Showing posts with label လှူဒါန်းခြင်း. Show all posts
Showing posts with label လှူဒါန်းခြင်း. Show all posts

Thursday, March 21, 2013

ဓမ္မသာကစ္ဆာ (၈)


လှူသူ မလှူသူ ဘယ်မတူ

တစ်နေ့သောအခါဝယ်သုမနဒေဝီမင်းသမီးသည် မြတ်ဗုဒ္ဓထံသို့ 
ရောက်ရှိလာ၏။ လှူသူနှင့် မလှူသူတို့၏ အကျိုးအရာ၌ ကွာခြား ချက်ကို မေးမြန်းလိုသောကြောင့်ဖြစ်သည်။
 

မင်းသမီး
သီလ၊ သမာဓိ၊ ပညာတူသူ နှစ်ဦးအနက် တစ်ဦးက လှူ ဒါန်း
ခြင်းကို ပြု ပြီး တစ်ဦးက လှူဒါန်းခြင်းကို မပြု ဟု ဆိုပါလျှင်
သေဆုံး ကြပြီးနောက် နတ်ဖြစ်ခဲ့ကြသော် အဘယ်သို့ ကွာခြား
မှာပါလဲ အရှင်ဘုရား။ 
ဘုရား
နတ်ဖြစ်တာချင်းတူသည့်တိုင် လှူဒါန်းမှုကို ပြုသူသည် မလှူဒါန်း
သူထက် အချက်ငါးမျိုးတို့တွင် သာလွန်သော အကျိုးကို ခံစားရ မှာဖြစ်ပေတယ်။
မင်းသမီး
အဘယ်အချက်တွေဖြစ်ကြောင်း သိလိုပါတယ် အရှင်ဘုရား။
ဘုရား
အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊
ကျော်စောကြွယ်ဝခြင်း နှင့် အာဏာပိုင်စိုးခြင်း အရာတို့ ၌
လှူသူက သာလွန်ရရှိမှာဖြစ်တယ်။
မင်းသမီး
မှန်လှပါ၊ အကယ်၍ လူ တစ်ဖန်ပြန်ဖြစ်ကြလျှင် ကွဲပြားမှု ရှိနိုင်ပါသေးလား အရှင်ဘုရား။
ဘုရား
ရှိပေတာပေါ့၊ စောစောကပြောခဲ့တဲ့ ငါးမျိုးစလုံးမှာ လှူသူက သာစမြဲပဲကွဲ့ ။
မင်းသမီး
ထိုသူနှစ်ဦးတို့  ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့လျှင် ခြားနား
ချက် ရှိဦးမှာပါလား ဘုရား။
ဘုရား
ဧကန်ရှိပေတယ်၊ လှူသူသည် တောင်းပန်လျှောက်ထားခံရ
ခြင်း၊ ပစ္စည်းလေးပါး ပေါများခြင်း၊ အထူးထူးအပြားပြားသုံးစွဲ
ရခြင်း၊ အပေါင်းအဖေါ်များခြင်း၊ အလွန်လေးစား ခံရခြင်း
စသည်တို့၌ မလှူသူထက် သာလွန်မှာသာဖြစ်တယ်။
မင်းသမီး
နှစ်ဦးနှစ်ဝ ဝိပဿ      နာတရားများ ကြိုးစားအားထုတ်ကြသဖြင့်
နိဗ္ဗာန်ကို မျက်မှောက်ပြု ကြတဲ့အခါမှာ ဘယ်ပုံထူးခြားကွာဟ
မှုများ ရှိမှာပါလဲ အရှင်ဘုရား။
ဘုရား
နိဗ္ဗာန်မရောက်မီစပ်ကြား ဘယ်ဘဝရောက်ရောက် လှူသူက
သာလွန်မှာသာဖြစ်တယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြု ကြချိန်မှာ
တော့ ကွဲပြားမှုမရှိကြတော့ဘဲ တူညီသွားကြမှာဖြစ်ပေတယ်။
မင်းသမီး
နားလည်သဘောပေါက်ပါပြီ အရှင်ဘုရား။
သာဓု သာဓု သာဓု
ကျမ်းကိုး။ ။သုဇာတ၊ အရှင် (မေတ္တာအေးဆရာတော်)။ ပန်းပန်မှ လှမယ် တရားတော် (၂)။ မင်းဘူး၊ ၃ ဇန္နဝါရီ ၂ဝဝ၉။

Posted by အေးဆက်

Wednesday, September 21, 2011

ဓမ္မသုတ [၃]



ဒါန ကုသိုလ် အကျိုး
မြတ်စွာဗုဒ္ဓ၊ ပစ္စေက၊ ဗုဒ္ဓသာဝကတို့ မှာ၊ လှူဒါန်းရတာ၊ ညံ့ဖျင်းတာ၊ ဘယ်ခါမရှိပါ။
အကျိုးပေးတာ၊ အလွန်သာ၊ လွန်စွာကြီးလှ၊ တွက်ကြောင့်ပါ။
စိတ်ကြည်လင်က၊ ညံ့ဖျင်းရ၊ ဒါနဆိုတာမရှိပါ။
<ဦးပညာဇောတ ၏ လှူကျိုးသိမူ အသက်စွန့် လှူ တရားတော်မှ>
သပ္ပုရိသအလှူ
လှူဖွယ်ဖြာဖြာ၊ စင်ကြယ်စွာ၊ ပြုကာပြင်ကာလှူ ဒါန်းသည်။
လှူဖွယ်ဖြာဖြာ၊ ရို သေစွာ၊ စိတ်မှာထား၍လှူ ဒါန်းသည်။
ကိုယ်တိုင်ကိုင်ကာ၊ လက်နှင့်သာ၊ သေချာကပ်ကာလှူ ဒါန်းသည်။
စွန့် ပစ်ပမာ၊ မလှူပါ၊ သေချာ စိတ်စိုက်လှူ ဒါန်းသည်။
ကောင်းကျိုးရောက်မှာ၊ ပြစ်ရှိကာ၊ သေချာရေးယူလှူ ဒါန်းသည်။
<ဦးပညာဇောတ ၏ လှူကျိုးသိမူ အသက်စွန့် လှူ တရားတော်>
သပ္ပုရိသဒါန
စင်ကြယ်မွန်မြတ်၊ လျောက်ပတ်သောခါ၊
ရွေးချယ်အပ်စပ်၊ မပြတ်လှူရာ၊
လှူဆဲတသီး၊ လှူပြီးပြန်ခါ၊
ဝမ်းမြောက်လှ ဒါနသပ္ပုရိသ။
<အရှင်ဇနကာဘိဝံသ ၏ ချမ်းသာလေးပါးတရားတော်>
ချို့ တဲ့သောဒါနအကျိုး
လှူထွေရှေးရှု၊ ဥာဏ်နှင့်ချို့ ၍၊ တွန့် တိုပိုက၊ ပထမအရွယ်၊ နောင်အခါမယ်၊ ရုပ်ဝယ်ဆိုးဝါး ဆင်းရဲမည်။
လှူနေဆဲမှာ၊ တွန့် တိုပါသော်၊ အင်္ဂါချို့ သွယ်၊ ဂုဏ်မဲ့နွယ်၊ တင့်တယ်ရုပ်ဆိုးဖြစ်တတ်သည်။
လှူပြီးနောက်မှာ၊ ချို့ တဲ့ပါသော်၊ နောင်ခါသမီးသား၊ မဲ့ကုန်ငြား၊ ပုညနိမ့်ကျဖြစ်တတ်သည်။
<ဦးပညာဇောတ ၏ ၀ိပဿနာမခက် ဒါနခက် တရားတော်>
လှူရန်ခဲယဉ်းပုံ
မိမိဥစ္စာ၊ နှစ်သက်စွာကို၊ စိတ်မှာရွှင်ကြည်၊ ပေးလှူမည်၊ ကြံစည်ခဲယဉ်းသည်။
ကြံစည်နိုင်လျက်၊ တဆင့်တက်၍၊ နှုတ်ထွက်လှူမယ်၊ ပြောဖို့ ကွယ်၊ တကယ်ခဲယဉ်းသည်။
ပြောတော့ပြောနိုင်၊ လက်ကကိုင်၍၊ ကိုယ်တိုင်သေချာ၊ လှူဖို့ ရာ၊ လွန်စွာခဲယဉ်းသည်။
ကိုယ်တိုင်ကိုင်ကာ၊ လှူနိုင်ပါလျက်၊ နောင်ခါနောင်တ၊ မပူကြ၊ လွန်စွာခဲယဉ်းသည်။
<ဦးပညာဇောတ ၏ ၀ိပဿနာမခက် ဒါနခက် တရားတော်>
လှူသူနှင့် မလှူသူ 
နှမျောသောသူ၊ စွန့် ကြဲလှူ၊ သေမူယူသွားရ။
မနှမျောသူ၊ မပေးလှူ၊ သေမူထားခဲ့ရ။
<
ဦးပညာဇောတ ၏ ၀ိပဿနာမခက် ဒါနခက် တရားတော်>
လှူချမ်းသာ

မလှူမတန်း၊ ဆင်းရဲလမ်း၊ လှူတန်းချမ်းသာသည်။
ချမ်းသာသူမှာ၊ စဉ်မကွာ၊ မင်္ဂလာရှိပေသည်။
<အရှင်ဇနကာဘိဝံသ ၏ ချမ်းသာလေးပါးတရားတော်>

Posted by အေးဆက်