Showing posts with label တဏှာ. Show all posts
Showing posts with label တဏှာ. Show all posts

Friday, June 26, 2015

ဓမ္မသာကစ္ဆာ (၃၅)


ကြောက်စရာတဏှာ
တစ်နေ့သော် မထင်ရှားသော နတ်သားတစ်ပါးသည် မြတ်စွာဘုရားထံမှောက်
ရောက်ရှိလာကာ သိလိုသည်ကို မေးမြန်းလေသည်။
နတ်သား

လောကကြီးကို ဘယ်သူဖန်ဆင်းထားပါသလဲဘုရား။
ဘုရား
တဏှာ ဆိုတဲ့ လိုချင်စိတ်၊ ကြိုက်စိတ်နဲ့ ဖန်ဆင်းထားတာ ဖြစ်တယ်။
နတ်သား
ဘာနဲ့ ဆွဲနှိမ်ထားတာပါလဲဘုရား။
ဘုရား
တဏှာနဲ့ ဖန်တီးထားတဲ့ လောကကို တဏှာကပဲ ဆွဲနှိမ်ထားတာ
ဖြစ်တယ်။

နတ်သား
ရှိနေတဲ့ လောကကြီးမှာ ရှိနေသမျှတွေဟာ ဘယ်သူ့အလိုကို လိုက်ပြီး လုပ်နေရပါသလဲဘုရား။
ဘုရား
အားလုံးဟာ တဏှာအလိုကို လိုက်လုပ်နေရတာပဲဖြစ်တယ်။
နတ်သား
တဏှာဟာ ကြောက်စရာကောင်းလှပါလားဘုရား။
ဘုရား
မှန်ပေတယ်။ ဒါကြောင့် တဏှာကင်းအောင် ကြိုးစားပေတော့ အမောင်နတ်သား။
စာကိုး။ ဉေယျဓမ္မသာမိ၊ အရှင် (မဟာဗောဓိမြိုင်ဆရာတော်)။ ဘုံသုံးဆယ့်တစ် တရားတော်။ 

Posted by အေးဆက်

Tuesday, April 30, 2013

ဓမ္မသုတ (၂ဝ)


တဏှာ ဥပါဒါန်
လူကို ခွေးက ဟောင်သဖြင့် ခဲနှင့်ပစ်သည်။ ခဲပစ်သူကို မ
ကြောက်
ဘဲ ပစ်လိုက်သော ခဲကိုသာခွေးက လိုက်ကာ ကိုက် တတ်၏။
လူတို့သည် သေမင်းထံသို့ပို့တတ်သော တဏှာနှင့် ဥပါဒါန်ကို
ကြောက်ရကောင်းမှန်းမသိကြဘဲ သေမင်းကိုသာ ကြောက်
တတ်
ကြသည်။
< ဦးဝိမလ၏ 'သေမင်းတမန်သတ်နည်း တရားတော်' >
တဏှာ ဥပါဒါန် ကံ သေမင်းတမန်
မျှားနှင့် မျှားပစ်သူ ဤနှစ်မျိုးတို့တွင် သေအောင်ပစ်မည့် မျှားပစ် သူသည် ပို၍ကြောက်ရွံ့ဖွယ်ရာ ကောင်းသည်။
ဇာတိ၊ ဇရာ၊ မရဏ တည်းဟူသော သေမင်းသုံးဦးထက် သေ မင်းထံသို့ အရောက်ပို့ ပေးမည့်သေမင်းတမန် တဏှာ၊ ဥပါဒါန်
နှင့် ကံတို့သည် ပိုလွန်၍ ကြောက်မက်ဖွယ်ဖြစ်သည်။ ယင်းတို့ ကို
မဂ်ဖြင့် အပြတ် ချေမှုန်း ရပေမည်။
< ဦးဝိမလ၏ 'သေမင်းတမန်သတ်နည်း တရားတော်' >
ပုထုဇဉ်တို့ ၏ တဏှာ
ကျွဲသည် မသိသဖြင့် နွံကိုသာအားကိုးရာဖြစ်သည်။ အေး
သော နေရာဖြစ်သည်ဟု ယူဆသည်။ နွံထဲမှ ထလာ
သော အခါ တွင် ရွှံ့ များပေလူးကာ ကြည့်၍ မကောင်းဖြစ်နေသော် လည်း ကျွဲသည် ကျေနပ်လျက် ရှိသည်။
ပုထုဇဉ်တို့သည်လည်း တဏှာအိုင်တွင်း၌သာ လူးလျက်နေ
လို ကြသည်။ ဒုက္ခရောက်လျှင် ပျောက်လိုသည့် တဏှာသာ လာ
သည်။ တဏှာမလာစေရန် သုံးသပ်ကြည့်ရှုရကောင်းမှန်း မသိ တတ်ကြပေ။
<ဦးဝိမလ၏ 'ဝိတက် ဝိစာရနည်းဆီခွက်မဖိတ်တရားတော်'>
ဝဋ်နှင့် တဏှာ
ဝဋ်ဆင်းရဲ မုဆိုးသည် နောက်ကလိုက်ကာ တဏှာသားကောင်
မှာ ရှေ့ မှပြေးနေသည်။
< အရှင်ဇနကာဘိဝံသ၏ 'သိပယ်ဆိုက်ပွါး တရားတော်' >
အဝိဇ္ဇာ တဏှာ အဖုံး
အဖုံးကို မဖွင့်လျှင် အတွင်း၌ရှိသော ပစ္စည်းကိုယူ၍ မရနိုင်။
နိဗ္ဗာန်ကို ဖုံးကွယ်ထားသော အကွယ်နှစ်ချက် အဝိဇ္ဇာ တဏှာ နှင့် ဖြစ်ပျက်ခန္ဓာကို ဖယ်ရှားနိုင်ပါမှ နိဗ္ဗာန်ကို ဒိဋ္ဌမြင်ရမည်။
< ဦးဝိမလ၏ 'အဖုံးနှစ်ချပ်ဖွင့်ကြည့်မှ နိဗ္ဗာန်မြင်ရမည် တရားတော်' >

Posted by အေးဆက်

Wednesday, April 3, 2013

ဓမ္မသုတ (၁၉)


တဏှာကိုခွါ
မီးသည် အကောင်းအဆိုးမခွဲ မည်သည်ကိုမဆို ရှို့ မြှိုက်တတ် သည်။
ရေသည် အဆိုးအကောင်း မည်သည်ကိုမဆို သန့်စင်အောင်
ဆေး
ကြောတတ်သည်။
မြေကြီးမှာ ၄င်းအပေါ်သို့  ချလိုရာချ ကောင်း မကောင်းအကုန် လက်ခံတတ်သည်။
လေသည် အနံ့ကောင်း အနံ့ဆိုးမရွေး အကုန်တိုက်ချပစ်တတ်
သည်။

မိုးကောင်းကင်ကြီးသည် မည်သည့်နေရာနှင့်မျှမထိ အားလုံးကို တညီတည်း အုပ်မိုးထားတတ်သည်။
ကောင်းဆိုး အာရုံဟူသမျှတို့ အပေါ်တွင် လေ မြေ ရေ မီး
ကောင်း
ကင်ကြီး (ဝါယော၊ ပထဝီ၊ အာပေါ၊ တေဇော၊ အာကာ
သ) တို့ ကျင့်သုံးသကဲ့သို့ မိမိတို့သည်လည်း တဏှာ မကပ်ငြိ
အောင်
နေတတ်ကြရမည်။ နှစ်သက်ခြင်း၊ သာယာခြင်း ကင်း ကြရမည်။
<ဦးသုမင်္ဂလ၏ 'မငြိစေနှင့် တရားတော်'>
တဏှာကျော့ကွင်း
ငှက်မုဆိုး ထောင်ထားသော ကျော့ကွင်းတွင် မိနေသည့် ငှက် ကဲ့သို့ တဏှာကျော့ကွင်း၌ မိနေသူသည် မည်သည့်အခါမျှ မလွတ်နိုင်ချေ။
<ဒါက်တာအရှင် ဆေကိန္ဒ၏ 'တန်ဖိုးသိမှ တန်ဖိုးရှိတယ် တရားတော်'>
တဏှာနှင့် အဝိဇ္ဇာ
နွားသည် နွားသတ်သမားအား သခင်လို ချစ်ခင်နေလျှင် အဆုံး
တွင်
သေရမည်မှာ မလွဲပေ။
လူတို့သည်လည်း ရုပ် နာမ် ဖြစ်ပျက်ကို အဝိဇ္ဇာကြောင့် မသိ သဖြင့် တဏှာနှင့် ခင်ကြပြီး အသေဆိုးနှင့် သေကြရသည်။
<ဦးဝိမလ၏ 'ရန်သူနှစ်ယောက်ကို အသေသတ်နည်း တရားတော်'>
တဏှာလောဘ
မြစ်ချောင်း အင်းအိုင် အဆင့်ဆင့်မှ ရေများသည် ပင်လယ် သမုဒ္ဒရာ အတွင်းသို့ မည်မျှပင် စီးဝင်သွားသော်လည်း ပြည့် လျှံသွားသည်ဟူ၍ မရှိပေ။
မီးထဲသို့ ထည့်သမျှ လောင်စာသည် အလုံးစုံ လောင်ကျွမ်း သွားလေ့ရှိသည်။
ထို့အတူ၊ မည်မျှဖြည့်သည်ဖြစ်စေ အလို မပြည့်နိုင်သည်မှာ တဏှာလောဘဖြစ်သည်။
<ဒါက်တာအရှင် ပညိဿ      ရ၏ 'အကျဉ်းချုပ်တရားလေးပါး တရားတော်'>
Posted by အေးဆက်