Friday, October 15, 2010

ထေရဝါဒ ဓမ္မ အသံစု (၂)


ကစ္စပ ဇာတ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်)။  မန္တလေး၊ ဒီဇင်ဘာ ၂၀၊ ၂၀၀၅။
မိမိကိုယ်မိမိစောင့်ရှောက်တတ်သော လိမ္မာပၝးနပ်ပြီးအသိဉာဏ်ရှိသူဖြစ်ရေးကို ဦးတည်သည်။   ဤအရည်အချင်းများ မရှိသောကြောင့် သေကျေပျက်စီးခဲ့ရသည့် လိပ်ကလေးတစ်ကောင်၏ ဇာတ်ကြောင်းကို ဥပမာပြ ဟောကြားထားသည်။  <Dhammadownload 026>
ခန္ဓာငါးပါးသူသတ်ယောကျာင်္း / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်)။  မိဂဒါဝုန်၊ စက်တင်ဘာ ၁၇၊ ၂၀၀၄။
ပဋိစ္စသမုပ္ပါဒ်အရ မိမိ၏ခန္ဓာငါးပါး__ ရူပက္ခခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ နှင့် ဝိညာဏက္ခန္ဓာတို့ကို မရဏ သေမင်းဟူ၍ ဖော်ညွှန်းဟောကြားထားသည်။  <Dhammadownload 001 
 ငါသည်မုချသေရမည် တရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်)။ [ခုနှစ်မရှိ]   
သေဘေးကိုရှောင်ကြဉ်၍ နောင်တွင် နိဗ္ဗာန်ရရေးအတွက် ဝိပဿနာတရား ပွါးများအားထုတ် ရန် အရေးတကြီး လိုအပ်ပုံကို ရှင်းလင်းဟောကြားထားသည်။  <Dhammadownload သံဝေဂ (၁): 2>
ဉာဏ်သုံးဉာဏ်နှင့် နိဗ္ဗာန်ရောက်ပုံ / ဦးဝိမလ (မိုးကုတ်ဆရာတော်)။  ဖေဖေါ်ဝါရီ ၁၃၊ ၁၉၅၅။
သုံးမျိုးသောဉာဏ်_ယထာဘူတဉာဏ်၊ နိဗ္ဗိဓါဉာဏ်နှင့်မဂ်ဉာဏ်။ ယင်းဉာဏ်များ ရရှိအောင် ပြု လုပ်ပြီး နိဗ္ဗာန်ရနိုင်ကြောင်းကို အကျယ်တဝင့် ဟောကြားထားသည်။  <Dhammadownload Mp3 Disc 1: 10>
ပီတိ သမ္ဗောဇ္ဈင် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ)။  ပဲခူး၊ ဖေဖေါ်ဝါရီ ၁၄၊ ၂၀၀၆။
ပီတိသမ္ဗောဇ္ဈင်နှင့် စပ်လျဉ်း၍ ဆိုလိုရင်းသဘော၊ လက္ခဏာ၊ ကိစ္စနှင့် ရရှိကြောင်းအချက် အလက်များကို ဟောကြားထားသည်။  <Dhammadownload 054>
ပဏ္ဍိတ သာမဏေ / ဒေါက်တာ ဦး ဉာဏိဿရ (သီတဂူဆရာတော်)။  ရန်ကုန်၊ ဖေဖေါ်ဝါရီ ၉၊ ၁၉၇၈။
သီလ၊ သမာဓိနှင့် ပညာတို့ဖြင့် မိမိ၏စိတ်ကို ထိန်းသိမ်းစောင့်ရှောက်ပုံ။ ဒါနအမျိုးအစား နှင့် ၄င်းတို့၏အကျိုးများ။ ပုဂ္ဂိုလ်နှစ်ဦး ဘဝဆက်တိုင်း အတူတကွ  ပေါင်းသင်း ကြရစေရန် တူညီ မျှတစွာရှိရမည့် အချက်အလက်များ (သမစာဂ၊ သမသဒ္ဓါ၊ သမပညာနှင့် သမသီလ) တို့အပြင် မှန်ကန်သော ဒါနဆုတောင်း ရှိရန် လိုကြောင်းကို  ပဏ္ဍိတသာမဏေ (အတိတ်ဘဝက မဟာဒုက္က ဖြစ်ခဲ့သူ) သာဓကဖြင့် ပြည့်စုံစွာ ဟောကြား ထားသည်။   <Dhammadownload Mp3 Disc 02: 06>
ဘယ်တရားလွန်မှ ကောင်းသနည်း / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ)။  ရန်ကုန်၊ ၁၃၅၉။  
သမထနှင့် ဝိပဿနာဟူသော ဘာဝနာနှစ်မျိုး။ ဘာဝနာတစ်မျိုးစီတွင် သာလွန်သင့်သည့် တရား။ မြတ်စွာဘုရားရှင် တရားဟောကြားတော်မူနည်း။ သဒ္ဓါနှင့် ပညာ၊ ဝီရိယနှင့် သမာဓိ ညီမျှစေခြင်း။ ယောဂီဟောင်းများ၏ အချို့ သော အပြုအမူများ စသည်တို့ကို ဟောကြား ထားသည်။  <Dhammadownload Mp3 Disc 02: 02>
ဝီရိယ သမ္ဗောဇ္ဈင် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ)။  ပဲခူး၊  ဖေဖေါ်ဝါရီ ၁၃၊ ၂၀၀၆။  
ဝီရိယသမ္ဗောဇ္ဈင် အကြောင်း ဟောကြားရာတွင် ဓမ္မရေးနှင့် လောကရေးဆိုင်ရာ ဝီရိယစိုက် ထုတ်ပုံချင်းမတူကြ သော ပုဂ္ဂိုလ်လေးမျိုး။ ဝီရိယ၏ လက္ခဏာ၊ ကိစ္စ၊ သဘောနှင့် ဝီရိယဖြစ်ရန် လိုအပ်ချက်များ ပါဝင်သည်။  <Dhammadownload 053>
သဒ္ဓါ နှင့် မစ္ဆရိယတိုက်ပွဲ / ဒေါက်တာ ဦး ဉာဏိဿရ (သီတဂူဆရာတော်)။  ရန်ကုန်၊ ဒီဇင်ဘာ ၂၄၊ ၁၉၇၈။   
သဒ္ဓါ၏အခြေခံကြောင်းရင်း၊ လက္ခဏာ၊ ကိစ္စ၊ ထင်ရှားသောသဘောနှင့် အကျိုးကျေးဇူးများ။ သဒ္ဓါတရား နှင့် မျိုးစေ့ နှိုင်းယှဉ်ဥပမာပြချက်။ သဒ္ဓါ၏ရန်သူ မစ္ဆရိယနှင့် ၄င်းကိုအပြီးတိုင် ဖယ်ရှားရေးတို့ကို ဟောကြား ထားသည်။  <Dhammadownload Mp3 Disc 04: 02>   
အရှုမှားက တရားမရ  / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ)။  ရန်ကုန်၊ ၁၃၅၆။
သင်္ခါရ၊ အနိစ္စနှင့် လက္ခဏာတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် မှန်ကန်သော တရားရှုပွါးမှု တို့ကို ဟောကြားထားသည်။  <Dhammadownload Mp3 Disc 02: 01>
Posted by  ဉာဏ်ဦး၊ အေးဆက်

Friday, October 1, 2010

ထေရဝါဒ ဓမ္မ အသံစု (၁)

ကာယမီမံ အလုပ်ပေးတရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
ခန္ဓာ၏ဖြစ်ခြင်း နှင့် ပျက်ခြင်းသဘောကို ရှုပွားသည့် ၀ိပဿနာကျင့်စဉ် လမ်းညွှန်ချက်။ 
အမှန်ကိုအမှန်အတိုင်း သိမြင်သော ယထာဘူတဉာဏ် နှင့် နိဗ္ဗိဓါဉာဏ်အကြောင်း။ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်စသည်တို့ကို ရှင်းလင်းဟောကြားထားသည်။ <Dhammadownload အလုပ်ပေး (): 1>
ကိလေသာပယ်နိုင်မှ ချမ်းသာရ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)[ခုနှစ်မရှိ]
ကုသိုလ် သုံးမျိုး (ဒါန၊ သီလ၊ ဘာဝနာ)၊ ကိလေသာ သုံးပါး (အနုသယ၊ ပရိယုဋ္ဌာန၊ ဝီတိက္ကမ)။ ကိလေသာကို ကုသိုလ်ကောင်းမှုဖြင့် ဖယ်ရှားခြင်းနှင့် အကျိုး ကျေးဇူးများ စသည်တို့ 
ပါဝင်သည်။ <Dhammadownload Mp3 Disc 01:01>
ဓမ္မ၀ိစယ သမ္ဗောဇ္ဈင် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဖေဖေါ်ဝါရီ ၂၊ ၂၀၀၆။
ဓမ္မ၀ိစယသမ္ဗောဇ္ဈင်ကို ရှင်းလင်းခြင်း - ပညာ၏သဘာဝနှင့်ကိစ္စ၊ ၀ိပဿနာ၏အဓိပ္ပါယ်၊ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင် ဖြစ်ရန် ရှိရမည့်အချက်များ၊ သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ဝီရိယ နှင့် သတိ ညီမျှစေခြင်း။ ဥပမာပြ ဇာတ်ကြောင်း - ရှင်သောန၊ အရှင်အာနနန္ဒာ။ <Dhammadownload 052>
ပဗ္ဗဇ္ဇမင်္ဂလာသာသနာပြု ကုသိုလ် တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၁၇၊ ၁၉၉၆။
ကုသိုလ်သုံးမျိုး (ဒါန၊ သီလ၊ ဘာဝနာ)တို့၏ အဓိပ္ပါယ် ဖွင့်ဆိုချက်။ ပဗ္ဗဇ္ဇရှင်ပြုမင်္ဂလာပွဲတွင် ရရှိသည့် ဘာဝနာနုဿတိငါးမျိုး၊ လှူဒါန်းခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ။ ဥပမာပြ ဇာတ်ကြောင်း - ရှင်တိဿ။ <Dhammadownload Mp3 Disc 01:02>
မဟာသဠပုတ္တသုတ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဒီဇင်ဘာ ၁၆၊ ၂၀၀၅။
သံသရာ၊ ခန္ဓာငါးပါး နှင့် ၄င်းတို့၏ဆက်စပ်မှု၊ ဘုရား၊ တရား၊ သံဃာတို့၏ ဂုဏ်ကျေးဇူးများ။ မဟာသဠပုတ္တသုတ်ကို ဥပမာပြဟောကြားထားသည်။ <Dhammadownload 022>
မဂ္ဂင်ရှစ်ဖော် ယာဉ် ပျံတော် / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) စစ်ကိုင်း၊ ၁၃၅၆။
အခြေခံမဂ္ဂင်သုံးပါး - () ပညာမဂ္ဂင်နှစ်ပါး (သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ္ပ)() သီလမဂ္ဂင်သုံးပါး (သမ္မာဝါစာ၊ သမ္မာကမ္မ န္တ၊ သမ္မာအာဇီဝ)() သမာဓိမဂ္ဂင်သုံးပါး (သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ) တို့၏ ဆိုလိုရင်း၊ ဆောင်ရွက်ပုံနှင့် ကျင့်ကြံအားထုတ်ကြရန် ဟောကြားထားသည်။ ရဟန္တာများအဘယ်ကြောင့် အားထုတ်ကြသေးကြောင်း ရှင်းလင်းချက်လည်းပါရှိသည်။ <Dhammadownload Mp3 Disc 06:04>
ဝိပဿနာမခက် ဒါနခက် / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၆။
ဒါနပြုလုပ်ရန် တွန့်ဆုတ်ခြင်း၊ ပုဗ္ဗစေတနာ(မလှူမီ)၊ မုဉ္စစေတနာ(လှူဆဲ) နှင့် အပရစေတနာ (လှူပြီး) စသည့် စေတနာသုံးတန် နှင့် လှူဒါန်းကြရန်၊ စေတနာပြဌာန်းမှု မပြည့်ဝ၍ဖြစ်ရသော ထိခိုက်မှုများ။ ၀ိပဿနာအားထုတ်ခြင်း နှင့် လှူဒါန်းခြင်း နှိုင်းယှဉ်ချက်တို့ကို ဟောကြားထားသည်။ <Dhammadownload Mp3 Disc 01:04>
သတိသမ္ဗောဇ္ဈင် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဖေဖေါ်ဝါရီ ၁၊၂၀၀၆။
ဗောဇ္ဈင်တရားဆိုသည်မှာ။ သတိသမ္ဗောဇ္ဈင်၏ အင်္ဂါနှင့်သဘာဝ၊ သတိသမ္ဗောဇ္ဈင်ဖြစ်ရန် လိုအပ်ချက်။ သတိ၏အဖော် ပညာ။ ၀ိပဿနာကျင့်စဉ် စသည် တို့ကိုဟောကြားထားသည်။
သီလ သမာဓိ ပညာ အရေးကြီးပုံ မဟာမိတ္တရဟန်း / ဦးဝိမလ (မိုးကုတ်ဆရာတော်)။  အမရပူရ၊ အောက်တို ဘာ ၁၃၊ ၁၉၅၆။
သီလ၊ သမာဓိ နှင့် ပညာ အရေးကြီးပုံကို မဟာမိတ္တရဟန်း ဇာတ်ကြောင်းဖြင့် နမူနာပြ ဟောကြား ထားသည်။ <Dhammadownload Mp3 Disc 3: 1>
အနုရာဓ ဥပမာပြ ဒိဋ္ဌိ ဖြုတ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မိဂဒါဝုန်၊ စက်တင်ဘာ ၁၈၊ ၂၀၀၄။
ဒိဋ္ဌိ ၏ အဓိပ္ပါယ်နှစ်ခု၊ ဒိဋ္ဌိနှစ်မျိုး။ ဓမ္မဂုဏ်တော်။ အနုရာဓရဟန်း ဥပမာပြ ဇာတ်ကြောင်းဖြင့် အနုရာဓ သုတ္တန်လာ ခန္ဗာငါးပါးအပေါ် အမြင်မှန်ရရှိကြရန်ထင်ရှားရှင်းလင်းစွာ   ဟောကြား ထားသည်။ <Dhammadownload 002>

Posted by ဉာဏ်ဦး၊ အေးဆက်

Wednesday, September 15, 2010

ထေရဝါဒ ဓမ္မ အသံစု ဖန်တီးမှုအစ



မိမိဝန်ထမ်းဘဝမှာ ဆရာတော် ဦးပညာဒီပ (World Buddhist Meditation Institute, Yangon) ထံတရားမေးမြန်း ရန် ရောက်ခဲ့သည်။ ထိုစဉ်က မိန့် ကြားလိုက်သော ဆုံးမစကားကို စွဲမြဲစွာ မှတ်မိနေပါသည်။
"ငယ်တုန်း တရားအသိ ရှာချင်တာ အကောင်းဆုံးပဲ။ အများစုက တပ်မက်မှု အာရုံတွေနောက် လိုက်ရင်း ဆင်းရဲတွင်း နက် နေကြတယ် မဟုတ်လား။ ကြိုက်ပါတယ်ဆိုတဲ့ တေးတပုဒ်ကို ကြာရှည်နားထောင်ကြည့်၊ ငြီးငွေ့လာလိမ့်မယ်၊ ဒါဟာ လောကီကာမဂုဏ် အာရုံရဲ့သဘောပဲ။ တရားဓမ္မ အာရုံတွေကျတော့ အေးငြိမ်း ချမ်းမြေ့တဲ့ သဘောဆောင်တယ်။ မင်းဖတ်လိုတဲ့ တရားစာအုပ်ကို ဘုန်းကြီးပေးမယ်၊ ဖတ်လည်းဖတ်၊ တရားလည်းနာ၊ ကျင့်ဖို့လည်း မမေ့နဲ့၊ တူမကြီးကိုပါ လမ်းပြပေး"   (မှန်ပါဘုရား။)
ဤသို့ ကတိပြုခဲ့၏။ ဇနီးဖြစ်သူ မအေးဆက်သည် ဆရာတော်၏ တူမဖြစ်သည်။

သို့နှင့် ကြင်ဖေါ်ကို အပါခေါ်၍ တရားရှာခဲ့ကြ၏။ ကောင်းမှုဟူသရွေ့၌ အတူပျော်မွေ့ခဲ့ကြသည်။ ယခုအငြိမ်းစား ယူခဲ့ကြပါပြီ။ မြတ်ရတနာသင်တန်း၌ ဆရာဦးမြသောင်း သင်ကြားပိုႚချပေးခဲႚသော အဘိဓမ္မာသင်္ဂြိုဟ်၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်စသော တရားစာပေများတွင်သာမွေ့လျော်နေ ကြပါသည်။ ဖတ်မှတ်ကြသည်။ သိအောင် လုပ်ရင်းရေး ကြ၏။ တရားဆွေးနွေးကြ၏။ တရားနာကြ၏။ တရားအားထုတ်ကြ၏။ နိဗ္ဗာန်တိုင် ပိုႚဆောင်နိုင်သော အနှိုင်းမဲႚ တရားတော်များကိုလည်း မျှဝေလိုစိတ် ဖြစ်ပေါ်လာပါသည်။

ထို့ကြောင့် ဓမ္မမိတ်ဆွေများ နာယူလွယ်ရလေအောင် ဆရာတော်ကြီးများ၏ ထေရဝါဒ ဓမ္မအဆုံးအမများကို အသံစု ပြု၍ စီစဉ်ဖန်တီး လိုက်ပါသည်။ တရားမှတ်စုတိုကို ဦးစွာ စာမြည်းကြည့်ပြီးမှ နာကြားလိုရာကို အကျယ်တဝင့် နာကြား နိုင်ရန် ရည်ရွယ်ပါသည်။ ဓမ္မ အသံစု အကျဉ်း မှ အကျယ် သို့ တည့်မတ်စွာ သွားခြင်းဖြင့် သံသရာဘေး မှ လွန်မြောက်စေရန် ဆက်လက် ကြိုးပမ်းသွားပါမည်။

မြတ်စွာဘုရား၏ တရားတော်သည် သတ္တ၀ါတို့၏ ကောင်းကျိုးချမ်းသာကို အများဆုံးဆောင်ကျဉ်းပေးနိုင်၏။ ထို့ကြောင့် တရားဟောခြင်းသည် အလွန်ကြီးကျယ်သည့် ကောင်းမှုတစ်ရပ်ဖြစ်၏။ ဓမ္မဒေသနာမည်၏။ သင့်လျော်သောအခါ၌ တရားနာခြင်း အကျိုးကလည်း ကြီးမြတ်လှ၏။ အကျိုး ၅ ပါး ရှိသည်ဟု ဗုဒ္ဓ ဟောတော်မူ၏။ ယင်းတို့မှာ_
တရားနာသူသည် မကြားဘူးသေးသော တရားကို ကြားနာရခြင်း၊
ကြားနာဖူးသော တရားကို ပိုမိုရှင်းလင်းစွာ သိရှိရခြင်း၊
ယုံမှားသံသယ ကင်းရှင်းခြင်း၊
အယူအဆ ဖြောင့်မှန်ခြင်း၊
စိတ်ကြည်လင်ခြင်း၊


ဘ၀တစ်ခုမှ လင်းနို့ငါးရာသည် ပဋ္ဌာန်းရွတ်ဆိုသော အသံကို ကြည်နူးဝမ်းမြောက်မှုဖြင့် နာကြားခဲ့ဖူးသည့် အထုံကြောင့် ဂေါတမမြတ်စွာဘုရား လက်ထက်၌ အဘိဓမ္မာဆောင် ရဟန္တာငါးရာဖြစ်ခဲ့ကြပေသည်။
ဘုရားရှင်သည် စမ္ပာပြည် ဂဂ္ဂရာရေကန်အနီးတွင် သီတင်းသုံးကာ ပရိသတ်အား တရားဟောတော် မူသည်။ ထိုစဉ် ဖားငယ် တကောင်သည် ရေကန်မှ ထွက်လာ၏။ တရားနာရာအစွန်၌ ဝပ်လျက် "ဤအသံသည် တရားသံပင်ဖြစ် ၏" ဟုအာရုံပြုကာ နာယူနေသည်။ တရားနာသူ နွားကျောင်းသားတယောက်၏ တုတ်ဖြင့် ဖားငယ်၏ ဦးခေါင်းကို ထောက်မိ သွားသည်။ ဖားငယ် သေဆုံး၏။ ဖားငယ်သည် တရားအဓိပ္ပါယ်ကို မသိ။ သို့သော် တရားကို အာရုံပြု၍ စိတ်ကြည် လင်သဖြင့် တာဝတိံသာ နတ်ပြည်၌ မဏ္ဍူကဒေ၀ပုတ္တ နတ်သား သွားဖြစ် သည်။ ဤကား တရားနာ ခြင်း၏အကျိုး တည်း။

ဘုရားရှင် ကိုယ်တော်တိုင်လည်း တရားနာခဲ့သည်။ တခါက ဘုရားရှင်သည် နန္ဒမထေရ် တရားဟောရာသို့ရောက် ရှိ သည်။ ထိုနေရာတွင် ရပ်လျက်ပင်တရားကို နာ ကြားတော်မူသည်။ ညဉ့်သုံးယံလုံး တရားနာကြားပြီးနောက် သာဓုခေါ် ဆိုတော်မူ၏။

ဤသာဓကများကို ထောက်လျှင် ပုထုဇဉ် များသည် ပို၍ပို၍ပင် တရားနာဖို့ ကောင်းပါသည်။ ဆရာ တော်ကြီးများ ၏ ကျေးဇူး ကြောင့်လည်းကောင်း၊ ခေတ်၏တိုးတက်မှု ကြောင့်လည်းကောင်း၊ ယခုအခါ တရားတော်များ ကို အလွယ် တကူရရှိ နာကြားနေနိုင်သည်မှာ အလွန်ကံကောင်းပါသည်။ မြတ်တရားနာ၍ မိမိကိုယ်တိုင် အိုနာသေ ကင်းရာ ချမ်းသာစစ်ကို ရှာတွေ့နိုင်ကြပါစေ။

Posted by ဉာဏ်ဦး

Wednesday, September 1, 2010

သဗ္ဗဇယ မင်္ဂလာဂါထာတော်


ဒိဝါတပတိ အာဒိစ္စော၊
ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ ဗုဒ္ဓေါ တပတိ တေဇသာ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလံ။

နေမင်းသည် နေ့အခါ၌သာ ထွန်းလင်း တောက်ပ၏။
လမင်းသည် ညအခါ၌သာ ထွန်းလင်း တောက်ပ၏။
ရှင်ဘုရင်သည် မင်းမြောက်တန်ဆာငါးပါး ဆင်ယင်ထားမှသာ တင့်တယ် တောက်ပ၏။
ရဟန္တာသည် ဈာန်ဝင်စား နေမှသာ တင့်တယ် တောက်ပ၏။
မြတ်စွာဘုရားရှင်သည်ကား နေ့ညအခါခပ်သိမ်း ထွန်းလင်း တင့်တယ် တောက်ပ၏။
ဤသစ္စာ စကားကြောင့် သင့်အား အခါခပ်သိမ်း ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။
ဤသစ္စာ စကားကြောင့် ငါ့အား အောင်ခြင်းမင်္ဂလာသည် ဖြစ်ပါစေသတည်း။

Posted by 
ဉာဏ်ဦး

Sunday, August 15, 2010

ဘုရားရှိခိုး နှင့် သရဏဂုံ အနက်


ဘုရားရှိခိုး အနက်
အရဟတော- ပူဇော်သမျှကို ခံယူတော်မူထိုက်သော၊ သမ္မာသမ္ဗုဒ္ဓဿ- အလုံးစုံသော တရားတို့ကို မဖေါက်မပြန် ကိုယ်တော်တိုင် သိတော်မူသော၊ တဿ ဘဂဝတော- ထိုမြတ်စွဘုရားအား၊ နမော- 
ရှိခိုးပါ၏။
 

သရဏဂုံ အနက်
ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ် သိမှတ်ပါ၏။ ဓမ္မံ- တရားတော်မြတ်ကို၊ သရဏံ- ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ် သိမှတ်ပါ၏။ သံဃံ- အရိယာ သံဃာတော်မြတ်ကို၊ သရဏံ- ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ် သိမှတ်ပါ၏။ __<အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်)>

Posted by ဉာဏ်ဦး

Sunday, August 1, 2010

ဘုရား ႟ွိ ခိုး



ဘုရား ႟ွိ ခိုး
နေမာတႆ ဘဂဝေတာ အရဟေတာ သမၼာသမၺဳဒၶႆ။ 

သရဏဂုံ
ဗုဒၶံ သရဏံ ဂစၧာမိ၊ ဓမၼံ သရဏံ ဂစၧာမိ၊ သံဃံ သရဏံ ဂစၧာမိ။

Posted by ဉာဏ်ဦး၊ အေးဆက်