Saturday, March 12, 2011

ဓမ္မသာကစ္ဆာ (၂)


ပြည်နိဗ္ဗာန်သို့ 

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂင်္ဂါ မြစ်၏ မြောက်ဖျားတွင်ရှိသော ကောသမ္ဘီမြို့အနီးတွင် သီတင်းသုံးလျက်ရှိသည်။ ၀ါဆိုဝါခေါင်ကာလဖြစ်၍ မြစ်ကမ်းတွင် ရေများပြည့်လျှံနေချိန်ဖြစ် သည်။ မြတ်စွာဘုရားထံမှောက်၌ ပရိဿတ်လေးပါး စုံညီစွာရှိနေစဉ် မြစ်ညာဖက်မှ အလွန်
ကြီးမားသော ကျွန်းသားတုံးကြီးတစ်တုံး မျောလာသည်ကို ဘုရားရှင် တွေ့ မြင်တော်မူသည်။ အနှီကျွန်းသားတုံးကြီးကို အကြောင်းပြု ၍ ဘုရားရှင်နှင့် ရဟန်းတစ်ပါးတို့  ဆွေးနွေးစကား   ပြောကြားကြခြင်းဖြင့် ရောက်ရှိနေသူများအားလုံး တရားစကားနာကြားခွင့် ရခဲ့ကြလေသည်။
မြတ်စွာဘုရား__ရဟန်းတို့  မြစ်ညာကမျောလာတဲ့ အလွန်ကြီးမားသော ကျွန်းသားတုံးကြီးကို 
မြင်ကြရဲ့လား။
ပရိဿတ်__ မြင်ကြပါတယ်ဘုရား။
မြတ်စွာဘုရား__ဒီကျွန်းသားတုံးကြီးဟာ အင်္ဂါရှစ်ချက်နဲ့  ညီညွတ်ရင် သမုဒ္ဒရာထဲကိုရောက် 
မှာ ဧကန်မုချသေချာတယ်။
ရဟန်း__အင်္ဂါရှစ်ချက် ဆိုတာ ဘယ်ဟာတွေပါလဲဘုရား။
မြတ်စွာဘုရား__အကယ်၍ ဒီသစ်တုံးကြီးဟာ () ဒီဖက်ကမ်းကို ကပ်မနေခဲ့ရင် () ဟိုဖက်  
ကမ်းကိုလဲကပ်မနေခဲ့ရင် () ရေလယ်ခေါင်မြုပ်မသွားခဲ့ရင် () ကုန်းပေါ်သောင်ပေါ်  
မှာ တင်မနေခဲ့ရင် () လူဆယ်ယူမခံခဲ့ရရင် () နတ်ဘီလူးတွေ အဆယ်မခံခဲ့ရရင်  
() ၀ဲလှည့် မခံခဲ့ရရင် () အတွင်းပုပ်ဆွေးမသွားခဲ့ရင် သမုဒ္ဒရာထဲကို ဧကန်မုချ  
ရောက်လိမ့်မယ်။ အလားတူပဲ ဒီအင်္ဂါရှစ်ချက်နဲ့  ညီအောင်နေနိုင်သူဟာ နိဗ္ဗာန်ကို 
မုချသေချာ ရောက်မှာဖြစ် တယ်။
ရဟန်း__'ဒီဖက်ကမ်း' ဆိုတာ ဘာပါလဲဘုရား။
မြတ်စွာဘုရား__'ဒီဖက်ကမ်း' ဆိုတာ အတွင်းအာယတန ()ပါး ဖြစ်တယ်။ မျက်စိ၊ နား၊ 
နှာခေါင်း၊ လျာ၊ ကိုယ်၊ စိတ် ဆိုတဲ့ခန္ဓာကိုယ်တွင်းမှာ ဖြစ်တဲ့ အာယတနတွေပဲ။
ရဟန်း__'ကပ်' ဆိုတာက ဘာပါလဲဘုရား။
မြတ်စွာဘုရား__'ကပ်' ဆိုတာက ဒီအတွင်း အာယတနတွေကိုသဘောကျ နှစ်သက်ရင် 
လောဘနဲ့ ကပ်တာဖြစ်တယ်၊ မနှစ်သက်ရင်ဒေါသနဲ့  ကပ်တာဖြစ်တယ်၊ ဒါဆို  
နိဗ္ဗာန်ကို မရောက်နိုင်တော့ဘူး။
ရဟန်း__'ဟိုဖက်ကမ်း' ဆိုတာ ဘယ်လိုဟာပါလဲဘုရား။
မြတ်စွာဘုရား__'ဟိုဖက်ကမ်း' ဆိုတာ အပြင်အာယတန()ပါးကို ဆိုလိုတယ်။ အဆင်း၊
အနံ့၊ အသံ၊ အရသာ၊ အတွေ့ အထိ၊ သဘော စတာတွေပဲ။ ဒါတွေကို တပ်မက်မော 
ရင် နိဗ္ဗာန် ကို မရောက်နိုင်တော့ဘူး။
ရဟန်း__'ရေလယ်ခေါင်မြုပ်' ဆိုတာ ဘယ်လိုတုန်းဘုရား။
မြတ်စွာဘုရား__'ရေလယ်ခေါင်မြုပ်' ဆိုတာ အလွန်တပ်မက်မောတဲ့ လောဘတဏှာကို ခေါ်
တယ်။ သာမည တပ်မက်မောတာမဟုတ်ဘူး၊ အာရုံတစ်ခုကို မရမနေစွဲလန်းတပ်မက်  
တဲ့ တဏှာဖြစ်ရင် နိဗ္ဗာန်ကို ရောက်ဖို့ ဝေးပြီ။
ရဟန်း__'ကုန်းပေါ်သောင်ပေါ်တင်' ဆိုတာ ဘာပါလဲဘုရား။
မြတ်စွာဘုရား__'ကုန်းပေါ်သောင်ပေါ်တင်' ဆိုတာ က 'ငါဆိုမှငါ' ဆိုတဲ့ မာနကိုဆိုလိုတာပဲ။ 
မာနကြီးရင် နိဗ္ဗာန်ကို မရနိုင်တော့ဘူး။
ရဟန်း__'လူအဆယ်ခံရတယ်' ဆိုတာ ဘယ်လိုတုန်းဘုရား။
မြတ်စွာဘုရား__'လူအဆယ်ခံရတယ်' ဆိုတာက ဒီလောကမှာ တချို့ ရဟန်းတွေဟာ ရဟန်း 
ကိစ္စဖြစ်တဲ့ စာသင်ကြားခြင်းနဲ့  တရားအားထုတ်ခြင်းတွေကို မလုပ်ကြဘဲ လူတွေနဲ့ 
ရောရော နှောနှောနေပြီး လူမှုကိစ္စတွေနဲ့ ပဲ အချိန်ကုန်နေတာကို ဆိုလိုတယ်။  
အဲဒါကြောင့် နိဗ္ဗာန်ကို မရနိုင်ကြပြန်ဘူး။
ရဟန်း__'နတ်ဘီလူးတွေအဆယ်ခံရတယ်' ဆိုတာက ဘယ်လိုပါလဲဘုရား။
မြတ်စွာဘုရား__'နတ်ဘီလူးတွေအဆယ်ခံရတယ်' ဆိုတာက ဒီလောကမှာ တချို့ ပုဂ္ဂိုလ်တွေ 
ဟာ သီလဆောက်တည်ခြင်း၊ မြင့်မြတ်သော အကျင့်များကျင့်ခြင်း စတဲ့ကုသိုလ် 
ကောင်းမှု တွေ ပြုလုပ်ကြတယ်။ ဒီကုသိုလ်ကောင်းမှုကြောင့် နောင်ဘ၀မှာ သိကြား  
မင်း၊ နတ်သား၊ သိကြားမင်းမိဖုရား၊ နတ်သမီးစသည်ဖြစ်ပါရစေလို့  ဆုတောင်းမှားခဲ့  
ကြတယ်။ သူတို့ ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု တွေဟာနတ်ဘ၀ဖြစ်ဖို့ နဲ့ ပဲ အားကုန်  
သွားလို့  နိဗ္ဗာန်ကိုရောက်အောင်မပို့နိုင်တော့ဘူး။ ရေထဲမှာ သစ်မွှေးတုံးတွေ မျောပါ
လာရင် နတ်ဘီလူးတွေက ဆယ်ယူပြီး သူတို့ဗိမာန်မှာ ထားတတ်ကြတယ်။ ဒီသစ်မွှေး 
တုံးဟာ သမုဒ္ဒရာထဲကို မရောက်နိုင်တော့သလို ဖြစ်တာကို 'နတ်ဘီလူးတွေအဆယ်ခံ 
ရတယ်' လို့  ဆိုလိုတာဖြစ်တယ်။
ရဟန်း__'၀ဲအလှည့်ခံရတယ်' ဆိုတာ ဘယ်လိုတုန်းဘုရား။
မြတ်စွာဘုရား__'၀ဲအလှည့်ခံရတယ်' ဆိုတာက ငါးပါးကုန်သော ကာမဂုဏ်တွေဖြစ်တဲ့ ရူပါရုံ၊  
ဂန္ဓာရုံ၊ သဒ္ဒါရုံ၊ ရသာရုံ၊ ဖေါဋ္ဌဗ္ဗာရုံ တို့ ကိုဆိုလိုတယ်။ ဒီအာရုံငါးပါး အနှောင်အဖွဲ့  
ကြားမှာ အချိန်ကုန်နေရင် ၀ဲအလှည့်ခံရပြီ၊ နိဗ္ဗာန်ကို မရောက်နိုင်တော့ဘူး။
ရဟန်း__'အတွင်းပုပ်' ဆိုတာ ဘာပါလဲဘုရား။
မြတ်စွာဘုရား__သစ်တုံးဟာ အတွင်းပိုင်းတွေ ပုပ်ဆွေးသွားရင် တစစီ ပျက်စီးသွားပြီး ပင် 
လယ်သမုဒ္ဒရာထဲကို မရောက်နိုင်တော့ဘူး၊ အဲဒီလိုပဲ ဒီလောကမှာ တချို့ က သီလမရှိ
ကြဘူး၊ သီလပျက်ပြီဆိုရင် မစင်ကြယ်တဲ့အလျောက် အယူမှားတွေ ဖြစ်ကုန်ကြတယ်၊  
သီလပျက်တဲ့ ပုဂ္ဂိုလ်ကို အတွင်းပုပ်လို့ ခေါ်တယ်။ အတွင်းပုပ်ဆွေးသွားတဲ့ သစ်တုံး  
ဟာ လှိုင်းရေနဲ့ ပျက်စီး သွားသလို သီလပျက်တဲ့ ပုဂ္ဂိုလ်ဟာလဲ အပါယ်လေးဘုံကို  
ရောက်ကြရတယ်။ နိဗ္ဗာန်ကို ဘယ်လိုနည်းနဲ့ မှ မရောက်တော့ဘူး။ ဒီအင်္ဂါရှစ်ချက်နဲ့  
ညီအောင် အားထုတ်ကြမယ်ဆိုရင် ၀ိပဿနာဥာဏ် သမ္မာဒိဋ္ဌိက သင်တို့ ကို နိဗ္ဗာန်  
ရောက်အောင် တွန်းပို့ ပေးမှာ ဖြစ်တယ်၊ မမေ့မလျော့ အားထုတ်ကြပေတော့။
ပရိဿတ်__မှန်လှပါဘုရား။
သာဓု သာဓု သာဓု

Posted by အေးဆက်

Saturday, March 5, 2011

ထေရဝါဒ ဓမ္မအသံစု (၁၀)

ကိုယ့်ကိုယ်ကိုများ ချစ်ပါရဲ့ လား / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) စစ်ကိုင်း၊1358 (B.E.)
မိမိကိုယ်မိမိ မည်သို့ ချစ်ရမည့်အကြောင်း၊ အန္တရာယ်လေးမျိုး၊ ကံနှင့်ဝိပါက်စသည်တိုႛကို  ဟာကြားထားပြီး ကောင်းမှုများကို ပြုလုပ်ကြပြီး မကောင်းမှုတို့ ကို ရှောင် ကြဉ်ကြရန် တိုက်တွန်းဟောကြားထားသည်။ <Dhammadownload Mp3 Disc 03: 04>
ကျောင်းလှူဒါန်းရ ကျိုးဖလ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ)ကျုံပျော်၊ 1357 (B.E.)
ကျောင်းလေးမျိုးနှင့် ကျောင်းလှူဒါန်းရခြင်း၏အကျိုးကိုဥပမာဇာတ်ကြောင်းဖြင့်ရှင်းလင်း     
 ဟာကြားထားသည်။ <Dhammadownload Mp3 Disc 03: 03>
ခန္ဓာဝန်ထမ်း / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ Aug 1, 2006.
ဝိပဿနာတရား အားထုတ်ရခြင်း၏ အကြောင်းရင်းကို ရှင်းလင်းထားသည်။ ထို့ ပြင်၊ 
"ဘာရသုတ္တန်" လာ ခန္ဓာငါးပါး၊ ခန္ဓာဝန်ထုပ်ကို ထမ်းဆောင်ထားရသောဆင်းရဲ၊ သတ္တ၀ါများ 
ခန္ဓာ ရရှိကြောင်း၊ တဏှာပယ်သတ်ခြင်း၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်း စသည်တို့ ကိုလည်း စုံလင်စွာဟောကြားထားသည်။ <Dhammadownload 028>
တစ်ကြိမ်လှူရ မြတ်ဒါန / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ Apr 7, 2006.
စိတ်ထားကောင်းဖြင့် ဒါနပြုရေး၊ ဒါနအထမြောက်ရန် လိုအပ်ချက်များနှင့်အကျိုးကျေးဇူး 
အမျိုးမျိုး တို့ ကို အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဒုက္ခနှင့် ကြုံနေခိုက် မိမိတို့ ၏အသားကို 
ဆွမ်းအလှူအဖြစ် ဖန်တီးလှူဒါန်းရန် အသီးသီးကြံစည်ကြသည့် ဇနီးမောင်နှံနှစ်ဦးတို့ ၏ အကြောင်းဖြစ်သော"ဝတ္တုလပဗ္ဗတ" ဇာတ်ကြောင်းဥပမာ ပြလျက် ဟောကြားထားသည်။  <Dhammadownload 015>
နူးညံ့သော၊ သိမ်မွေ့ သော၊ အားကြီးသော / ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)ကန်ကြီးထောင့်၊  
Jan 22, 2009.
ဓမ္မသည် နူးညံ့ သိမ်မွေ့ ကြောင်း၊ ဘာသာတရား ကိုင်းရှိုင်းသူများသည် မိမိတို့  နည်းတူ
ဖြစ်စေရန် တစ်ပါးသူများအား တိုက်တွန်းကြပုံကို "သုဝဏ္ဏမိဂဇာတက" နမူနာပြလျက်
ဟောကြားထားပြီး သာသနာ၏ မှတ်တိုင်လေးရပ်ကိုလည်း ညွှန်ပြ ထားသည်။ 
ပကတိမြွေနှင့် တိုက်မြွေဥပမာပြ အလုပ်ပေးတရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
မဂ္ဂင်ငါးပါးဖြင့် ခန္ဓာဥာဏ်ရောက် မပြတ်မလပ် စောင့်၍ရှုကြည့်လျှင် ခန္ဓာက အနိစ္စကို ဖေၞပြ 
မည့်အကြောင်း ရှင်းလင်းဟောကြားထားသည်။ <Dhammadownload အလုပ်ပေး (): 03>
မှာတမ်းတော် / ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ Aug 12, 2006.
သာသနာနှင့် တွေ့ ကြုံရခြင်း၏ တန်ဖိုး၊ ပဋိစ္စသမုပ္ပါဒ်တရား၊ တဏှာနှင့်ဝေဒနာ အဆက်
အစပ်ကို ဥာဏ်ဖြင့်ဖြတ်တောက်ပစ်ရန် စသည်တို့ ကို ဟောကြားထားသည်။  
ဝိပဿနာယောဂီ လေးမျိုးတရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်)အမရပူရ၊ Oct 11, 1957.
ဝိပဿနာယောဂီ အမျိုးအစား ခွဲခြားပြခြင်း၊ ယခုဘ၀တွင် နိဗ္ဗာန်ကို မြင်နိုင်သူများ နှင့် ၀ိပဿနာကျင့်စဉ်တို့ ကို ဟောကြားထားသည်။ <Dhammadownload Mp3 Disc 03: 11>
အတ္တခြောက်မျိုး တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) ရန်ကုန်၊ Aug 27, 2001.
အတ္တ၏အဓိပ္ပါယ်နှင့် ခြောက်မျိုးသော အတ္တတို့ ကို ပြည့်စုံစွာ ရှင်းလင်းဟောကြားထားသည်။ <Dhammadownload Mp3 Disc 03: 03>
အတ္တဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)ရန်ကုန်၊ 
[ခုနှစ်မရှိ]
သတိပဋ္ဌာန် ကျင့်ကြံအားထုတ်ခြင်း၏ အကျိုးတရားများ၊ ကိလေသာဆယ်ပါး၊ အတ္တဒိဋ္ဌိနှင့်
သက္ကာယဒိဋ္ဌိ ပယ်သတ်ခြင်း စသည်တို့ ကို ဟောကြားထားသည်။<Dhammadownload Mp3  Disc 03: 04>


Posted by  ဉာဏ်ဦး၊ အေးဆက်

Saturday, February 26, 2011

ထေရဝါဒ ဓမ္မ အသံစု (၉)

ကမ္ဘာအစ နှင့် သတ္တ၀ါအစ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) လားရှိုး၊ ၁၃၅၈။
ကမ္ဘာနှင့် သတ္တ၀ါတို့ ၏အစဦး၊ အ၀ိဇ္ဇာလေးမျိုး၊ ချမ်းသာ()ပါး တို့ နှင့်တကွ တရားနာ
ခြင်း နှင့် ၀ိပဿနာ ပွါးများအားထုတ်ခြင်းတို့ အရေးကြီး ကြောင်းကိုလည်းဟောကြား 
ထားသည်။ <Dhammadownload Mp3 Disc 03: 02>
စားကြွင်းစား / ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)အင်းစိန်၊ ဇန္နဝါရီ ၉၊ ၂၀၀၉။
သီလ၏ အရေးကြီးပုံကို ရှင်းလင်းထားသည်။ ထို့ ပြင်၊ လူကောင်းနှင့် လူမိုက်တို့ ၏
ခြားနား ချက်ကို အာဇာနည်မြင်းနှင့် မြည်း ၅၀၀ စီတို့ ၏ အကြောင်းဥပမာဖြင့် ဟော
ကြားထား သည်။ <Dhammadownload 504>
တရားကျင့်တဲ့ ရည် ရွယ်ချက်အမှန် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဧပြီ  
၂၀၀၆။
တရားကျင့်ကြံ အားထုတ်ရာတွင် ရှောင်ကြဉ်ရမည့် မှားယွင်းသော ရည် ရွယ်ချက်နှင့်
ထားရှိ ရမည့် ရည်ရွယ်ချက်အမှန်ကို ရှင်းလင်းညွှန်ပြ ဟောကြားထားသည်။ 
ပုထုဇဉ် သဘာဝ / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဧပြီ ၂၀၀၆။
လူပုဂ္ဂိုလ် နှစ်မျိုး--အရိယာနှင့် ပုထုဇဉ်၊ ပုထုဇဉ် တို့ ၏သဘာဝ၊ အရိယာပုဂ္ဂိုလ် ဖြစ် 
ရခြင်း၏ အကျိုးတရားများနှင့် သေဆုံးပြီးနောက် ရောက်ရှိရမည့် နေရာဋ္ဌာနငါးခု 
စသည်တိုႛကို စုံလင်စွာ ဟောကြားထားသည်။ <Dhammadownload 014>
ရှု၊ တည်၊ သိ၊ မငြိ၊ ဆင်းရဲငြိမ်း တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) 
ရန်ကုန်၊ [ခုနှစ်မရှိ]
ဝိပဿနာ ကျင့်ကြံအားထုတ်ခြင်းဖြင့် ရုပ်နှင့်နာမ် တရားတို့ ၏ သဘာဝကို အရှိ 
အတိုင်း သိရှိစေခြင်း၊ လုပ်သားမဂ္ဂင်ငါးပါးနှင့် စောင့်ထိန်းမဂ္ဂင် သုံးပါးတို့ ၏ ရှင်းလင်း 
ချက်တို့ အပြင် မဂ်ဥာဏ်၊ ဖိုလ်ဥဏ်နှင့် အရိယာသစ္စာ စသည်တို့ ကိုလည်း ဟောကြား 
ထားသည်။ <Dhammadownload Mp3 Disc 01: 04>
ဝိပဿနာအစ မတွေ့ တဲ့စိတ်က စရပုံ အလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်) 
[ခုနှစ်မရှိ]
ဝိပဿနာတရား ကျင့်ကြံအားထုတ်ရာတွင် မတွေ့ ရှိသောစိတ်မှစ၍ ရှု မှတ်ရပုံကို ရှင်းလင်း ဟောကြားထားသည်။ <Dhammadownload အလုပ်ပေး(): 01>
သင်္ခါရနှင့် သင်္ခတ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)ရန်ကုန်၊  
[ခုနှစ်မရှိ]
ဝိပဿနာ၊ သင်္ခါရ၊ သင်္ခတနှင့် အသင်္ခတတို့ ကို ပြည့်စုံစွာ ရှင်းလင်းဟောကြားထား 
အလှည့် / ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ဇန္နဝါရီ ၁၊ ၂၀၀၉။
ကမ္မဘ၀ ဖြစ်ပေါ်လာပုံနှင့် မိမိပြုလုပ်ခဲ့သည့်အတိုင်း ပြန်လည်၍ အကျိုးခံစား ရမည့် အကြောင်းဟောကြားထားသည်။ ထို့ ပြင်၊ ကောင်းစေရန်အတွက် ကောင်းသောအမှု 
များကို အစဉ်အမြဲ ပြုလုပ်ကြရန် "ခုဇ္ဇုတရာ" ဇာတ်ကြောင်းဥပမာပြလျက် တိုက်တွန်း 
မိန့် ကြားထားသည်။ <Dhammadownload 495>
အတ္တပြုတ်အောင် ရှု ပွါးနည်း အလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်)[ခုနှစ်မရှိ]
သုညတဆိုက်သည်ထိ ကျင့်ကြံအားထုတ်ပြီး အတ္တဖြုတ်ရန် ရှင်းလင်းဟောကြားထား 
အိပ်ခြင်း နိုးခြင်း / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) စစ်ကိုင်း၊ ၁၃၅၇။
ဣနြေ္ဒငါးပါးနှင့် နီဝရဏတရားငါးပါးတိုႛကို ပြည့်စုံစွာ ရှင်းလင်းထားပြီး ဓမ္မာနုပဿနာ 
သတိပဋ္ဌာန်က နိဗ္ဗာန်ကို မည်သို့  မျက်မှောက်ပြုနိုင်စေကြောင်းကိုလည်းဟာ ကြား 
ထားသည်။ <Dhammadownload Mp3 Disc 03: 01>

Posted by ဉာဏ်ဦး၊ အေးဆက်


Saturday, February 19, 2011

ထေရဝါဒ ဓမ္မ အသံစု (၈)

ကြွက်လေးမျိုး ဥပမာပြအလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်)[ခုနှစ်မရှိ]
ဝိပဿနာ ကျင့်စဉ်ကို ကြွက်လေးမျိုး၊ ဆန္နမထေရ် စသည့် ဥပမာများဖြင့် ဟောကြား
ချမ်းသာလေးပါး တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)ရန်ကုန်၊ စက်တင်ဘာ 
၁၂၊ ၁၉၉၉။
သပ္ပုရိသဒါန ပြုလုပ်ပုံ၊ ချမ်းသာလေးမျိုးနှင့် အကောင်းဆုံး ချမ်းသာ အနဝဇ္ဇ သုခ စသည့် 
အကြောင်း များအပြင် သာဝဇ္ဇဒုက္ခ၊ စိတ်ကိုထိန်းချုပ် နိုင်ခြင်း၏ အကျိုးနှင့် မထိန်းချုပ်
နိုင်ခြင်း၏ အပြစ်တို့ ကိုလည်း ဟောကြားထားသည်။ <Dhammadownload Mp3 Disc 03: 07>
ဓမ္မစကြ်ာတရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)ရန်ကုန်၊ [ခုနှစ်မရှိ]
သစ္စာလေးပါးနှင့် တကွ ၀ိပဿနာတရား အားထုတ်ခြင်း၏ အစ အလယ် အဆုံး တိုႛကို ရှင်းလင်း ဟောကြားထားသည်။ <Dhammadownload Mp3 Disc 03: 08>
ဘူမိဇသုတ် / ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဩဂုတ် ၉၊ ၂၀၀၆။
ဥပါဒါန် လေးမျိုးနှင့် ၄င်းတို့ ၏ သဘောသဘာဝ ကိုသာမက ယောနိသော မနသိ ကာရ နှလုံး သွင်းမှန်စွာဖြင့် ၀ိပဿနာတရား ကျင့်ကြံ အားထုတ်ကြရန် လည်း ဘူမိဇသုတ္တန် ကို ညွှန်းဆို ဟောကြားထားသည်။ <Dhammadownload 037>
မြေအိုးပမာ ဤခန္ဓာ / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဧပြီ ၁၊ ၂၀၀၆။
မိမိခန္ဓာ မပျက်စီးမီ ၀ိပဿနာတရား အားထုတ်ကြရန်၊ ခန္ဓာ၏ ပျက်စီးတတ် သာ သဘော
တရား၊ မိမိ၏ စိတ်ကိုကာကွယ် စောင့်ရှောက်ပုံ၊ ပညာဖြင့် ကိလေသာကို ဖယ်ရှားပုံ၊ ၀ိပဿနာ
တရား အားထုတ်စဉ် ကိလေသာကို ထပ်မံ ၍ လက်ခံခြင်း မပြုဘဲ ရရှိထားသော ပညာနှင့် 
ချမ်းသာကို ထိန်းသိမ်းထားရန် စသည်ဖြင့် စုံလင်စွာ တိုက်တွန်းညွှန်ပြ ဟောကြားထားသည်။ <Dhammadownload 009>
ယုတ်မြတ်သံသရာလှည့်လည်ရှာ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ကျောက်မဲ၊ ၁၃၅၈။
ကံအပေါ်ကိုလိုက်၍ ဇာတိအမျိုးမျိုး ရှိကြောင်း၊ ၀ိပဿနာ အားထုတ်ခြင်း၏ အကျိုး စသည် 
တိုႛကို ရှင်း လင်းပြထားပြီး ကံနှင့် ၀ိပါက်တို့ ၏ အပြန်အလှန် အကျိုးသက် ရောက်ပုံကို ရဇ္ဇု
မာလ ဇာတ် ကြာင်း ဥပမာပြလျက် ဟောကြား ထားသည်။ <Dhammadownload Mp3 Disc 02: 08>
ဝေဒနာ()ပါးကို ငါးမျှားချိတ် ဥပမာပြတရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ 
စက်တင်ဘာ ၈၊ ၁၉၅၅။
ဒုက္ခဝေဒနာ သုခဝေဒနာ ဥပေက္ခာဝေဒနာတို့ သည် သေမင်းအသွင် ပြုမူနေကြာင်းကို ငါးမျှား
ချိပ်တွင် ငါးမိပုံနှင့် နှိုင်းယှဉ် ဟောကြားထား ပြီး ဝေဒနာ နုပဿနာကျင့်စဉ် ကိုလည်းညွှန်ပြ
ထားသည်<Dhammadownload Mp3 Disc 02: 03>
ဝဋ်ကျွတ်လေမှ နိဗ္ဗာန်ရ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရေတာရှည်၊ ၁၃၅၉။
ဝဋ်နှင့်စပ်လျဉ်း၍ အတိတ် ပစ္စုပ္ပန် အနာဂတ်ဆိုင်ရာ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂ ရပ် ကို ဟောကြား 
ထားသည်။ ထို့  ပြင်၊ ၀ိပဿနာနှင့် လောကုတ္တရာမဂ်၊ ၀ဋ်မှကင်းလွတ်၍ နိဗ္ဗာန်ရောက်ကြောင်း ၀ိပဿနာတရား ကျင့်ကြံ အားထုတ်ကြရန်ကိုလည်း လမ်းညွှန် ဟောကြားထားသည်။  
သောတာ နုဂတသုတ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဩဂုတ် ၃၊ ၂၀၀၆။
ဗုဒ္ဓ ၏ ပရိဿတ် လေးမျိုးနှင့် တရားနာခြင်း အားဖြင့် ရရှိသော အကျိုးကျေးဇူးများ ကို သောတာနုဂတသုတ္တန်ကို ကိုးကားဟောကြားထားသည်။ 
ပၝယ်တံခါးပိတ် / ဒေါက်တာ အရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မတ် ၇၊ ၂၀၀၆။
သက္ကာယဒိဋ္ဌိ၊ပရမတ္ထ၊ပညတ်နှင့်ဝိပဿနာတို့ ကိုရှင်းလင်းဟောကြားထားပြီးပညတ်ငါးမျိုး   
နှင့်သက္ကာယဒိဋ္ဌိ ဖြစ်စေရန် ယင်းပညတ်များက လုပ်ဆောင် ကြပုံကို လည်းကောင်း၊ 
အပါယ်ဘေးမှ လွတ်ရာလွတ်ကြောင်း သက္ကာယဒိဋ္ဌိ ဖယ်ရှားခြင်း နည်းလမ်းကောင်းကို လည်းကောင်းထည့်သွင်း ဟောကြားထား သည်။ <Dhammadownload 006>

Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, February 12, 2011

ဩဝါဒပါတိမောက္ခဒေသနာ သုံးဂါထာ

 
ဘုရားရှင်တိုင်း၏ အဆုံးအမတော်သည် ဘုရားရှင်၏ ဝိနည်းတော်များနှင့်အညီရဟန်းပြုထားကြသော 
တပည့်သာဝက ရဟန်းတော်များ၏ တာဝန်ဝတ္တရားများနှင့် သက်ဆိုင် သည်။ သိုႛသော်လည်း ဤအကျင့် 
တရားများသည် သာမန်ပုထုဇဉ် များအတွက်လည်း အသုံးကျလှ၏။ လူတိုင်းလူတိုင်း ဤအကျင့်တရား
များကို ရယူကျင့်သုံး၍ မိမိတိုႛ ကိုယ်တိုင် ကောင်းမွန်လာအောင် လေ့ကျင့်ယူနိုင်ပါသည်။

အခါတစ်ပါး အရှင်အာနန္ဒာမထေရ်မြတ်က တပည့်သာဝကများအတွက် ရှေးဘုရားရှင်များပြတော်မူ
ခဲ့သော အခြေခံစည်းကမ်းများသည် မြတ်စွာဘုရားကိုယ်တော်တိုင်၏ အဆုံးအမများနှင့် ထပ်တူ
ထပ်မျှတူပါ၏လောဟု မြတ်စွာဘုရားကိုမေးလျှောက်လေ၏။ ထိုအခါ မြတ်စွာဘုရားက အားလုံးသော 
ဘုရားရှင်များ  ဟောကြား တော်မူခဲ့သော အဆုံးအမစည်းကမ်းများသည် အောက်ပါဂါထာတွင်ပြ
သည့်အတိုင်း အတူတူပင်ဖြစ်လေသည်ဟု မိန်ႚတော်မူလေ၏။

ခန္တီပရမံ တပေါတိတိက္ခာ၊ 
နိဗ္ဗာနံပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိပဗ္ဗဇိတော ပရူပ ဃာတီ၊
န သမဏောဟောတိ၊
ပရံဝိဟေ ဌယန္တော။
တိတိက္ခာ-တိတိက္ခာဟုဆိုအပ်သော၊ ခန္တီ-သူတစ်ပါးတိုႛ ပြစ်မှားစော်ကား စွပ်စွဲခြင်း နှင့် အချမ်းအပူ 
စသည်ကို မျက်နှာမနွမ်း မညှိုးပန်းအောင် ခံနိုင်စွမ်းရှိခြင်းသည်၊ ပရမံ-မွန်မြတ်စွာသော၊ တပေါ-
သူတော်ကောင်းတိုႛ အကျင့် ပေတည်း။ နိဗ္ဗာနံ-တဏှာမှ လွတ်မြောက်ရာနိဗ္ဗာန်တရားကို၊ ပရမံ-အမြတ်
ဆုံးဟူ၍၊ ဗုဒ္ဓါ-ဘုရားအဆူဆူတိုႛသည်၊ ဝဒန္တိ-ဟောတော်မူကုန်၏။ ပရူပဃာတီ-တစ်ပါးသောသတ္တဝါကို သတ်ဖြတ်လေႛရှိသူသည်၊ ပဗ္ဗဇိတော-ရဟန်း သူမြတ်သည်၊ နဟောတိ-မဖြစ်နိုင်။ ပရံ-တစ်ပါးသူကို၊ 
ဝိဟေဌယန္တော-ညှဉ်းဆဲနှိပ်စက်သော သူသည်၊ သမဏော-ကိလေခပ်သိမ်းကို ငြိမ်းအေးစေတတ်
ရဟန်းမြတ်သည်၊ နဟောတိ-မဖြစ်နိုင်ပါပေ။

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယော ဒပနံ၊
ဧတံ ဗုဒ္ဓါန သာသနံ။
သဗ္ဗပါပဿ-အပြစ်ရှိငြား ခပ်သိမ်းသော မကောင်းမှုများကို၊ အကရဏံ-မပြုမလုပ်ရခြင်းလည်းကောင်း၊ 
ကုသလဿ-အပြစ်ကင်းငြားကောင်းမှုများကို၊ ဥပသမ္ပဒါ-ပြည့်စုံ အောင် စုဆောင်းရခြင်းလည်းကောင်း၊ သစိတ္တပရိယောဒပနံ-မိမိစိတ်ကိုအညစ်အကြေး သုတ်သင်သန်ႛရှင်းအောင် ပြုပြင်ရခြင်းလည်းကောင်း၊ ဧတံ-မကောင်းမှုကင်းကောင်းမှုသွင်း၍ စိတ်ရင်းစင်ရိုး ဤသုံးမျိုးသည်၊ ဗုဒ္ဓါနံ-အဆူဆူသော ဘုရားရှင်
တိုႛ၏၊ သာသနံ-အဆုံးအမဩဝါဒပေတည်း။

အနုပဝါဒေါ အနုပဃာတော၊
ပါတိမောက္ခေ စ သံဝရော၊
မတ္တညုတာ စ ဘတ္တသမိံ၊
ပန္တဉ္စ သယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ၊
ဧတံ ဗုဒ္ဓါန သာသနံ။
အနုပဝါဒေါ-သူတစ်ပါးတိုႛကို မစွပ်စွဲရခြင်းလည်းကောင်း၊ အနုပဃာတော-သူတစ်ပါးတိုႛကို မညှဉ်းဆဲ မနှိပ်စက်ရခြင်းလည်းကောင်း၊ ပါတိမောက္ခေ-ပါတိမောက္ခ သံဝရသီလနှင့် ဣန္ဒြိယ သံဝရသီလ(၂)ပါး၌၊ 
သံဝရောစ-ထိန်းသိမ်းစောင့်ရှောက်ရခြင်းလည်းကောင်း၊ ဘတ္တသ္မိံ-ဆွမ်းခဲဖွယ်ဘောဇဉ်၌၊ မတ္တညုတာ-
ခံယူမှု သုံးဆောင်မှု ဤနှစ်ခုဝယ် အတိုင်းအရှည်ကို သိရခြင်းလည်းကောင်း၊ ပန္တဉ္စ သယနာသနံ-လူနှင့် 
ဝေးကွာ အစွန်အဖျားကျရာ ဆိတ်ငြိမ်ရာကျောင်း၌ ကိန်းအောင်းမွေႛလျော်ရခြင်း လည်းကောင်း၊ 
အဓိစိတ္တေ-သာမန်စိတ်ထက်လွန်ကဲသော သမာဓိစိတ်၌၊ အာယောဂေါ- အမြဲကြိုးကုတ်အားထုတ်ရခြင်း
လည်းကောင်း၊ ဧတံ-ဤအကျင့်တရား ၆ ပါးသည်၊ ဗုဒ္ဓါနံ-အဆူဆူသော ဘုရားရှင်တိုႛ၏၊ သာသနံ-အဆုံးအမဩဝါဒပေတည်း။

Posted by ဉာဏ်ဦး