ရဟန်းဂေါတမ ဘယ်နည်းနဲ့ ဟောသည်ဖြစ်စေ နာကြားရသူမှာ ထိုတရား
ကြောင့် အပူအပန်ဟူသမျှ ငြိမ်းရသည်သာ ဖြစ်ပါတယ်။
စာကိုး။ ဗုဒ္ဓဘာသာလက်စွဲကျမ်း၊ ပထမတွဲ။ သာသနာရေးဦးစီးဌာန၊ ၂ဝဝ၈။
Posted by အေးဆက်
No comments:
Post a Comment