၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၁၄ - စိတ္တဂဟပတိဝတ္ထု
အသန္တံ ဘာဝနမိစ္ဆေယျ၊ ပုရေက္ခာရ ဉ္စ ဘိက္ခုသု။၇၃။ မလိမ္မာသော ရဟန်းသည် ရဟန်းတို့၏ အလယ်၌ မိမိတွင် ထင်ရှား မရှိသော ဂုဏ်ဖြင့် ချီးမွမ်းခြင်းကိုလည်းကောင်း၊ ခြံရံလျက် မိမိအား ရှေ့
အာဝါသေသု စ ဣဿရိယံ၊ ပူဇံ ပရကုလေသု စ။
မမေဝ ကတ မညန္တု၊ ဂိဟီ ပဗ္ဗဇိတာ ဥဘော။
မမေဝါတိဝသာ အဿု၊ ကိစ္စာကိစ္စေသု ကိသ္မိစိ။
ဣတိ ဗာလဿ သင်္ကပ္ပေါ၊ ဣစ္ဆာ မာနော စ ဝဍ္ဎတိ။
ဆောင်ပြုခြင်းကိုလည်းကောင်း၊ ကျောင်း အိပ်ရာ နေရာတို့၌ အစိုးရခြင်းကို
လည်းကောင်း၊ ဆွေမျိုးမဟုတ်သော ဒါယကာတို့၏ (ပစ္စည်းလေးပါးတို့ဖြင့်) ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏။
၇၄။ ငါ့ကြောင့်သာ အမှုကြီးငယ်တို့ ပြီးစီးကုန်၏ဟု လူ ရှင်ရဟန်းနှစ်ဦးတို့
မှတ်ထင်စေကုန်သတည်း။ တစ်စုံတစ်ခု အမှုကြီးငယ်တို့၌ ငါ့အလိုသို့ လိုက်
စေကြကုန်သတည်းဟု မိုက်သော ရဟန်းအား အကြံအစည် အလို ရမ္မက် မာန်မာနသည် တိုးပွါးလေ၏။
Posted by ဉာဏ်ဦး
No comments:
Post a Comment